Skip to main content

ဘို့ နှင့် ဖို့

၁။ ဆရာရှင့် ပြင်ဖို့ခက်တယ် ပြင်ဘို့ခက်တယ် ဘယ်လိုရေးမှ မှန်သလဲ

၂။ ဆရာ ဖို့ နဲ့ ဘို့ အသုံးလေး တင်ပေးပါအုံးဗျ။

၃။ ဆရာရှင့် ဖို့ နဲ့ ဘို့ ကိုလည်း ဝေဝေဝါးဝါးဖြစ်နေပါတယ်။ ဆရာအချိန်အခါသင့်ရင် ပြောပါပေးပါဦး ဆရာရှင့်။

၄။ ဆရာ့အနေဖြင့် post တင်တဲ့အခါ စာလုံးပေါင်းသတ်ပုံ ဂရုစိုက်တာကို တွေ့ရပါတယ်။ အခုသိချင်တာလေး မေးခွင့်ပြုပါဦးခင်ဗျာ။ ကုသဖို့ / ကုသဘို့။ ဖို့/ဘို့ ကွဲပြားနည်းလေး သိပါရစေဆရာ။

၅။ ညရုံတော် အခြေပျက်စေဖို့ ရန်ပါးမည့် ခုအခါ၊ နှောဘို့သင့်စွာ။ ဒီမှာ ဖို့နဲ့ဘို့ဘာကြောင့် ကွဲရသလဲ မသိဘူးဆရာ။

အဲဒီစာမှာပါတဲ့ နှောဘို့သင့်စွာဆိုတာ ပြုလုပ်ရန်သဘောပါမယ်ထင်တယ်။ သတ်ပုံစာအုပ်ဟောင်းတွေမှာ ဘို့ မပါ။ နောက်ထုတ်တွေမှာလည်း နွားဘို့တခုတည်းသာပါတယ်။

ဘို့

ဘို့ပါတဲ့နွား

ကုလားအုတ်ဘို့

ဖို့

ကိုယ့်ဖို့

ကုသိုလ်အမျိုးမျိုးတို့၏ အဖို့ဘာဂဟူသမျှတို့ကို

တဖို့ထဲဖို့နေသည်

တာဖို့သည်

ပို့အောင်ဖို့သည်

ဖို့မြေအရပ်

ဖို့မံသည်

သနပ်ခါးဖို့သည်

သူ့ကိုဖို့နေသည်

သူ့ဖို့ကိုယ့်ဖို့

အဖို့အစု

အဖို့ဝေငှ

ကောင်းမှုအဖို့ကို အမျှဝေသည်

နေ့ဖို့ညစာ

မောက်အောင်ဖို့

မြေဖို့သည်

ကျွန်တော်လည်း မှားတတ်တယ်။ အရင်ကရေးတဲ့စာတွေမှာ ပြင်စရာတွေရှိမယ်။ ဆောရီး။ မှားတာတွေ့တိုင်းပြင်ရင် မှန်မှန်လာပါမယ်။

အရင်ကလည်း ပုံနှိပ်စာတွေ၊ ကာတွန်းတွေမှာ ဖို့နဲ့ ဘို့ ရောရေးတာမျိုးလည်း ရှိခဲ့ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ