Skip to main content

ပေါက်ပေါက်ရှာရှာ

ဆရာ မြန်မာစကားမှာ

ကြည့်ကြက်လုပ်ကြ

မြည်းမြက်ကြည့်အုံး

အိပ်ရာလေးဘာလေး

ပြင်ပြက်ပေးအုံး

စတဲ့စကားတွေမှာ

ကြည့်ကြက်

မြည်းမြက်

ပြင်ပြက် စတဲ့အသုံးတွေဟာ

ဘယ်လိုဖြစ်လာပါသလဲ။

ဘယ်လိုခေါ်ပါသလဲ ဆရာ။

မရေးဖြစ်သေးပါ။ သိတဲ့သူတွေက ရေးထားကြတယ်။ အဆင်သင်တဲ့အခါ တင်ပြပါမယ်။

DrZaw Min

ကတိမ်းကပါး

ကတိုက်ကရိုက်လာ

ကတုံးကတိုက်လုပ်

ကတောက်ကဆတ်ဖြစ်

ကမကထပြု

ကမန်းကတန်းကြီး

ကမောက်ကမ

ကလိမ်ကကျစ်

ကလေးကလားတွေ

ကလေကချေ

ကလေကလွင့်

ကလေကဝ

ကသောင်းကနင်း

ကိစ္စဝိစ္စ

ဂျီလေးဂျာလေး

စကောစက

စတိုင်မလိုင်

စရိတ်စက

ဆိုတာတွေလိုပေါ့။

ဆီကလေးပျားကလေး

ညစ်တီးညစ်ပတ်တွေ

တောက်တီးတောက်တဲ့တွေ

ဒလျှိုဒလန်

ဒွတ်ဒက်ရွှတ်ရှက်

ပြက်တီးပြက်ချော်မလုပ်နဲ့

ပလုပ်ပလောင်း

ပလူးပလဲ

ဖလောင်းဖလဲ

ရူးကြောင်မူးကြောင်

လုပ်ငန်းကိုင်ငန်း

အကြမ်းပတမ်း

အရူးအမူး

ဘုဏ္း သီရိ

ကားမောင်းလာတာ ရဲ က တားပြီး ယာဥ်မောင်းလိုင်စင် စစ်တာ သက်တမ်းက ကျော်နေတော့ အဲ့ဒါ ရဲနဲ့ ကြည့်ကြက်လုပ်လိုက်တယ်။ (စကားပြော)

မနေ့က ချက်ထားတဲ့ ဟင်းတွေ မြည်းမြက်ကြည့်ဦး သိုးနေဦးမယ်။

(စကားပြော)

ဧည်သည်က ညအိပ်မှာတဲ့ အိပ်ရာလေးဘာလေး ပြင်ပြက် ပေးလိုက်ဦး။ (စကားပြော)

ပိုက်ဆံအိတ် က ဘယ်နား ထားမိလို့လဲ ခေါင်းအုံးအောက်တို့ ဖျာ အောက်တို့လည်း ရှာရှက် ကြည့်ပါဦး။ (စကားပြော)

စစ်ကိုင်းဘက် သွားမယ်ဆိုရင် လမ်းခရီး အခြေအနေလေး ဘာလေး မေးမက် ပြီးမှ သွား။ (စကားပြော)

ကျွန်တော် ထင်တာတော့ စကားပြော ကနေ လာတာလို့ဘဲ ထင်ပါတယ်။ ဥပမာ။ ခင်ဗျားကို ရဲတိုင်မယ် " တိုင် ဗရိုင် ကွာ" ခင်ဗျား ကို တရားစွဲမယ် " စွဲ ဗရဲ ကွာ" အဲ့ဒီလိုမျိုး စကားဆက်ပြော နည်းကားလို့ ထင်ပါတယ်။

ကားမောင်းလာတာ ရဲ က တားပြီး ယာဥ်မောင်းလိုင်စင် စစ်တာ သက်တမ်းက ကျော်နေတော့ အဲ့ဒါ ရဲနဲ့ ကြည့်ကြက်လုပ်လိုက်တယ်။ (စကားပြော)

မနေ့က ချက်ထားတဲ့ ဟင်းတွေ မြည်းမြက်ကြည့်ဦး သိုးနေဦးမယ်။

(စကားပြော)

ဧည့်သည်က ညအိပ်မှာတဲ့ အိပ်ရာလေးဘာလေး ပြင်ပြက် ပေးလိုက်ဦး။ (စကားပြော)

ပိုက်ဆံအိတ် က ဘယ်နား ထားမိလို့လဲ ခေါင်းအုံးအောက်တို့ ဖျာ အောက်တို့လည်း ရှာရှက် ကြည့်ပါဦး။ (စကားပြော)

စစ်ကိုင်းဘက် သွားမယ်ဆိုရင် လမ်းခရီး အခြေအနေလေး ဘာလေး မေးမက် ပြီးမှ သွား။ (စကားပြော)

ကျွန်တော် ထင်တာတော့ စကားပြော ကနေ လာတာလို့ဘဲ ထင်ပါတယ်။ ဥပမာ။ ခင်ဗျားကို ရဲတိုင်မယ် " တိုင် ဗရိုင် ကွာ" ခင်ဗျား ကို တရားစွဲမယ် " စွဲ ဗရဲ ကွာ" အဲ့ဒီလိုမျိုး စကားဆက်ပြော နည်းကားလို့ ထင်ပါတယ်။

Min Kyi

ပေါက်ပေါက်ရှာရှာ၊ ကပ်သီးကပ်သပ်မေးတယ်နော်ဆရာ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ