Skip to main content

‘နော်’

- အားတင်းထားပါနော်

အားပေးတဲ့သူမှာ အားမရှိသလိုဖြစ်နေတယ်။

- ဖြေပေးပါနော်

ဆရာဝန်ကို အဲလို ခခယယရေးရန် မလိုအပ်ပါ။

စာကြောင်းအဆုံးတိုင်းလိုလိုမှာ ‘နော်’ထည့်ရေးကြတာ သိပ်တော့မကြာလှသေးပါ။ နေရာတိုင်းမှာ မသင့်ပါ။ ကိုယ်စကားပြောတဲ့သူ၊ ကိုယ့်စာကိုဖတ်မဲ့သူကို ကြည့်ပြီးသာ ‘နော်’ထည့် သင့် မသင့် ချင့်ချိန်ရတယ်။ ‘နော်’ဆိုတာ ချစ်ခင်လေးစားမှုအတွက် သုံးလေ့ရှိတာ မှန်ပါတယ်။ ‘နော့’ လို့လည်း သုံးတယ်။ ဆရာဝန်ဆီကို စာရေးတာ အဆုံးမှာ နော် မလိုအပ်ပါ။ အစမှာလည်း Hi မလိုအပ်ပါ။ ဒါပေမဲ့ အများအားဖြင့် ရင်းနှီးသူတွေအတွက် သုံးရတယ်။ လူတိုင်းကိုတော့ မသုံးသင့်ကြပါ။ ဘယ်ဆရာဝန်ကိုဖြစ်ဖြစ် မေးတာမှာ ‘နော်’ မသုံးသင့်ပါ။ အများနဲ့သက်ဆိုင်တဲ့နေရာတွေမှာ စကားပြောတဲ့အခါ သတိထားရတာတွေ ရှိတယ်။ 

ဥပမာ -

“လူကြီးမင်းများ ခင်ဗျာ-ရှင်။”

“ကြွရောက်လာသူများ ခင်ဗျာ-ရှင့်။”

“ဧည့်ပရိသတ်များ ခင်ဗျာ-ရှင့်။”

“ရွှေပွဲလာ ပရိသတ်များ ခင်ဗျာ-ရှင့်။” 

“စာရှုသူများ ပရိသတ်များ ခင်ဗျာ-ရှင့်။” 

ချော့မော့ပြောဆိုရာမှာလည်း သုံးတယ်။ 

“သားသား ဒီမုံ့တွေ မစားနဲ့နော်။” “သမီး အိပ်တော့နော်။”

ခယတောင်းပန်ရာမှာလည်း သုံးတယ်။

“ဒီအရုပ်လေး ပေးပါနော်။”

“ဈေးဦးပေါက်မို့ တည့်အောင်ပေးပါနော်။”

ရှင်-ဗျာ မလိုတာလည်းရှိတယ်။ အားလုံးဘဲ မင်္ဂလာပါ။

ဆောရီးနော်။

သွားမယ်နော်။

ပါနော်ရွာ (ရှမ်းပြည်နယ်)

ကရင်အမျိုးသမီးအမည် နော်( -)

သီချင်းအမည် မှားမယ်နော်

နော်ကိုကိုနော် သီချင်း

ကိုကိုရေ ကွယ်ရာမှာခြေမများနဲ့နော်

ကိုကိုရေ စာမှန်မှန်သူရေးပါနော်

ကိုကိုနော် ကိုကိုနော် နော် နော်  

ကိုကိုရေ မှာတာတွေသူမမေ့နဲ့နော်

ကိုကိုရေ ကြင်နာတာသူအသိပါနော်

ကိုကိုနော် ကိုကိုနော် နော် နော်  

ကိုကိုရေ အတူနေမယ်သူကြိုးစားနော်

ကိုကိုရေ ဝေဒနာတွေမေ့ထားမယ်နော်

ကိုကိုနော် ကိုကိုနော် နော် နော်  

ကိုကိုရေ အချိန်ကြာကြာသူဖုန်းဆက်နော်

ကိုကိုရေ စာရှည်ရှည်သူရေးပါနော်  

ကိုကိုနော် ကိုကိုနော် နော် နော်  

ကိုကိုရေ အကြင်နာတွေစုထားဦးနော်

ကိုကိုရေ ဒီအချိန်မှာအောင့်ထားမယ်နော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်  

စိတ်မချဘူးလို့ပြောရင်စိတ်မဆိုးနဲ့နော်

စိတ်ချပါတယ်ဆိုရင်ရောင့်မတက်နဲ့နော်

မအောင့်မေ့ဘူးလို့ပြောရင် စိတ်မဆိုးနဲ့နော် 

အောက်မေ့ပါတယ်ဆိုရင် အချစ်မပေါ့နဲ့နော် 

ညတိုင်းသူ့ကိုရှိခိုးပြီးအိပ်တာ လိမ်လိမ်မာမာနေပါနော် လိမ်လိမ်မာမာနေပါနော်

မဆိုးနဲ့နော် မကဲနဲ့နော်

ဝေးနေတုန်းမှာချစ်နော်လွမ်းနော် နော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်  

ကိုကိုရေ ကွယ်ရာမှာခြေမများနဲ့နော်

ကိုကိုရေ စာမှန်မှန်သူရေးပါနော်

ကိုကိုနော် ကိုကိုနော် နော် နော်  

ကိုကိုရေ မှာတာတွေသူမမေ့နဲ့နော်

ကိုကိုရေ ကြင်နာတာသူအသိပါနော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်  

ကိုကိုရေ အတူနေမယ်သူကြိုးစားနော်

ကိုကိုရေ ဝေဒနာတွေမေ့ထားမယ်နော်

ကိုကိုနော် ကိုကိုနော် နော် နော် 

ကိုကိုရေ  အချိန်ကြာကြာသူဖုန်းဆက်နော်

ကိုကိုရေ  စာရှည်ရှည်သူရေးပါနော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်  

ကိုကိုရေ အကြင်နာတွေစုထားဦးနော်

ကိုကိုရေ  ဒီအချိန်မှာအောင့်ထားမယ်နော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်  

စိတ်မချဘူးလို့ပြောရင် စိတ်မဆိုးနဲ့နော်

စိတ်ချပါတယ်ဆိုရင် ရောင့်မတက်နဲ့နော်

မအောင့်မေ့ဘူးလို့ပြောရင် စိတ်မဆိုးနဲ့နော် 

အောက်မေ့ပါတယ်ဆိုရင်အချစ်မပေါ့နဲ့နော်  

ညတိုင်းသူ့ကိုရှိခိုးပြီးအိပ်တာ

လိမ်လိမ်မာမာနေပါနော် လိမ်လိမ်မာမာနေပါနော်

မဆိုးနဲ့နော် မကဲနဲ့နော်

ဝေးနေတုန်းမှာ ချစ်နော်လွမ်းနော် နော်

ကိုကိုနော် ကိုကိုနော် နော် နော်နော်။  ။

Photo from Google images

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ