Skip to main content

အရေး အသံ အသံထွက်

စကားပြောသလိုစာရေးနည်းဆိုပြီး ရေးကြတယ်။ သင့်မှန်တာတွေရော၊ လွဲတာတွေပါ တွေ့ရတယ်။

ရေးတော့အမှန်၊ ဖတ်တော့အသံစာလေးတွေ ၃-၄ ပုဒ်တင်ပြထားတယ်။ ထပ်ဖြည့်ပါဦးမယ်။

တနေ့က ရခိုင်ဆရာတော်တပါးကို မေးကြည့်တယ်။ ရခိုင် ကို ရခိုင်လူမျိုးတွေက ဘယ်လို အသံထွက်ကြပါသလဲဘုရား။ 

ရ သံကို ဗမာတွေထက် ခပ်လေးလေး အသံထွက်ကြတယ်။ အိန္ဒိယန်းတွေလောက်ထိတော့ အသံမလေးပါ။

တင်ပါ့ ဘုရား။

သတင်းကြေငြာတာ၊ ဈေးထဲမှာပြောဆိုတာ၊ သီချင်းဆိုတာ၊ ကဗျာရွတ်တာ နည်းနည်းစီ ကွဲပြားသေးတယ်။

သီချင်းဆိုတတ်သူတွေက အသံအကြောင်း ပိုသိကြပါတယ်။

ထိုင်းနိုင်ငံမှာ သူတို့စကားသံကို နည်းနည်းလေးကွဲလွဲထွက်မိတာနဲ့ အဆင်မပြေဖြစ်ပါတယ်။

အိန္ဒိယမှာတော့ သူတို့ကဖြည့်ပြီး နားလည်ပေးလေ့ရှိတယ်။

မြန်မာပြည်ကလူတွေ အင်္ဂလိပ်စကားပြောဆိုရာမှာလည်း တိတိကျကျထွက်နိုင်သူ နည်းတယ်။ နားလည်ယူကြလေ့ရှိတယ်။

ကနေ့ခေတ်မှာ ပြည်ပထွက်နေရသူသန်းများစွာရှိပြီ။ အင်္ဂလိပ်စကားပြောနိုင်ငံတွေကိုလည်း ရောက်ကြတယ်။ ကျွန်တော်တို့တတွေက အများအားဖြင့် ငပိသံ မပျောက်ကြပါ။ အသံထွက်မှန်အောင်ကြိုးစားသူတွေလည်း ရှိတယ်။ အဲလိုနိုင်ငံတွေမှာ မွေးဖွားကြီးပြင်ကြတဲ့ကလေးတွေကတော့ ပြောစရာမလိုအောင် အသံထွက် မှန်ကြတယ်။

လိုက် လုပ်ပါလို့ရေးကြ ပြောကြတယ်။ မမှန်ပါ။ သူများလုပ်သလို အတုယူလိုက်လုပ်တာတဲ့ တူနေတယ်။

လိုက်ခ် ဆိုရင် ခ သံလေးတော့ ပါမှ။

အသက် လိုက်ဖ် ကိုပြောရင် ဖ သံလေးနည်းနည်းပါမှ။

အာထွာဆောင်း ကို အာထွာစောင်း ဆိုရင်တော့ မှားပြီ။

ဘိုစာလုံးတွေကို မှန်အောင်မထွက်နိုင်တာထက် ပိုဆိုးတာက မြန်မာစာလုံးတွေ။

သခင်အောင်ဆန်း ကို သခင်အောင်စန်း ဆိုရင် မှားပြီ။

ဆရာ့စာတွေဖက် မရဘူးဆို မှားပြီ။

မဖတ်တက်ဘူးဆို မှားပြီ။

ဈေးသည် ကို ဈေးသယ်လို့သာ ထွက်ရတယ်။ စာနဲ့ရေးရင် ဈေးသည်။

မြန်မာသံနဲ့ ဒဂုန်တာရာ ကို တာယာ သံထွက်ပါတယ်။

စာလုံးတိုင်းမှာ အသံထွက်တွေ သတိထားကြပါတယ်။ စာတလုံးတည်းမှာ အသံထွက်မူတာမျိုးလည်း ရှိနိုင်တယ်။ 

အကြီးကြီး - အကြီးဂျီး။

ခပ်သေးသေး - ခပ်သေးဿေး။

ဆူဆူညံညံ ဆူဇူညံညံ။

တနေ့က ဆေးခန်းတခုမှာ လူဖြူသူနာပြုတယောက်က ကျွန်တော်ပြောတဲ့ အင်္ဂလိပ်ကို ချီးမွမ်းပါတယ်။ အမှန်က ကိုယ်လိုတာကို ကိုယ်တိုင် သိပါတယ်။ 

အသံထွက်မှားနေခဲ့တာတွေ မနည်းပါ။ မြန်မာပြည်မှာ သင်ယူခဲ့ရတဲ့အင်္ဂလိပ်စာမှာ လိုအပ်တာတွေရှိတယ်။ အိန္ဒိယမှာလည်း အများစုက အင်္ဂလိပ်အသံထွက် သိပ်မကောင်းကြပါ။

ကျွန်တော်တို့တတွေ အင်္ဂလိပ်စာကိုသာမကပါ။ ဘာသာရပ်မျိုးစုံကို ဖြစ်နိုင်သမျှ စစ်မှန်တာကိုသာ လေ့လာသင်ယူ၊ ရေးသား၊ ထွက်ဆိုကြရပါမယ်။

ပိုခက်နေတာက မြန်မာစာ၊ သတ်ပုံ၊ စာလုံးပေါင်း၊ အသံထွက်၊ အရေးအသား။

နားလည်ရင်ပြီးတာဘဲအဆင့်က ကျော်တက်ကြရပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ