Skip to main content

Posts

Showing posts from September, 2026

ဘုန်းကြီးမျိုး

ကျွန်တော်က ဘုန်းကြီးမျိုး။ မိဘ ဘိုးဘွားတွေက တောရွာကလေးတရွာမှာ နေထိုင်ကြတယ်။ တောရွာမှာ ယောက်ျားလေးတိုင်းက အရွယ်ရောက်လာတာနဲ့ ရှင်ပြုပြီး ကိုရင်ဝတ်ကြရတယ်။ အဖေရဲ့ မိဘတွေဟာ ပုလိပ်ရောဂါကပ်ဆိုးကြီးထဲ ပါသွားကြသတဲ့။ အသက် ၁၆ နှစ်သာ ရှိသေးတဲ့အဖေက အိမ်ထောင်ဦးစီးလုပ်ရတယ်။ ညီသုံးယောက်လုံး သင်္ကန်းဆက်ဝတ်ကြပြီး ရဟန်းဖြစ်လာကြတယ်။ ရွာကျောင်းဆရာတော်က ကိုရင်နဲ့ ရဟန်းငယ်တွေကို မုံရွာသွား စာသင်ကြစေတယ်။ အဲဒီခေတ်မှာ ပညာရည်ကောင်းသူကို 'ဉာဏ်ကောင်းတယ်' လို့ သတ်မှတ် ပြောဆိုကြပါတယ်။ ဦးလေးတွေအားလုံးလည်း ဉာဏ်ကောင်းတဲ့ စာရင်းထဲမှာ ပါတယ်။ တဝမ်းကွဲတပါးလည်း ပါသေးတယ်။ ဦးလေးတွေအကုန် ဓမ္မာစရိယပြီးကြတယ်။ စာချကြတယ်။ အဖေ့ညီ အကြီးဆုံးကတော့ ဓမ္မာစရိယပြီးတဲ့နောက် လူဝတ်လဲပါတယ်။ အိမ်ထောင်ကျတယ်။ ကျွန်တော်က ဦးလေးဆီမှာ နွေရာသီတိုင်း စာလိုက်သင်ရတယ်။ အင်္ဂလိပ်စာ။ ဦးလေးက ဘယ်အချိန်မှာ အင်္ဂလိပ်စာ တတ်သလဲမသိပါ။ နောက်တော့ အလွတ်ပညာသင်ကျောင်းမှာ မြန်မာစာဆရာ ဖြစ်လာပြန်ပါတယ်။ ဦးလေး အငယ်နှစ်ပါးကတော့ မုံရွာကနေ မန္တလေး။ ဘုရားကြီးတိုက်၊ ပုခန်းကျောင်းအိုကြီးမှာ သီတင်းသုံးပြီး သကျသီဟ ဖြေဆိုကြလို့ ၂ ပါး အောင်တယ်။  ယနေ့ ပရိယတ္တိစာမေးပွဲတွေမှာ တ...

"မျှော်လင့်ချက်"

မိုးဦးကျ၍ တောက စိမ်းစို၊ မြက် ပန်းညိုနှင့် ပင်ပျို တောစိုး၊ အိပ်ရာ နိုးပေါ့ ရိုးပေါက်ကန်သင်း၊ ရေဖြည့်သွင်းလျက် မြေသင်းကို ဆွ၊ ထွန် ထယ်ရလည်း ကာလ ရှုပ်ထွေး၊ စိတ် မနွေးသည် ပြည်ရေး နောင်နှစ် ရှင်းလေမလား။ ။ မိခင်မြေကြီး၊ ရွှေဝါသီး၍ ခိုင်ဖြီးလုံလောက်၊ တောင်လိုမောက်လည်း ရှေ့နောက် လွန်ဆွဲ၊ ကမ္ဘာ့ပွဲဝယ် မွဲသည့်ဗမာ၊ ပင်မြေဇာမို့ ရွာစီးပွားရေး၊ ငိုက် ပျော့ မှေးသည် ဆန်ဈေး နောင်နှစ် သင်းလေမလား။ ။ (ဗန်းမော် ညိုနွဲ့) #ရှေးစာကဗျာများ  (ပြည်ရေး နောင်နှစ် ရှင်းလေမလား၊ ဆန်ဈေး နောင်နှစ် သင်းလေမလား) ဒေါက်တာတင့်ဆွေ

ပန်းလက်ဆောင်

  ‘ငါ၏ဦးခေါင်းသည် သွေးသံတို့ဖြင့် ခြင်းခြင်းနီသော်လည်း ငါမညွတ်’ ဟူ၍လည်းအဆိုရှိသည်။ ဤအဆိုသည် ယခုစကားပုံ၏မှန်ကန်မှုကိုပြသော သစ္စာပြဒါးတိုင်ပင်တည်း။  ‘ငုပ်မိသဲတိုင် တက်နိုင်ဖျားရောက် ’ဟူသောစကားစဉ်လာကလည်း ဇွဲသတ္တိကိုကူပံ့ပြန်သည်။ မည်သည့်ကိစ္စကိုမဆို စွဲစွဲမြဲမြဲလုပ်ဆောင်က အောင်မြင်ရမည်။  ‘ယောက်ျားတံခွန် လူရည်ချွန်’ ပီပီ ‘ကျားကိုခလုတ်၊ သစ်ငုပ်ကိုသင်ဖြူး၊ ဆူးကိုမွေ့ရာ’ ပြုကာ အခက်အခဲတို့ကို ရင်ဆိုင်ရမည်။ ညည်းညူခြင်းမရှိ၊ ဝီရိယသန်သန် ခြေလှမ်းမှန်မှန်ကြိုးစားပါမူ အောင်မြင်ခြင်းသည် လက်ဝယ်ရောက်ရှိလာနိုင်မည်။ အောင်ပန်းဟူသည် လှမ်းမမှီသူ မရှိ၊ မလှမ်းသူသာ မလှမ်းသူ သာရှိသည်။  ‘တဆင့်တက်သော်၊ တတောင်ကျော်၊  တမှော်ရုံတိုး၊ တခြုံလျှိုး၍  တမိုးသောက်လျှင်၊ တနေဝင်၊  တပင်မြိုင်ကြီး၊ ဂနိုင်ဆီး’ သည်ပင်ဖြစ်စေ သက်စွန့်ဆံဖျား စွန့်စားဝံရဲ လုံ့လဇွဲဖြင့်အားခဲကြရမည် ‘ယောက်ျားတို့လုုံ့လ သေခါမှလျော့’ ရိုးထုံးစံရှိသည်။  အခက်အခဲတည်းဟူသော တောင်ကြီးသည် မည်မျှပင်ကြီးသည်မှန်စေ လုံ့တံခွန်လွှင့်ထူသူ၏ ဖဝါးအောက် ရောက်စမြဲဖြစ်သည်။  ဘေးရန်အသွယ်သွယ် အန္တရာယ်အဝတည်းဟူသော ရေလှိုင်းတို့သည် မည်...

ဘက် နှင့် ဖက် ဋီကာ

ဘက် — န /ဘက်/ ၁။ အရပ်မျက်နှာ၊ လားရာ (မြောက်ဘက်၊ အနောက်ဘက် စသည်ဖြင့် သုံးသည်)။ ၂။ တခုတည်း၊ သို့မဟုတ် တစုံတခု၏ ရပ်တည်ရာပိုင်းအခြား။ ၃။ ခွဲခြားသော ပိုင်းအခြား (အများအားဖြင့် ၂ ပိုင်း) ကို ရေတွက်ရာတွင် သုံးသည့် စကားလုံး (ခြေတဘက်၊ မြှားကမ်းတဘက်၊ ဖိနပ်တဘက် စသည်ဖြင့် သုံးသည်)။  ဘက်ကန် — ကြိ /ဘက်ကန်/ ၁။ အချင်းချင်းပြွန်၍ ဆန့်ကျင်သည်၊ ကဏ္ဍကော စပြုသည်။ ၂။ နောက်ဘက်သို့ ပြန်၍ ရိုက်နှက်သည်။  ဘက်စုံ — န /ဘက်စုံ/ / ဘက်စုံ / အဘက်ဘက်မှ ပြည့်စုံ သော။ — ကြိ /ဘက်စုံ/ ပညာရပ်အဘက်ဘက်တွင် ကျွမ်းကျင်နှံ့စပ်သည်။  ဘက်ညီ — န /ဘက်ညီ/ / ဘက်ညီ / အသားအဘက်ဘက် ညီသော၊ လိုက်ဖက်သော။ — ကြိ /ဘက်ညီ/ အသားတခုနှင့်တခု အတိုင်းအတာ ညီသည်၊ လိုက်ဖက်ပြေလည်သည်။  ဘက်တော်သား — န /ဘက်တော်သား/ တခုတည်း၊ တဘက်ဘက်ကို သစ္စာရှိစွာ ကျွံနှံခစားတတ်သော စိတ်ချယုံကြည်ရသူ (တဘက်ဘက်သို့ အယူအဆ တိမ်းငိုက်လိုက်ပါသူ)။  ဘက်တန် — န /ဘက်တန်/ / ဘက်တံ / ရှု။  ဘက်တိုက် — ကြိ /ဘက်တိုက်/ ဖိဆန်ဆန့်ကျင်၍ နားပူနားဆာ ပြုသည်။ ဘက်ထရီအိုး — န /ဗက်ထရီအိုး/ လျှပ်စစ်ဓာတ်အား သိုလှောင်၍ စွမ်းအား ပြန်လည်ထုတ်ပေးသော၊ ဆက်သွယ်ထားသည့် အခန်းအနားပါ ဓာတ်လှေ...

ဦးလေး ဆရာတော်

ကျွန်တော့အဖေရဲ့ ညီအရင်း၊  မန္တလေး၊ ဘုရားကြီးတိုက်၊ အတုလကာရီ ဆင်မင်းကျောင်းဆရာတော် ကျန်းမာရေး မကောင်းတော့ပါ။ သက်တော် ၉၀။ Dhammabheri Ashin Viriya's Post ဆေးရုံထိ ကြွရောက်ကြည့်ရှုတော်မူကြတဲ့ ဆရာတော်များအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ဘုရား။ ၂၀၁၈ ခုနှစ်က အလည်ပြန်တော့ ဦးလေးဆရာတော်ကျောင်းမှာ ဆွမ်းကပ်ခဲ့တယ်။  မပြန်ခင် ဝင်နှုတ်ဆက် ကန်တော့တဲ့အခါ၊  ဆရာဝန်ကို ဆရာတော်က မိန့်မှာပါတယ် - "မောင်တင့်ဆွေ ကျန်းမာရေးသာ ဂရုစိုက်။ မကျန်းမာရင် ဘာမှ လုပ်မရဘူး" ဒီစာကို ဖတ်မိသူတွေ ကျန်းမာရေး ဂရုစိုက်နိုင်ကြစေသတည်း။ ဒေါက်တာတင့်ဆွေ

မှတပါး အခြားမရှိပြီ - မိုးမိုး (အင်လျား)

အခုတော့ ရှိသတဲ့။ ရှာကြည့်တော့ ၁၀ မိနစ်အတွင်းမှာ ၁၇ ခု တွေ့တယ်။ 1. မှ"တစ်"ပါး အခြားမရှိပြီ (အပိုင်း ၁၅) | Episode 15 2. ကျေးဇူးတော်မှ"တစ်"ပါး ေက်းဇူးေတာ္မွတစ္ပါး 3. မှ"တစ်"ပါး အခြားမရှိပြီ (အပိုင်း ၁၃) | Episode 13 4. မှ"တစ်"ပါး အခြားမရှိပြီ (အပိုင်း ၂) | Episode 2 5. မှ"တစ်"ပါးအခြားမရှိပြီ-အပိုင်း ၁၅ 6. မှ"တစ်"ပါးအခြားမရှိပြီ-အပိုင်း ၁ ... Pyone Play is Myanmar's 1st online TV video platform.  7. မှ"တစ်"ပါးအခြားမရှိပြီ 8. မှ"တစ်"ပါး အခြားမရှိပြီ (အပိုင်း ၁၄) | Episode 14 | Pyone Play | MRTV-4 ဇာတ်လမ်းတွဲ. Pyone  9. မှ"တစ်"ပါး — Definition + Wordle #379 Answer 10. Global · Wordle မြန်မာ/မော်ကွန်း/မှ"တစ်"ပါး. WORDLE မြန်မာ. မှ"တစ်"ပါး. တွင် ပါဝင်ခဲ့သည်.  11. ကျေးဇူးတော်မှတပါး 12. ဒီဘဝမှာ ကျေးဇူးတော်မှ"တစ်"ပါး. Gbm B E အခြားသောမင်္ဂလာ ကျွန်ုပ်၌မရှိပါ.  13. မှ"တစ်"ပါးအခြားမရှိပြီ 14. "မှ"တစ်"ပါးအခြားမရှိပြီ" မြ...

ယောက် နှင့် ရောင်

 ကျွန်မတူလေးအမည်က မောင့်။ အသက်က ၇နှစ်။ လွန်ခဲ့သော ၅ရက်က တူလေးသူငယ်ချင်းက လက်နဲ့ထိုးတာ မျက်စိစွန်နားထိသွားပါတယ်။ အိမ်ရောက်တော့ ယောက်ပြီး ပုံထဲက အတိုင်းနီသွားပါတယ်ဆရာ။ ဆေးခန်းပြတာ ဆရာမက စိတ်ပူစရာမလိုဘူးလို့ပြောပေမဲ့ တူလေးအမေက အရမ်းစိတ်ပူနေလို့ပါဆရာ။ မျက်စိထိပြီးနောက်ရက် အဖျားတက်ပြီး တကိုယ်လုံး ရေကြည်ဖုတွေထွက်နေလို့ပါဆရာ။ မျက်စိက စိတ်ပူရပါသလားဆရာ။ ဘာဆေးထည့်ရမလဲ ဆရာ။ မျက်စိစွန်နားထိသွားပါတယ်ဆိုတာ မရှင်းပါ။ မျက်စိ + နားကိုထိခိုက်သလိုဖြစ်နေတယ်။ မျက်စိစွန်ရောဂါလည်းရှိတယ်။ စာကိုရှင်းလင်းအောင်ရေးသင့်တယ်။ ပုံအရ မျက်စိအဖြူလွှာမှာဖြစ်တာ မစိုးရိမ်ရ။ Cipro, Gentamycin မျက်စဉ်း တခုခု ၄-၅ ရက်ခတ်နိုင်။ အရည်ကြည်ဖုဆိုတာ ဗိုင်းရပ်စ်တမျိုးမျိုးလို့ ထင်ရ။ အလိုလိုပျောက်နိုင်။ ပါရာစီတမောဆေးကို  ကလေးအသက်အရ တိုက်နိုင်။ ယောက်ပြီးလို့မရေးရ။ ရောင်ပြီးလို့ရေးရတယ်။  ယောက် ချည်ယောက်သည် ဂယောက်ဂယက် တယောက် နှစ်ယောက် ပန်းကန်ခွက်ယောက် ပုဆိုးကိုလည်မှာ ယောက်သည် ရက်ဖေါက်ယောက်သည် ယောက်ခမ ယောက်ချိုဇွန်း ယောက်ဖ (ဆွေးမျိုး) ယောက်ဖခွေးခေါ်ငှက် ယောက်မ (ဟင်းမွှေစရာ) ယောက်မ (ဆွေမျိုး) ယောက်ယက်ခပ်သည် ယောက်ယက်ဆံ ယောက်ယား...

လောကထိပ်ပန်ဂူဘုရား ကျောက်စာသတ်ပုံ

(ရေးထားတာ ၁၀ နှစ်တိတိက) ပို့စ်တခု = လောကထိပ်ပန်စေတီဟာ ပုဂံအာနန္ဒာဘုရား၏ အနောက်တောင်ဘက် ကတ္တရာလမ်း တောင်ဖက်မှာ ရှိပါတယ်။ လောကထိပ်ပန်ဂူဘုရား ကျောက်စာ ဤဂူဘုရားကို အေဒီ ၁၂ ရာစု အလောင်းစည်သူမင်းလက်ထက်တွင် တည်ထားသည်ဟု ခန့်မှန်းရပါသည်။ ဤဂူဘုရား၏ ထူးခြားချက်မှာ အခြားဘုရားများနှင့်မတူ တမူထူးခြားစွာ ဇာတ်ကြီးဆယ်ဘွဲ့ကို အကျယ်တဝင့်ရေးသား ခြယ်လှယ် ဖေါ်ပြထားပါသည်။ ဥပမာ ဝေဿန္တရာဇာတ်ကို အာရုံခံအရှေ့ဘက်နံရံတခုလုံး၌၎င်း၊ မဟော်သဓါဇာတ်ကို အာရုံခံ အနောက်ဘက်နံရံတခုလုံး၌၎င်း၊ ကဗျည်းမှင်စာများနှင့်တကွ နံရံပြည့်ရေးသားထားသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ တိုက်မ တောင်နံရံတွင် ဗုဒ္ဓဝင်ရှစ်ခန်းပုံနှင့် စွယ်တော်လေးဆူပုံတို့ကို ရေးဆွဲထားသည်ကို တွေ့ရှိနိုင်ပါသည်။ မြောက်ဘက် နံရံတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပုံများ ရေးဆွဲထားပါသည်။ ဤဘုရားအကြောင်း ဗိုလ်မှူးဘရှင်ရေးသားပြုစုသော စာအုပ်တအုပ်ရှိပါသည်။ အကျယ်တဝင့်ကို ၎င်းစာအုပ်တွင် လေ့လာဖတ်ရှုနိုင်ပါသည်။ မှတ်ချက် တမူထူးခြား အကျယ်တဝင့် နံရံတခုလုံး၌ စာအုပ်တအုပ် အရှေ့ဘက်နံရံတစ်ခုလုံး၌၎င်း မဟုတ်ပါ။ အနောက်ဘက်နံရံတစ်ခုလုံး၌၎င်း မဟုတ်ပါ။ စာအုပ်တစ်အုပ်ရှိပါသည် မဟုတ်ပါ။ ကဗျည်းမင်စာလို့ရေးတာက ပိ...

ရွှေမန်းဆီသို့

စောစောက မန္တလေးသားလား၊ မန္တလေးသူလားတော့မသိ ဒီသီချင်းစာသားတပိုဒ်နဲ့ မန္တလေးပုံနဲ့ တင်ထားတာတွေ့လို့ ကွန်မင့်ကနေ တကြောင်းလောက်ပြင်ပေးလိုက်ပါတယ်။ လူအများစုကတော့ အမှန်ကိုပြင်ပေးလည်း အမှားကိုသာစွဲကြတယ်။ အမှားအတိုင်းဆက်ရေးကြတယ်။ တချို့ကတော့ ဟုတ်ကဲ့လို့တော့ ပြန်ရေးပြီး အမှားကို အမှားအတိုင်းသာဆက်ထားကြတယ်။ လူအနည်းစု (တကဲ့ကို အနည်းစု) ကတော့ မှန်အောင်ပြင်ကြတယ်။ အဲလို လူမျိုးစုံးစုပေါင်းထားတာကို မြန်မာစကားပြော၊ မြန်မာလိုစာရေးကြသော မြန်မလူမျိုးများလို့ ခေါ်ပါသတဲ့။ ရေး။ ဦးဘသိန်း ဆို။ မစိမ်းစိမ်း ရွှေမန်းဆီသို့ ရေး။ ။ ဦးဘသိန်း ဆို။ ။ မစိမ်းစိမ်း ရွှေမန်းဆီသို့ တခါတခေါက်ဖြင့် ရောက်စေချင်သည်။ ကျုံးတော် ပတ်လည်ပြမြို့ရိုး ပြုအိုးပစ္စင် ကာရံကာအတည် မြန်မာစံဌာနီ သာယာပါပေသည်။ ရေရိပ် ရေအောက်ဆီ နေခြည်ဟပ်ကာ လွန်ပနံ ရလှသည်။ ရှုဘွယ်စုံညီ ရွှေမန်းတော် အရှေ့ဆီ၊ မြရည်ညိုညို တောင်တန်းတွေက မှုန်ရီ ငရံ့မင်းစေတီ တောင်တော်ထူး အောင်ပင်လယ်ယာပြင်ဦးက ဖူးနိုင်သည်။ အထူးဘဲ အစဉ် ဖိတ်ခေါ်ပါသည်။ ( ဟိုမှသည် အရောက်သွားလို့ မန္တလေး တောင်တော်ဆီ တတောက် နားမည်၊ မြင်ကွင်းကျယ်ကျယ် ပတ်ဝန်းကျင်ဝယ် မှန်းလို့ရှုရမည်)၂...

ထပ်တရာလန်း

(တီး + ဆို - ဒေါက်တာလှဘူး) ဒီနေုတော့ အလင်္ကာကျော်စွာ ဆရာကြီးမြို့မငြိမ်းရဲ့ ခက်ခဲနက်နဲလှတဲ့ သီချင်းကောင်း တပုဒ်ကို ပြန်ပြီး တီး ဆို ကြည့်ထားပါတယ်။ မန္တလေးမှာတော့ မြို့မပွဲတိုင်းလိုလိုမှာ ကြားရတဲ့သီချင်းတပုဒ်ပါ။ ဒီသီချင်းကို ကိုဝင်းဦး ဆိုထားတာ ကြားဖူးတာ ကောင်းလွန်းလို့ အလွန်ကြိုက်ပါတယ်။ ရန်အောင် ဆိုထားတာလည်း ကောင်းပါတယ်။ ဒီသီချင်း စာသားတွေထဲမှာ ခက်ခဲနက်နဲတဲ့ စကားလုံးတွေ ပါလို့ သိသလောက် နည်းနည်း ဆွေးနွေးပါရစေ။ မှားနေရင်လည်း ပြင်ပေးကြပါ။ သီချင်းအမည် သီချင်းနာမည်ကို စာအုပ်တွေ ဗီဒီယိုတွေမှာ "ထပ်တရာလမ်း" လို့ ရေးကြတာတွေ့ရပါတယ်။ တနေ့က ဆရာကြီးဦးတင့်ဆွေ ရေးလိုက်တော့မှ ထပ်တရာလန်း ဆိုတာ သတိထားမိပါတယ်။ တကယ် စားသားတွေကို ဖတ်ကြည့်လိုက်တော့ ထပ်တရာကြာပန်းလို လန်းပါစေလို့ အကြိမ်ကြိမ် ရေးထားတာကိုတွေ့ရပါတယ်။ ထပ်တရာပန်းတွေနဲ့ လမ်လို့ အဓိပ္ပါယ်ကောက်စရာ တနေရာမှ မတွေ့ပါဘူး။ ဒါကြောင့် "ထပ်တရာလန်း"ဆိုတဲ့အမည်က ပိုမှန်တယ်လို့ ယူဆပါတယ်။ သတပတ်ကြာ (သတ္တပတ်ကြာ) ဒီသီချင်းထဲက အဓိကပန်းဖြစ်တဲ့ သတပတ် ကြာဆိုတာ မသိလို့ AI နဲ့ရှာကြည့်ရပါတယ်။ သူပြောတာကတော့ "သတ္တပတ္တ" (အလွှာပေါင်း ရာချီရှိသော အ...

ချစ်အဓိပ္ပါယ်

ရေး။ ။ စန္ဒရားလှထွတ် ဆို။ ။ မာမာအေး (သူ့ငါသတ္တဝါ အချစ်နဲ့မကင်းပါတယ် ... သစ္စာတူယှဉ်ကာရယ် ချစ်ကြရာဝယ်... ချစ်အမိပ္ပါယ် သဘောတရားကိုကွယ်... ခွဲခွဲခြားခြား နားလည်နိုင်မှတကယ် x တဦးနှင့်တဦး အပြစ်မယူဘဲ ခွင့်လွှတ်ခြင်းများနဲ့ရယ်... ခိုင်မြဲမယိုင်မလဲ... ပခိုင်မြဲလေမှ သစ္စာမပြယ် ကြင်နာခြင်းတရားနဲ့...ချစ်ခြင်းမေတ္တာဖလယ်...) ၂။ အချစ်ရယ်... အမုန်းရယ်... အပြစ်ရယ်... အရှုံးဟာတကယ်... သံသရာထဲ ပြန်တရာကြဲ အို... ဘယ်မဆုံးနိုင်ဘူးကွယ်... ချစ်ပြုံးတုံ့လှယ် x သာယာရေးကိုတကယ် စဉ်စဉ်းစားစား အသိတရားနဲ့ရယ်.. သတိထားကြဖွယ် ယုံကြည်မြဲလေမှ ပျော်ရွှင်နိုင်မယ် သည်လင်သည်မယား ချစ်ကြရာဝယ် အစဉ်အမြဲတူနွှဲ မခွဲချင်တယ်... ချစ်လျှင်အကျိုးပါကွယ်... မုန်းပြန်တော့လဲ အပြစ်ကိုဘဲ တဆင့်ပိုကဲ သင့်အလိုသဘောနဲ့ မတွေးယူလေနဲ့တကယ်...၊ ခါးတမာနှယ် ဖေးတူမှတဲ့ကွယ်....၊ ပျားသကာသဖွယ် စကားပမာရယ်... အချစ်စိတ်နဲ့ မိုက်မှားတတ်တဲ့ အပြစ်မျိုးကိုလဲ ခွင့်လွှတ်စေချင်တယ် သံသရာထဲ ချစ်မပြေနိုင်တယ်... ချစ်အဓိပ္ပါယ် သဘောတရား... နားရေလယ်...။    မှတ်ရန် တဦးနဲ့တဦး ပြန်တရာကြဲ တဆင့်ပိုကဲ ဒေါက်တာတင့်ဆွေ

The Burmese were never who we thought – DNA revealed their hidden ancestry

ရာစုနှစ်များစွာကြာအောင် မြန်မာနိုင်ငံကို အံ့သြစရာကောင်းလောက်အောင် ရိုးရှင်းသော ပုံပြင်တပုဒ် ဖြင့်သာ ဖွဲ့ဆိုဖော်ပြခဲ့ကြသည်။ အိန္ဒိယ၊ တရုတ်နှင့် အရှေ့တောင်အာရှတို့၏ အလယ်တွင် တည်ရှိနေပြီး၊ နိုင်ငံအတွင်းနေထိုင်သူအများစုမှာ မြောက်ဘက်မှ ကျူးကျော်ဝင်ရောက်လာကြသော ကျယ်ပြန့်သည့် တိဘက်-ဗမာ လူမျိုးစုများ၏ ရွေ့ပြောင်းလာမှုမှ ဆင်းသက်လာသည်ဟုသာ အဓိပ္ပာယ် ဖော်လေ့ရှိကြသည်။ မြေပုံပေါ်တွင် ကြည့်လျှင် ဤရှင်းပြချက်သည် ဆွဲဆောင်မှုရှိပုံရသော်လည်း DNA ကမူ ပိုမိုရှုပ်ထွေးသော အဖြစ်အပျက်များကို ဖော်ပြနေပေသည်။ မြန်မာနိုင်ငံသည် မျိုးရိုးဗီဇအရ ရိုးရှင်းလှသည်မဟုတ်သလို ဘယ်တုန်းကမှလည်း ရိုးရှင်းခဲ့ပုံမပေါ်ပေ။ အဓိက မိုက်တိုကွန်ဒရီရယ် ( mitochondrial) DNA လေ့လာမှုတခုအရ မြန်မာနိုင်ငံတွင် လူမျိုးစုပေါင်း ၁၀၀ ကျော် မှီတင်းနေထိုင်ကြပြီး၊ အဆိုပါ လူမျိုးစုများကြားတွင် ထူးကဲများပြားလှသည့် မျိုးရိုးဗီဇ ကွဲပြားမှုများကို တွေ့ရှိခဲ့ရသည်။ ယူနီဖောင်းဆန်ဆန် တူညီသော ဘိုးဘွားအစဥ်အဆက်တခုတည်းကို ဖော်ပြနေခြင်းမရှိဘဲ၊ အချက်အလက်များအရ ရှေးဟောင်းမျိုးရိုးစဥ်ဆက် အများအပြားကို ပေါ်လွင်စေခဲ့သည်။ ၎င်းတို့အနက် အချို့မှာ ရှားပါးပြီး အမြစ်တွယ...