ဥပုသ်စောင့် ကဗျာ
ဆွမ်းအုပ်နီနီ၊ အမေရွက်လို့
နက်ဖြန်မနက်၊ ကျောင်းထွက်မယ်။
မောင်လည်းလိုက်မယ်၊ ချန်မထားနဲ့
အမေသွားတော့၊ ပျင်းလှတယ်။
ကျောင်းကြီးပေါ်မှာ၊ မောင်ငယ်ဆော့တော့
ဘုန်းကြီးအော့လို့၊ ရိုက်လိမ္မယ်။
မောင်မဆော့ပေါင်၊ စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလို၊ နေပါ့မယ်။
လိုက်မယ်၊ လိုက်မယ်။
အော့က အမှန်လား ဆရာ
ဆော့ နဲ့ အော့ကာရန်ယူတာဖြစ်ပါမယ်။
အော့စာလုံးမှာ ဆိုလိုချက်တွေ များတယ်။
အော့
• မြန်မာသရ နှစ်ဆယ့်နှစ်လုံးတို့တွင် အပါအဝင်ဖြစ်သော ဆယ့်ခြောက်လုံးမြောက် သရ။
• အစာအိမ်မှ အစာ၊ အရည် စသည် ပါးစပ်မှ ပြန်ထွက်သည်။
• အန်ထုတ်သည်။
• အပြောက မယဉ်၊ အသွင်ကရိုင်းရိုင်း၊ လူမြင်တိုင်း အော့သူကို။
• အော့ကြောလန်
• အော့နာကျ
• အော့နာဝမ်းကျ
• အော့နှလုံးနာ
• အော့အန်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment