Skip to main content

Around the World ကမ္ဘာပတ်လည် ဇာတ်လမ်းနှစ်ပုဒ်

(တိုင်းပြည်ထွက်ပြေး နိုင်ငံရေးလုပ်သူတယောကဟိုရောက်ဒီရောက်)

Around the World in Eighty Days ကမ္ဘာပတ်လည် ရက်ရှစ်ဆယ် အင်္ဂလိပ်စာအုပ်ကို ဆယ်တန်းမှာ ပြဋ္ဌာန်းတော့ ကျွန်တော်တိုကပ်လွဲတယ်။ ကြိုးစားပြီး ငှားဖတ်တယ်။

၁၈၇၃ ခုနှစ်မှာ ပြင်သစ်စာရေးဆရာ Jules Verne ဂျူလီးစ်ဗန်းရေးတဲ့ စိတ်ကူးယဉ်ဝတ္တု။ အလွန်စိတ်ဝင်စားစရာ ကောင်းတယ်။ ရုပ်ရှင်တွေရိုက်တာလည်း ကြည့်ဖူးတယ်။ ဆယ်တန်းစာအုပ်လောက် မကြိုက်။

ကျွန်တာ်သဘောကျတာ တခုရှိတယ်။ ဇာတ်လိုက် Phileas Fogg ဖေါ့ဂ် ရဲ့ တပည့် ပြင်သစ်လူမျိုး Jean Passepartout ပါစီပါတောက်။ ဖေါ့ဂ်က အလွန်တိကျတဲ့လူ။ အရင်တပည့်က သူမုတ်ဆိတ်ရိတ်တဲ့ရေကို 86 °F (30 °C) အပူချိန်ရှိတာကို ယူလာရမဲ့အစား 84 °F (29 °C) နည်းနည်းအေးတာ ယူလာမိလို့ အလုပ်ထုတ်လိုက်ပြီး ပါစီပါတောက်ကို ခန့်တယ်။

အရှေ့ရပ်ကနေထွက် အနောက်ရပ်ကနေပြန်လာတယ်။ ကမ္ဘာပတ်ပြီး ရက်ရှစ်ဆယ်တိတိနေ့မှာ အရောက်ပြန်လာနိုင်လို့ လောင်းကြေး ပေါင် ၂ သောင်း နိုင်တယ်။ ခုခေတ်ဆို ပေါင် ၂ သိန်းကျော်တယ်။

ဖေါ့ဂ်က သူရတာကို တပည့်ကျော်ကို ခွဲပေးတယ်။ ဒါပေမဲ့ အိမ်ကစထွက်တာ့ မီးပိတ်ခဲ့ဘို့ မေ့တဲ့အတွက် ဒဏ်ကြေး နှုတ်ယူလိုက်ပါသတဲ့။ အဲဒီခေတ်က လျှပ်စစ်မဟုတ်။ ဓါတ်ငွေ့မီး။ ခုခေတ်လိုဆို မီတာကြေး။

မီတာစာတွေဖတ်ရလို့ သတိရတာနဲ့ ရေးပါတယ်။ မီးခလုတ်ပိတ်ဖို့ မမေ့ကြပါနဲ့။

ဇာတ်လိုက်က ကမ္ဘာပတ်တာ ရက်ရှစ်ဆယ်သာကြာတယ်။ ကျွန်တော်ကမ္ဘာပတ်တာကတော့ ၁၉၉၀ အကုန်ကနေ ၂၀၁၈ အထိ၊ ၂၇ နှစ်ခွဲကြာတယ်။

ကျွန်တော့် မီးခလုတ်တွေရှိခဲ့တဲ့ ပုလဲမြို့လေးကနေအိမ်ကတော့ ယိုယွင်းပျက်စီးနေပါပြီ။

ကျွန်တော်ကတော့ အနှစ် ၂၀ အတွင်း နိုင်ငံရေးတာဝန်အရ ကမ္ဘာကို ပတ်ခဲ့ရပါတယ်။ အတိအကျဆိုရင် ၂၇ နှစ်ခွဲကြာတယ်။ ၁၉၉၀ ခုနှစ် ဒီဇင်္ဘာလနောက်ဆုံးပတ်မှာ နေအိမ်နဲ့ မြန်မာပြည်ကနေထွက်ရပြီး ၂၀၁၈ ခုနှစ် ဧပြီလ သင်္ကြန်အပြီးမှာ မြန်မာပြည်ကို တခေါက်တိတိ အလည်ပြန်ရောက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ