ဓမ္မာစရိယ ဦးထွန်းရွှေ ရေး နန္ဒမာလိနီ ခေါ် ကဗျာ့စွယ်စုံကျမ်းကြီး (၁၉၆၃)
စာမျက်နှာ ၅၂
ပုံစံ ၁
၁။ ကျမ်းကဗျာ့ နန္ဒာ
လမ်းက ပြန်လာ
ဖမ်းဟ မြန်စွာ
ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် ကာရန်သာစပ်၍ အဓိပ္ပါယ်မစပ် ကာရန်မျိုး ဖြစ်သည်။
၂။ ကျမ်းကဗျာ့ နန္ဒာ
ဆန်းသမျှ ကြံကာ
ဝမ်းပထမ ထံတျာ
ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် ကာရန်လည်းစပ် အဓိပ္ပါယ်လည်းစပ်သော ကာရန်မျိုး ဖြစ်သည်။
၃။ ကျမ်းကဗျာ့ နန္ဒာ
ရေးလို့ စီစဉ်
ကောင်းလှ လုံးစုံ
ဤပုံစံသည် တပိုဒ်နှင့်တပိုဒ် အဓိပ္ပါယ်သာစပ်၍ ကာရန်မစပ်သော ပုံစံမျိုးဖြစ်သည်။
ဖြည့်စွက်ချက် -
၄။ ကျမ်းကဗျာ့ နန္ဒာ
ဖက်ပီး ဖစ်
ဘာဒွေလည်း ကျယ်မ မသိ
ဤကာရန်မဲ့ပုံစံသည် စာလုံးပေါင်းသတ်ပုံမဲ့ မော်ဒန်လွန် ခေတ်မာရသွန် ထိပ်ဆုံးကပန်းဝင်သည့် ကဗျာမျိုး ဖြစ်၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment