Skip to main content

မြန်မာစာမှာ မူကွဲစာလုံးတွေရှိတယ်

၁။ ဆရာ ဘိနပ် နဲ့ ဖိနပ် ဘယ်ဟာကအမှန်ပါလဲခင်ဗျာ ကျွန်တော်တော့ ဘိနပ်ကအမှန်ထင်လို့ပါ ကျေးဇူးပြု၍ ဖြေကြားပေးပါဆရာ၊ လေးစားလျက်

ဘိနပ် = ဖိနပ် (ကဝိဓဇ သတ်ပုံကျမ်း စာမျက်နှာ ၂၅၅)

၂။ မင်္ဂလာပါဆရာရှင့် ယက္ကန်းထည် နဲ့ ရက်ကန်းထည် ဘယ်ဟာကအမှန်လဲသိချင်လို့ပါရှင့်

မြန်မာစာမှာ မူကွဲစာလုံးတွေ မနည်းမနောရှိတယ်။

ကချေသည် နဲ့ ကခြေသည်

ကစွန်း နဲ့ ကန်စွန်း

ကျမ္မာ နဲ့ ကျန်းမာ

ကျေညာ နဲ့ ကြေညာ

ကျောင်းသင်ခန်းစာ - ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း

ကြက်သရေ နဲ့ ကျက်သရေ

ကလေး ခလေး

ကုတင် ခုတင်

ချီးကျူး ခြီးကျူး ခြီးကြူး 

ခွဲစိတ်ဓါး (ခွဲစိတ်ဒါး)

ငပိ နဲ့ ငါးပိ

စပယ်ပန်း နဲ့ စံပယ်ပန်း

ဆန်ခါ နဲ့ ဇကာ

ဇရပ် - စရပ်

တံတား - တန်တား

တကျော့နှစ်ကျော့ တေးကိုသီ သီချင်း

တကျော့နှစ်ကျော့ ရုပ်ရှင် အသစ် 

တကျော့နှစ်ကျော့ ရုပ်ရှင် အဟောင်း

တကြော့နှစ်ကြော့ တေးကိုသီ ကဗျာ

တရုပ် တရုတ်

ထဗီစိမ်းဆင်ထားသည့် စစ္စတာတဦး (တက္ကသိုလ်ဘုန်းနိုင်၊ ဝသန်လေချိန်မှန်ကူး)

ထဘီကျွတ်၍ လွှတ်လိုက်သည် (ရုပ်ရှင်)

ထမီကျွတ်၍ လွှတ်လိုက်မည် (မောင်သာရ)

ထား ဒါး ဓါး ဓား

ဓာတုဗေဒ - ဓါတုဗေဒ

ပဌမ နဲ့ ပထမ၊

ဖတ်စာ နဲ့ ဘတ်စာ

ဖိနပ် နဲ့ ဘိနပ်

မြင့်မိုရ် - မြင်းမိုရ်

မြမ္မာ နဲ့ မြန်မာ

မိမ္မ နဲ့ မိန်းမ

မုံ့ နဲ့ မုန့်၊

ယ္ခင် နဲ့ ယခင်

ရက်ကန်း၊ ယက်ကန်း၊ ယက္ကန်း

ရွှေတော်ဓော - ရွှေမောဓေါ - ရွှေမေါ်ဓေါ

ရှမ်း - သျှမ်း

ရှိသေးတယ်။ တွေ့တိုင်း ထပ်ဖြည့်ပါမယ်။

ရုံးပတီ (၁၉၉၁ မြန်မာအဘိဓာန်)

ရုံးပတီသီး (ကဝိဓဇ သတ်ပုံကျမ်း)

လက်ဖက် နဲ့ လ္ဘက်

လဘက် လက်ဖက် လ္ဘက်

သင်္ခန်း နဲ့ သင်ခန်း ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း

သန်ကောင် နဲ့ သန်ခေါင် သန်းကောင်

သမတ နဲ့ သမ္မတ

သမီး နဲ့ သ္မီး 

သ္ခင် နဲ့ သခင်

အင်္ဂလိပ် - အင်္ဂလိတ်

- လက်ဖက်ရေးရေး လ္ဘက်ရေးရေး ရှမ်းကုန်းပြင်မြင့်ကလာရင် ကောင်းတယ်။ 

- ကျမ္မာရေးရေး ကျန်းမာရေးရေး ရောဂါမရှိမှ နေကောင်းတယ်။ 

- မုံ့ရေးရေး မုန့်ရေးရေး သန့်ရှင်းတာ စားကောင်းတယ်။ 

- ဒါးရေးရေး ဓါးရေးရေး သွေးထားမှသာ ထက်တယ်။

မြန်မာစာမူကွဲစာလုံးတွေရှိတယ်။ တရားသေ တမျိုးတည်းသာမှန်တယ်လို့ အမိန့်လို မလုပ်ရပါ။

မူကွဲဆိုတာ နှစ်မျိုးလုံး သုံးနိုင်တာမျိုးကိုခေါ်တယ်။ တခါတရံ ကို စသတ်ခိုင်းတာ မူကွဲမဟုတ်ပါ။ ၁၉၉၁ ထုတ် မြန်မာအဘိဓာန်စာအုပ်ကနေ ပလီခိုင်းတားတာ။ ကန်တော့ + ဆောရီး။

ဝီကီပီးဒီးယားမှာ မြန်မာ့စွယ်စုံကျမ်းပါ စာတွေကို တင်နေတယ်။ ၎င်း ကို လည်းကောင်းလို့ လိုက်ပြင်နေတာတွေ တွေ့တယ်။ မှားတယ်။ မတူကြပါ။ အမှန်အတိုင်းသာ ပြန်ပြင်တင်ကြပါ။ မြန်မာစာသည် မြင့်မိုရ်တောင် တက်ခဲ့ရာကနေ ဟိမဝန္တာတောင်ကိုဆက်၍ တက်နေပါသည်။ သို့သော် ဘင်္ဂလာပယ်လယ်အော်ထဲ နစ်မြုပ်နေတော့သည်။

မြန်မာစာ မူကွဲစာလုံးများ https://burmese-spelling.blogspot.com/2023/02/blog-post_44.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ