100 ၁၀၀ တရာ
1,000 ၁,၀၀၀ တထောင်
10,000 ၁၀,၀၀၀ တသောင်း (ဆယ်ထောင်)
100,000 ၁၀၀,၀၀၀ တသိန်း (တရာထောင်)
1,000,000 ၁,၀၀၀,၀၀၀ တသန်း (ဆယ်သိန်း)
10,000,000 ၁၀,၀၀၀,၀၀၀ တကုဋေ (ဆယ်သန်း)1,050,000 ၁,၀၅၀,၀၀၀ ဆယ်သိန်းခွဲ (တသန်းခွဲ) (တသန်းငါးသောင်း)
တစ် or တ ၁ one
နှစ် ၂ two
သုံး ၃ three
လေး ၄ four
ငါး ၅ five
ခြောက် (ချောက်) ၆ six
ခုနစ် ၇ seven
ရှစ် ၈ eight
ကို ၉ nine
တဆယ် ၁၀ ten
တဆယ့်တစ် ၁၁ eleven
တဆယ့်နှစ် ၁၂ twelve
နှစ်ဆယ် ၂၀ twenty
သုံးဆယ် ၃၀ thirty
တရာ ၁၀၀ one hundred
တထောင် ၁၀၀၀ one thousand
တသောင်း ၁၀၀၀၀ ten thousand
တသိန်း ၁၀၀၀၀၀ one hundred thousand
တသန်း ၁၀၀၀၀၀၀ one million
တကုဋေ ၁၀၀၀၀၀၀၀ ten million
တဆယ့်ငါး ၁၅ fifteen
တဆယ့်ရှစ် ၁၈ eighteen
တနင်္လာကျား၊ တဆယ့်ငါး၊ နေငြားရှေ့ရပ်က။
တထောင့်ကိုးရာ တဆဲ့ငါး ရှေ့နေ ဦးဖာသား။
တဆဲ့ကိုးဖြာ။
ဂဏန်းရေးနည်း
• 100 = One hundred = တရာ
• 1,000 (0 ၃ လုံး) = One thousand = တထောင်
• 10,000 (0 ၄ လုံး) = Ten Thousand = ဆယ်ထောင် (တသောင်း)
• 100,000 (0 ၅ လုံး) = One hundred thousand = တရာထောင် (တသိန်း)
• 1,000,000 (0 ၆ လုံး) = One million = တသန်း
• 10,000,000 (0 ၇ လုံး) = Ten million = ဆယ်သန်း
• 1,000,000,000 (0 ၉ လုံး) = One billion ၁ ဘီလီယံ (သန်းတထောင်)
• 1,000,000,000,000 (0 ၁၂ လုံး) = One trillion ၁ ထရီလိယန် (တထောင်ဘီလီယံ)
ဂဏန်းရေးနည်းစည်းမျဉ်းမှာ (,) ကော်မာကို ထောင်ဂဏန်းကစပြီးသုံးတယ်။ ကော်မာကို မှန်အောင်ထားရင် ဖတ်တာနဲ့ တန်းသိမယ်။ ဆယ်ထောင်၊ တရာထောင် (တသောင်း)၊ တသန်း (တထောင်ထောင်)။ သောင်း၊ သိန်းနဲ့ ကုဋေကို နိုင်ငံအတော်များများမှာ မသုံးပါ။
• 10,000 ကို Ten Thousand = ဆယ်ထောင်လို့သာရေးတယ်။ သောင်းလို့ မြန်မာပြည်မှာသာခေါ်တယ်။
• 100,000 ကို One hundred thousand = တရာထောင်လို့သာရေးတယ်။ သိန်းလို့မြန်မာပြည်မှာသာခေါ်တယ်။ One Lakh (Lac) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 10,000,000 ကို ဆယ်သန်းလို့သာခေါ်တယ် Crore (ကုဋ္ဋေ) လို့ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒက်၊ နီပေါ၊ သီရိလင်္ကာနဲ့ မြန်မာပြည်မှာသာ သုံးတယ်။
• 1,500 တထောင့်ငါးရာကို အိန္ဒိယမှာ One thousand five hundred လို့မရေးပဲ၊ Fifteen hundred လို့ ရေးတယ်။ အိန္ဒိယမှာနေရစဉ်က ချက်လက်မှတ်ရေးရတာ အတော်ဂွကျတယ်။
Grammar of the Burmese language
by Judson, Adoniram, 1788-1850; Stevens, Edward Oliver
https://archive.org/details/ahq1006.0001.001.umich.edu/page/28/mode/1up
101. The numerical တ, one, combined with a numerical auxiliary reduplicated, as တခုခု, တယောက်ယောက်, denotes any one, some one (out of several); when combined with a numeral auxiliary, and the combination reduplicated, as တခု တခု, တယောက် တလေ (sometimes reversed), it denotes a few now and then one, here and there one; when combined with a numeral auxiliary, and preceded by the same numeral, combined with စုံ, as တစုံတခု, တစုံတယောက်, it denoted some one, indefinite.
ဒေါက်တာတင့်ဆွေ



Comments
Post a Comment