Skip to main content

မြန်မာပြည်နဲ့ မြန်မာစာတခုတည်းသာ

ကွန်မင့်တခု = မြန်မာစာကို ရှေးအစဉ်အဆက် ပညာရှင်တွေက ကိုယ့်အမြင်နဲ့ကိုယ် အမှန်ယူ ရေးနေကြတာမျိုး ရှိခဲ့ကြပါတယ်။ နောက်ပိုင်း အဲ့လိုတွေ မဖြစ်ရအောင် မြန်မာစာ သတ်ပုကို စည်းကမ်းစနစ်တကျ ရေးသား နိုင်ကြစေရန် နိုင်ငံတော်အစိုးရကမြန်မာစာ တတ်သိ ပညာရှင်များကို စုဖွဲ့ပြီး မြန်မာစာအဖွဲ့ ဖွဲ့စည်းကာ "မြန်မာစာ သတ်ပုံ အဘိဓာန်" ကို ပြဌာန်း ထုတ်ဝေပြီး စာသင်ကျောင်းတွေမှာ အထိ လိုက်နာ သင်ကြား စေခဲ့တာပါ။ ဒါကြောင့် ဆန်စင်ရာ ကျည်ပွေ့ မလိုက်ဘဲ မြန်မာစာ သတ်ပုံ အဘိဓာန်ကိုသာ လေ့လာအတည်ပြု ရေးသားသင့်ပါကြောင်း။

ကျေးဇူး။ 

ဆန်စဉ်ရာ ကျည်ပွေ့မလိုက်လို့ ရေးရတယ်။

မြန်မာသတ်ပုံကျမ်းသမိုင်းကြောင်းနဲ့ အဘိဓာန်စာရင်းကို ၄ ကြိမ်လောက်တင်ပြထားပါတယ်။ 

အသင်းအဖွဲ့တွေ၊ ရာထူးရှိသူအမည်တွေ အမည်တူပေမဲ့ လူမတူတော့ပါ။ ဥပမာ သမတတွေ ပြောင်းသလိုပါဘဲ။

ပညာရှင် နဲ့ အရာရှင် (အရာရှိ) အကြောင်းကိုလည်း ၂ ခါလောက် တင်ပြထားပါတယ်။

လယ်တီဒီပနီ ကျမ်းအမည်တူတွေရှိတယ်။ နောက်ထုတ်တွေမှာ မူရင်းကျမ်းစာအုပ်ပါ သတ်ပုံတွေကို ပြင်ထားတယ်။ သတ်ပုံတွေပြင်ရင် တရားစာကိုလည်း ပြင်ကောင်းပြင်မယ်။ 

မြန်မာ့စွယ်စုံကျမ်းတစုံကို ပီဒီအက်ဖ်ဖိုင်တွေနဲ့ တင်ထားကြတယ်။ မူရင်းအတိုင်း မှန်အောင်တင်တာ ၂ ခုသာတွေ့တယ်။ ကျန်တာတွေက မူရင်းကျမ်းစာအုပ်ပါ သတ်ပုံတွေကို ပြင်ထားတယ်။ သတ်ပုံတွေပြင်ရင် အချက်အလက်တွေကိုလည်း ပြင်ကောင်းပြင်မယ်။

ဒီလိုဖြစ်နေတဲ့တိုင်းပြည် မြန်မာပြည်တခုတည်းသာဖြစ်တယ်။

ဒီလိုဖြစ်နေတဲ့စာ မြန်မာစာတခုတည်းသာဖြစ်တယ်။

အစိုးရပြောင်းလို့ အဘိဓာန်ပြောင်းတာလည်း မြန်မာနိုင်ငံ တခုတည်းသာရှိတယ်။

ဒေါက်တာတင့်ဆွေ

Comments