‘စက်’ နဲ့ ‘ဆက်’ မှားရေးတာတခု တွေ့လိုက်တယ်။
ကင်ဆာစာတွေဖြစ်ဖြစ်၊ ဒုက္ခနဲ့ ပြေးလွှားနေရကြောင်းစာတွေကိုဖြစ်ဖြစ် သတ်ပုံပြင်ရတာ အင်မတန် အားနာစရာကောင်းတယ်။ ယဉ်ကျေးမှုလည်း မဟုတ်လို့ အဲလိုပို့စ်တွေအောက်မှာတော့ မပြင်ပါ။
ပို့စ်မှာ ယူသုံးရင်တော့ ပြင်တယ်။ ဆောရီး။
ကင်ဆာနေရာတွေမှာတော့ ‘ဖြစ်’ ကို ‘ဖစ်’၊ ‘တွေ’ ကို ‘တေ’၊ ‘မှာ’ ကို ‘မာ’၊ ‘ရ’ ကို ‘က’၊ ‘ညီမ’ ကို ‘ညမ’၊ ‘ကျယ်မ’ စသဖြင့် ရေးတာတွေကိုတော့ ပြင်ပေးချင်တာ အတော်ကို လက်ယားတယ်။
ပို့စ်မှာ ယူသုံးရင်တော့ ပြင်တယ်။ ဆောရီး။
သတ်ပုံစာတင်ရင် ‘တ’ နဲ့ ‘တစ်’ လို့သာ စွပ်စွဲကြတယ်။ စွပ်စွဲသူတွေက ‘ဖတ်’ နဲ့ ‘ဖက်’၊ ‘တတ်’ နဲ့ ‘တက်’ ကို မသိကြသူတွေ။
ရက်စက်သူတွေ ကျဆုံးပါစေ။ မြန်မာစာကင်ဆာ ကျဆုံးပါစေ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment