Skip to main content

Dead Languages ကွယ်လွန်သွားတဲ့စာတွေ

ဖေ့စ်ဘွတ်မှာ Emotion icons အီမိုရှင်းသင်္ကေတတွေကို သုံးနေကြတယ်။ ကျွန်တော်တော့ တချို့အရုပ်တွေကို ငိုတာလား၊ ရယ်တာလားမခွဲခြားတတ်ပါ။ လက်ပြတာလား လက်သီးနဲ့ထိုးချင်တာလာလည်း မသိပါ။ နားလည်သူတွေကြား ပို့ကြတာမဆန်းပါ။ ကျွန်တော်က နားမလည်။ Egyptian hieroglyphs အီဂျစ်အရုပ်စာခေတ်ကို ပြန်သွားနေသလိုပဲ။ 

မြန်မာစာ မြန်မာစကား လွဲ၊ မှား၊ ပျောက်ကွယ်၊ သေသွားမှာစိုးပါတယ်။ အခုတော့ လေဖြတ်တဲ့အဆင့်ရောက်နေပြီ။ ကမာ္ဘမှာ သေသွားသလောက် ဖြစ်နေတဲ့ ရှေးဟောင်းဘာသာစကားတွေရှိတယ်။

၁။ Ancient Greek ရှေးဟောင်းဂရိ၊

၂။ Latin လက်တင်၊

၃။ Old Norse အိုက်စလန်၊ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင် နို့စ် လက်ဟောင်း၊

၄။ Ancient Egyptian ရှေးဟောင်းအီဂျစ်၊

၅။ Sanskrit ဆန်းစ်ခရစ် (သင်္သကရိုက်၊ သက္ကတဘာသာ)

၆။ Middle English အလယ်ခေတ် အင်္ဂလိပ်၊

၇။ Aramaic အရှေ့အလယ်ပိုင်းဒေသ အာရာမစ်၊

၈။ Coptic ရှေးဟောင်းအီဂျစ် ကော့်ပ်တစ်၊

၉။ Biblical Hebrew ကျမ်းစာသုံး ဟီဘရူး၊

ယနေ့ မြန်မာစာ

ကျောင်းသုံးစာအုပ်တွေမှာ စာဟောင်း စာကောင်းတွေကို သတ်ပုံမှားအောင်ပြင်ထားတယ်

ပြန်ထုတ်စာအုပ် ၉၉% ကလည်း မူရင်းသတ်ပုံတွေကို မှားအောင်ပြင်ထားတယ်။

ဘယ်လိုရေးရေး နားလည်းရင်ပြီးတာဘဲလို့ပြောသူတွေ မနည်းပါ။

အလွယ်ရေးတာပါဆို့ ဆင်ခြေပေးကလည်း များတယ်။

အွန်လိုင်းသတ်ပုံတွေ၊ အက်ပ်တွေ မှန်တာ မတွေ့သလောက်နည်းတယ်။

နံပါတ် (၁၀) မှာ Myanmar မြန်မာစာထည့်ရမလားမသိပါ။ 

ဒေါက်တာတင့်ဆွေ

၃၁-၅-၂၀၁၉

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ