ကွန်မင့်တခု = ခုနှစ်ထပ်တိုက်ပေါ်ကို တက်သည့်အခါ
ထက်ထက်မျက်မျက်ရှိလှတယ်။
ကွန်မင့်တခု = ခုနစ်ထပ်၊ ခုနစ်ရက်၊ ခုနစ်ရာ။ ၂၀၂၆
ခုနှစ်။
- ခုနှစ်စင်ကြယ်တွေတောင်မမြင်ရတာကြာပီ(ကြာပြီ)
(ခုနစင်ကြယ်)အမှန်
- ဆရာ
ကောင်းကင်မှာရှိတဲ့ကြယ်က ခုနှစ်စဥ်လား ၇ နှစဥ်လား ၇ နှစ်စဥ်လား ဗျ
၇ နှစဥ်
- မှား။
၇
နှစ်စဥ် - မှား။
၇နထွီ -
မှား။
ကဲ့ရဲ့
ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက် → လူတို့၏ ပြောဆိုမှု မကြာခဏ ပြောင်းလဲတတ်သည်
ချီးမွမ်း
ခုနစ်ရက် ကဲ့ရဲ့ ခုနစ်ရက်
ခွန်နထွေ
- ခွန်နထွေ မှား။
ခုနစင်ကြယ်
မမှန်ပါ။ ခုနစ် ဟထိုး မပါရပါ။
ခုနစ်
(အသံထွက် ခွန်နှစ်) = ခြောက်နှင့် ရှစ်အကြားရှိ အရေအတွက်။
ခုနစ်ခါ
ခုနစ်ပြန် → အကြိမ်များစွာ
ခုနစ်စင်ကြယ်
(အသံထွက် ခွန်နှစင်ကြယ်) = ဓူဝံကြယ်ကို ဗဟိုပြု၍ လှည့်ပတ်နေသော
ခုနစ်လုံးအရေအတွက်ရှိသည့် ကြယ်စု။
ခုနစ်စင်ကြယ်
→ သန့်ရှင်းခြင်း အဆင့်များ
ခုနစ်စဉ်ကြယ်ပြောင်
အမြီးထောင် သန်းကောင်ချိန်သို့ ရောက်ခဲ့ပြီ။
ခုနစ်စဉ်ကြယ်ပြောင်၊
အမြီးထောင်၊ သန်ကောင်ချိန်သို့ ရောက်ဟု ရှေးလူကြီးများသည် ခုနစ်စဉ်ကြယ်နှင့်
စပ်လျဉ်း၍ ဆိုစမှတ်ပြုခဲ့ကြသည်။ ခုနစ်စဉ်ကြယ်ကို ညအချိန်တွင် မြောက်ဘက် ကောင်းကင်၌
ထင်ရှားစွာ မြင်နိုင်ပေးသည်။ အနောက်တိုင်းနက္ခတ်ဗေဒ ဆရာများအလိုအားဖြင့် Ursae
Majoris အာစာမေဂျာခေါ် နက္ခတ်ထဲတွင် ပါဝင်သော
ကြယ်စုပင် ဖြစ်ပေသည်။ ထိုကြယ်စုတွင် ကြယ်အလုံးပေါင်း ၇ လုံး ပါဝင်သောကြောင့်
ခုနစ်စဉ်ကြယ်ဟု ခေါ်ဝေါ်ကြသည်။
ခုနစ်စဉ်တန်း
(အသံထွက် ခွန်နှစင်ဒန်း) = ရောက်တတ်ရာရာ။ အဆက်မပြတ်။
ခုနစ်ဆောင်
→ အဆောက်အဦ အခန်းများစွာရှိခြင်း
ခုနစ်ဆောင်တိုက်ခန်း
မီးမထွန်းဘဲ လင်းတဲ့ ပပ၀တီ
ခုနစ်ထပ်
ခုနစ်လွှာ → အထပ်များစွာ
ခုနစ်ထပ်တိုက်
→ အထပ်များစွာရှိသော အဆောက်အဦ
ခုနစ်ထွေ
- မှန်။
ခုနစ်ထွေက
(အသံထွက် ခွန်နှထွေက) = ဇော်က၊ ဘီလူးက၊ မျောက်က၊ မြင်းက၊ ဝန်က၊ သူငယ်တော်က၊
အပျိုတော်က ဟူသော အကခုနစ်မျိုး။
ခုနစ်ပင်လယ်
ခုနစ်တောင် → အလွန်ဝေးသော အရပ်
ခုနစ်ပြည်ထောင်
→ နိုင်ငံများစွာ၊ အဝေးအနီး နေရာများ
ခုနစ်ရက်
ခုနစ်လီ = အချိန်ကြာရှည်စွာ = ကြာမြင့်သော
ကာလ တလျှောက် = ရက်ရှည်လများကြာ
ခုနစ်ရက်
ခုနစ်လီ → အမြဲမပြတ်၊ နေ့တိုင်းလိုလို
ခုနစ်ရက်
သားသမီး → လူအပေါင်း၊ လူမျိုးအားလုံး
ခုနစ်ရက်သားသမီးများ
ကျန်းမာချမ်းသာကြပါစေ။
ခုနစ်ရောင်
→ အရောင်အမျိုးမျိုး
ခုနစ်လီ → အကြိမ်ကြိမ်၊ မကြာခဏ
ခုနစ်သွယ်
→ အမျိုးမျိုး၊ အလွန်စုံလင်
ခုနှစ်ထွေအက
- မှား။
ခုနှစ်စဥ်
- မှား။
ဂဏန်းကို
စာနဲ့ရေးတဲ့အခါ 'ခုနစ်'
လို့ရေးပြီး 'ခွန်' သံ ထွက်ပါတယ်။ တချို့အရပ်ဒေသတွေမှာ 'ခွန်' ကို 'ခွင်' သံထွက်တတ်ကြပါတယ်။
ထမင်းအသက်
ခုနစ်ရက်၊ ရေအသက် တမနက် → ရေသည် အသက်ရှင်ရေးအတွက် အရေးကြီး
ဘယ်'ခုနှစ်'မှာ မွေးပါသလဲ။
မသူတော်
ခုနစ်ပါး → မကောင်းသော လူမျိုးများကို အုပ်စုခွဲဖော်ပြသော စကား
လေးနှစ်၊
ငါးနှစ်၊ ခြောက်နှစ် ခုနစ်နှစ်လို့ ရေးရ။
'သန်ကောင်'
နဲ့ 'သန်းကောင်' 'သန်းခေါင်' တို့ကတော့ မူကွဲ။
ဤနေရာတွင်
“ခုနစ်” ကို ထပ်သုံးခြင်းမှာ အရေအတွက်တိတိမဟုတ်ဘဲ များပြားခြင်း၊ ရှည်လျားခြင်း
ကို အလေးထားဖော်ပြသည့် သဘောဖြစ်သည်။
အသုံးဥပမာများ
ကိန္နရီကိန္နရာ
တညတာဝေး နှစ်ပေါင်း ခုနှစ်ရာ ဆွေးရတဲ့ရာဇဝင်ပုံပြင် (ဘလ္လာတိယပျို့)
ကိုကြွားကိုတော့
ကျွန်မ မပေါင်းချင်ဘူး၊ ကိုအောင်ကြီး နောက်ကိုပဲ လိုက်တော့မယ်။ ချီးမွမ်း
ခုနစ်ရက်၊ ကဲ့ရဲ့ ခုနစ်ရက် ပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဇွတ်နှစ်တော့မှာပဲ။
ကဲ့ရဲ့
ခုနစ်ရက်၊ ချီးမွမ်း ခုနစ်ရက်
ထီများပေါက်လို့ကတော့
ခုနစ်ရက် ခုနစ်လီ အလှူတော်ကြီး ပေးလိုက်မယ်။ (အလှူကို ရက်ရှည်လများကြာ
ပြုလုပ်မည်ဟု ညွှန်းသည်)
ရွာသူရွာသားများ
ခုနစ်ရက် ခုနစ်လီ စုပေါင်းဆုတောင်းကြသည်။
ရူးရူးမိုက်မိုက်
ကိုယ်ကြိုက်သလို သဘောထား၍ ထိုက်ရာမှာ နားရော့ ဟဲ့လို့ မျက်စိကို အတင်းမှိတ်ပြီး
စိတ်ရှိသလို ပြုလိုက်တာပဲ ကောင်းတယ် ထင်ပါရဲ့လေ၊ ချီးမွမ်း ခုနစ်ရက်၊ ကဲ့ရဲ့
ခုနစ်ရက် ဆိုတဲ့ စကားလည်း အရှိ သားကပဲ၊
သူတို့နှစ်ယောက်
ချစ်ကြတာ ခုနစ်ရက် ခုနစ်လီ ကြာပြီ။
သူတို့ရဲ့
မိတ်ဆွေမှုသည် ခုနစ်နှစ် ခုနစ်မိုး တည်တံ့ခဲ့သည်။
သူမသည်
မိဘကို ခုနစ်နှစ် ခုနစ်မိုး စောင့်ရှောက်ခဲ့သည်။
သူသည်
နိုင်ငံခြားတွင် ခုနစ်နှစ် ခုနစ်မိုး နေထိုင်ခဲ့သည်။
အမှုကို
ခုနစ်နှစ် ခုနစ်မိုး ဆက်လက် စစ်ဆေးနေခဲ့ရသည်။
အမှုကို
ခုနစ်ရက် ခုနစ်လီ စောင့်ကြည့်နေကြရသည်။
ဤဘုရားကို
ခုနစ်နှစ် ခုနစ်မိုး ဆောက်လုပ်ခဲ့ကြသည်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment