ကွန်မင့်တခု = ပညတ်တွေပါ
သတ်ပုံ မှန်မှန်မှားမှား ပညတ်တွေပါလို့ တရားပြသူတွေဆီက ကွန်မင့်တွေခဏခဏလာတယ်။
အဖေလည်း ပညတ်။ ဘိန်းစား ကလေးကချေလည်း ပညတ်။ (ကန်တော့)
အမေလည်း ပညတ်။ ကာရာအိုကေက ကျယ်မလည်း ပညတ် (ကန်တော့)
တရားစာအုပ်လည်း ပညတ်။ စက္ကူစုတ်လည်း ပညတ်။ ကန်တော့။
ဘုရားဆင်းတုတော်လည်း ပညတ်။ လမ်းဘေးကကျောက်တုံးလည်း ပညတ်။ ကန်တော့။
ကွန်မင့်လည်း ပညတ်။ အခုလို ပြန်ငေါ့တာလည်း ပညတ်။ ကန်တော့လို့ ထပ်ရေးရန် မရှိ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment