ဗိုလ်နေဝင်းလက်ထက်မှာ FAO ကနေ ဆန်စပါးသုတေသနဌာနချုပ် ဖွင့်ဘို့ ကမ်းလှမ်းပေမဲ့ ပယ်ချလိုက်တော့ ဖိလစ်ပိုင်နိုင်ငံ မနီလာကို ရောက်သွားတယ်။ အခုတင်ပြတဲ့ ပုံထဲကစာရင်းမှာ ဖိလစ်ပိုင်က ထိပ်မှာ။
၂၀၁၄ ခု ဇန်နဝါရီထွက်သတင်းတခုမှာ ဆန်တင်ပို့မှုအများဆုံးက အိန္ဒိယတဲ့။ အဲဒီစာရင်းထဲမှာလည်း မြန်မာနိုင်ငံ မပါ။
ဗြိတိသျှကိုလိုနီအစိုးရက ပါးနပ်တယ်။ ဆူအက်တူးမြောင်းဖေါက်ပြီးနောက်မှာ ဆန်းဈေးကွက် ကြီးမား အားကောင်းလာတော့ အိန္ဒိယကနေ လယ်လုပ်မဲ့သူတွေ ခေါ်သွင်းတယ်။ မွဲတဲ့ဗမာတွေအတွက် ချစ်တီးတွေက ငွေချေးတယ်။ နှစ်ထပ်တိုးပေးရတယ်။ စပါးရောင်းရတဲ့ငွေနဲ့ ရွှေဝယ်ထားသူတွေအတွက် မဂိုလမ်းမှာရွှေဆိုင်တွေ ပေါ်လာတယ်။ ကနေ့အထိ ဘယ်သူတွေ ပိုင်သလဲ။
မဆလ ခေတ်မှာ စီမံကိန်းသီးနှံတွေသာစိုက်ခိုင်းတယ်။ ၁၉၈၇ ခုနှစ်မှာ တိုင်းပြည် LDC ဖြစ်သွားတယ်။ အင်နယ်လ်ဒီအစိုးရက LDC အဆင့်ကနေတက်နိုင်အောင် ကြိုးစားသေးတယ်။ အခုတော့ ပိုဆိုးသွားပြီ။
ကျွန်တော်တို့ညံ့တာတွေက ပြောလို့မကုန်နိုင်။ ကိုယ့်တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ယဉ်ကျေးမှုနဲ့ ဘာသာရေးအကြောင်းတွေ ပြောရတာ ရင်နာတယ်။
ဘာကြောင့်ညံ့သလဲကို စကားတလုံးတည်းသာ ပြောပါဆိုရင် စစ်တပ်ကအာဏာသိမ်းလို့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment