Skip to main content

ဝိပဿနာရှုနည်းကျမ်း

မဟာစည်ဆရာတော်ဘုရားကြီး
၂၀၁၄ (ပြန်ထုတ်)
ပထမတွဲ၊ စာမျက်နှာ ၁၃၇
စိတ္တဝိသုဒ္ဓိ ၁၃၇
- သိနားလည်ပြီး၍။ သအတ္ထပသုတော၊ ကိုယ့်ကိစ္စကိုသာ အားထုတ်သည်။ သိယာ၊ ဖြစ်ရာ၏။
အဓိပ္ပာယ်ကား။ ။ လောကီ ဘက်က ဆိုလျှင် သူတပါးအား တရာတန်၊ တထောင်တန်၊ အကျိုးကို ဆောင်ရွက်ပေးစေနိုင်ကာမူ ကိုယ့်အကျိုးမှ တကျပ်တန် တပဲတန်မျှကို သော်လည်း ဆုံးရှုံးစေ၍ မဆောင်ရွက်အပ်။ တရားဘက်ကဆိုလျှင် သူတပါးအား အရဟတ္တဖိုလ်တိုင်အောင် အကျိုးများစေနိုင်ကာမူ ကိုယ့်အကျိုးကိစ္စမှ သောတာပန် ဖြစ်စေနိုင်ရုံမျှ ကိစ္စကိုသော်လည်း မဆုံးရှုံးစေအပ်။ အဘယ်ကြောင့်နည်းဟူမူ — သူတပါး၏အကျိုး များစွာသည် မိမိအား အနည်းငယ်မျှ ချမ်းသာမစေနိုင်သည်မဟုတ်၊ မိမိ၏ အကျိုးသည်သာလျှင် သေးငယ်သော်လည်း မိမိအား အထိုက်အလျောက် ချမ်းသာစေနိုင်သောကြောင့် ပေတည်း။ သို့ဖြစ်၍၊ ကိုယ့်အကျိုးကိစ္စကို သိနားလည်ပြီးလျှင် ကိုယ့်ကိစ္စကိုသာ မပြတ် အားထုတ်ရမည်ဟူလို။ ကိုယ့်ကိစ္စချင်းပင် ဖြစ်သော်လည်း မြင့်မြတ်သောကိစ္စကိုအားထုတ်နေဆဲ၌ ယင်းကိစ္စကိုဖျက်၍ ယုတ်ညံ့သော ကိစ္စကို အားမထုတ်အပ်ပြီ။ ဥပမာ — တနေ့လျှင် ငွေတရာရသော လုပ်ငန်းကို လုပ်ကိုင်နေသောသူသည် ယင်းအလုပ်ကို စွန့်လွှတ်၍ တနေ့လျှင် ငွေတကျပ်သာ ရသောအလုပ်ကို မလုပ်သင့်သကဲ့သို့ ပေတည်း။ ထို့ကြောင့်၊ အဋ္ဌကထာ၌ ဤသို့မိန့်ဆို၏။
အတ္တဒတ္ထံ န ဟာပေယျတိ ဘိက္ခုနာ နာမ သံဃဿ ဥဗ္ဘန္တ စေတိယ-ပုဂ္ဂိသရီရကာဒိ ကိစ္စံ ဝါ၊ ဥပဇ္ဈာယာဒိ ဝတ္တံ ဝါ၊ န ဟာပေတဗ္ဗံ။ အာဘိသမာစာရိကဝတ္တံ ပူရေန္တေနေဝ အရိယဖလာဘိနိ သတ္ထံ ကရောတိ။ တသ္မာ အယမ္ပိ အတ္တဒတ္ထော ယေဝ။ ယော ပန အတ္တရတ္ထံ ဝိပဿကော အတ္ထ ဝါ၊ သုခေ ဝါ၊
မှတ်ရန်
သူတပါးအား
တရာတန် တထောင်တန်
တကျပ်တန်
တပဲတန်မျှကို
သူတပါးအား
သူတပါးကို
သူတပါး၏အကျိုး
တနေ့လျှင် ငွေတရာရသော
တနေ့လျှင် ငွေတကျပ်သာ
ပထမဆုံးကျမ်းကို ၁၃၀၅ (၁၉၄၃) ခုနှစ်မှာ စတင်ထုတ်ဝေပါတယ်။
မူရင်းကျမ်း နှစ်တွဲလုံး စာလုံးပေါင်းသတ်ပုံတွေ မှန်တယ်။
ပြန်ထုတ် တချို့မှန်။ ပြန်ထုတ် အများစုက မှားတယ်။
အခုခေတ်မှာ
- သတ်ပုံမှားသောတရား၊
- သတ်ပုံမှားသော ရသစာ၊ သုတစာ၊ ဘာသာပြန်စာ၊
- သတ်ပုံမှားသောကဗျာ၊ သတ်ပုံမှားသောမြန်မာစာ ကိုသာ သင်ကြား၊ ထုတ်ဝေ၊ ရေးသား၊ ဖတ်ရှုနေကြရပါတော့တယ်။
"တရား" စာလုံးကိုပင် မှန်အောင်မရေးတတ်သူတွေက တရားစာမျက်နှာတွေဖွင့်ထားကြတယ်။
 တရားစာတွေ တင်နေကြတယ်။ ဘုရားပုံတွေရောင်စုံနဲ့။
"တစ်ရားတော်" သာဝကတွေကလည်း ထောင်သောင်း။
ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ