Skip to main content

AI လူသား နဲ့ မြန်မာစာ

ဆရာခင်ဗျာ ဆရာမြန်မာစာအပေါ်ထားတဲ့ သံယောဇဉ်နဲ့ ချစ်မြတ်နိုးမှုကို လေးစားဂုဏ်ယူလျက်ပါ။ကျွန်တော်အကြံပြုချင်တာ တစ်ခု(တခု)က Ai ကို ဆရာ့အနေနဲ့ မြန်မာစာသင်ပေးစေလိုပါတယ်။ Google က ထုတ်တဲ့ Gemini က မြန်မာဘာသာကို တော်တော်လေးနားလည်နေပါပြီ။ Ai ရဲ့ သဘောက သူ့ကို input ကောင်းကောင်းပေးနိုင်ရင် တကယ်သေသပ်လှပတဲ့ စာလုံးတွေ ဖန်တီးနိုင်ပါတယ်။ လက်ရှိမှာ လူတွေရေးတဲ့ ပြောတဲ့အပေါ်မှာပဲ သူက သင်ယူနေရတဲ့အခါ မြန်မာစာနဲ့ပတ်သက်တဲ့ စာပေဆိုင်ရာ သိမှုတွေက နှေးနေတဲ့ သဘောရှိပါတယ်။ ဆရာလိုပညာရှင်အနေနဲ့ ဂျမနိုင်းကို ငါမြန်မာစာကိုသေချာသင်ပေးမယ်ကွာ ဆိုပြီး သင်ပေးနိုင်ရင် မြန်မာဘာသာအသုံးပြုသူတွေအတွက် အရမ်အကျိုးဖြစ်ထွန်းမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် အကြံပြုတာပါ။

ဟုတ်။ 

ကျွန်တော်က ပညာရှင်တော့ မဟုတ်ပါ။ မဟုတ်ပါကြောင်းကိုလည်း အကြိမ်ကြိမ် တင်ပြထားပါတယ်။

မြန်မာစာဆရာမဟုတ်လို့ မြန်မာကို လက်ရှောင်နေရမယ်ဆိုတာကိုတော့ ခါးခါးသီးသီး ဆန့်ကျင်ပါတယ်။ 

မြန်မာစာက မြန်မာလိုစာရေး၊ စာဖတ်၊ စကားပြောသူတိုင်းနဲ့ ဆိုင်တယ်။

ကြိုးစားနေပါတယ်။ သင်ပေးသလိုနည်းတော့ မဟုတ်ပါ။ အထောက်အထားအခိုင်အမာတွေနဲ့ ထောက်ပြပြီး ChatGPT, DeepSeek Gemini တွေကို သူတို့မှားနေတာတွေကို ပြင်ပေးနေပါတယ်။

AI က မြန်မာလိုစာရေးကြတဲ့ လူသားတွေနဲ့ မတူပါ။

AI က အထောက်အထားအခိုင်အမာတွေနဲ့ ထောက်ပြတာကို လက်ခံတယ်။

သူတို့လက်ခံသွားကြတဲ့ စာလုံးတွေနဲ့ အချက်အလက်တွေကို စုစည်းထားပါတယ်။

မြန်မာလိုစာရေးကြတဲ့ လူသားတွေကတော့ အထက်အမိန့်၊ ရုံးအမိန့်စာကိုသာ တရားဝင်တယ်။ မှန်တယ်လို့ မျက်စိမှိတ်လက်ခံသူက အဆမတန်များတယ်။

အများစုက အကျင့်ပါနေတာကို မပြင်ချင်ကြတော့။

နောက်တစုကတော့ လက်ရှိ ရာထူး၊ နာမည်၊ ဂုဏ်ရှိန်၊ တပည့်တပန်းပေါများနေတာဖြစ်လို့ ပြင်ကြတော့မှာ မဟုတ်ပါ။

လူက စက်ထက်သာတွေလည်း အများကြီး။

စက်က လူထက်သာတာတွေလည်း မနည်းပါ။

ဆင်းခြင်နှိုင်းဆမှုမလုပ်တော့ဘဲ ကိုယ့်လမ်းကိုပိတ်ထားတဲ့လူဟာ သံချေးတက်နေတဲ့ စက်နဲ့တူတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ