မြင်သူတွေက ပြောချင်ကြမှာလည်း သိပါသည်။ သစ်သီးတွေ အခွံမခွါလို့၊ ခွဲစိတ်ခြင်းမပြုလို့၊ ငှက်ပျောသီးလည်း ခွါရမယ်တဲ့။ အိမ်မှာ ကြွက် ခြင် ယင် မရှိပါ။ အဲဒါတွေကြောင့် မဟုတ်။ ဇွန်းခက်ရင်း၊ လက်ဆေးရေ၊ လက်သုတ်ပုဝါ၊ တစ်ရှူးနဲ့ ဆင်နတိုက်ဇာတွေလည်း လိုသေးသတဲ့။ ဘုရားစင်လို့ ရေးတာကိုလည်း ကျောင်းတော်မဟုတ်လို့။
ကိုဗစ်ကာလမှာ ဆင်းတုတော်တွေကို မတ်စ် ကပ်လှူခဲ့ခြင်း မရှိပါ။ ဘုရားဆင်းတုတွေရဲ့ ရွှေကလည်း ၂၄ ကရက် မရှိပါ။ မတတ်နိုင်ပါ။ ကန်တော့။
ကျောင်းနေဘက်တယောက်က ကွန်မင့်ရေးတယ်။
(စ) ငါ့သူငယ်ချင်းကတော့လေ အတော်ကပ်သီးကပ်သပ်စဉ်းစားပါ့။ ဟုတ်တော့လည်းဟုတ်သား ကိုဗစ်ကာလ၊ ဘယ်သူမှမြတ်စွာဘုရား
ဆင်းတုတော် မတ်စ် မကပ်ကြပါ။ (ဆုံး)
COVID-19 vaccine and booster dose!
ကာကွယ်ဆေးနဲ့ ဘူစတာဒို့စ်လည်း မေးထားကြတယ်မဟုတ်လား သူငယ်ချင်း။
ယူအက်စ်အေမှာလည်း လစ်ဘာတီအရုပ်ကို နှာခေါင်းစည်းတပ်ပေးဘို့ မေ့ကြသတဲ့။
နေပြည်တော်က အရုပ်ကြီးတွေတော့ ဝေးနေလို့ မသိရ။
The Statue of Liberty wearing a maskThe statue of liberty wearing a mask during coronavirus, Covid-19 outbreak in New York, USA. Photography and digital art by... more Delphimages Photo Creations by Delphimages Photo Creations
ဒေါက်တာတင့်ဆွေ
Comments
Post a Comment