Skip to main content

လျှပ်တပြက် လို့ ရေးရသည်

လျှပ်တပြတ် မှားသည်။

လျှပ်တစ်ပြက် သတင်းဂျာနယ် မှားသည်။

လျှပ်တပြက်ကို မှန်အောင်ရေးတတ်သူတွေလည်း ရှိပါသည်။

လျှပ်တပြက်တံဆိပ်တုံး

လျှပ်တပြက်ကလော

လျှပ်တပြက်ကျိုက်ထီးရိုး

နိုင်ငံတကာ လျှပ်တပြက် ဝတ္ထုတိုများ - မိုးသက်ဟန် - ပထမအကြိမ် (မေ၊ ၂၀၁၄)၊ မေဃဝတီစာပေ၊

လျှပ်တပြက်မိုး တေးရေး ဝိုင်းမင်း တေးဆို ဝနမိုး

လျှပ်တပြက်ကျန်းမာရေး အပိုင်း(၁၂) နားအူခြင်း (Tinnitus of ear)

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လျှပ်တပြက် တိုက်ကွက် ၅ ကွက်

ရန်ကုန်လျှပ်တပြက်ဆန္ဒပြပွဲ

လျှပ်တပြက်မိုးကြီး ရေတက်လာမှုကြောင့် ပုန်းထွန်စာသင်ကျောင်းတံတိုင်း ပြိုကျ

နီလန်း လျှပ်တပြက်အနမ်း ကြောင့် ရှက်ခဲ့ရတဲ့ ရွှေလရောင်

အရင်က မြန်မာစာကို သတ်ပုံမှန်နဲ့သာရေးတဲ့ခေတ်မှာ လျှပ်တပြက်လို့သာရေးပါတယ်။

ခုခေတ်မှာ 'လျှပ်တစ်ပြက်' လို့ ရေးတဲ့လူကရေး၊ အမှန်အတိုင်း ရေးတာတွေလည်းရှိတယ်။

ကိုယ်ထင်ရာရေးကြတာကို မြန်မာစာဟုခေါ်ပါသည်။

မြန်မာစကားထဲမှာ ‘လျှပ်တပြက်သာကြာတယ်’ ဆိုတဲ့အသုံး ရှိတယ်။ ဘယ်လောက်ကြာပါသလဲ။

မိုးကောင်းကင်မှာ လျှပ်စီးလင်းလက်တာကို လူတိုင်း မြင်ဖူးကြတယ်။ သိပ္ပံမှာ Lightning flashes လျှပ်စီးကြောင်းတွေလို့ ခေါ်တယ်။

အမြင်အာရုံမှာထင်နေတဲအချိန်ကာလထကတကယ်လင်းလက်သွားခဲ့တာက တိုတောင်းတယ်။ လျှပ်စီးလက်မှုအလင်းတခုရဲအလုံးစုံကြာချိန်ဟာ 0.2 စက္ကန့်ခန့်ထက် နည်းနည်းလေးသာပိုရှည်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်လေ့လာချက်တွေအရ ကမ္ဘာမြေပေါ်ရှိ မိုးကြိုးများဟာ ၁ စက္ကန့်မှာ ပျမ်းမျှအကြိမ်ရေ ၄၄ (± ၅) ကြိမ်ရှိတယ်။ တနှစ်မှာ အလင်းတန်း ၁.၄ ဘီလီယံနီးပါးနဲ့ ညီမျှပါသတဲ့။ ပျမ်းမျှကြာချိန် 60 မှ 70 microseconds ခန့်ရှိတဲပိုတိုတဲflashes (strokes) တွေကတော့ 0.52 စက္ကန့်ဖြစ်တယ်။

၁၉၈၆ ခုနှစ်နောက်ပိုင်းကစပြီး မြန်မာလိုစာရေးသူတချို့က ‘လျှပ်တပြက်’ ကို မှန်အောင်မရေးတတ်ကြတော့ပါ။

‘လျှပ်တစ်ပြက်’ ကနေ ‘လျှပ်စစ်ပျက်’ နဲ့ ‘လျှပ်တစ်ပျက်’ ဖြစ်လာပြီ

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ