Skip to main content

Indian and Arab foods in Burma အိန္ဒိယနှင့် အာရပ် အစားအစာများ

မြန်မာပြည်တွင် အိန္ဒိယနှင့် အာရပ် (Arabic / Middle Eastern) အစားအစာများကို အလွန်များစွာ သုံးစွဲလာကြပါသည်။ မြန်မာနိုင်ငံ၏ သမိုင်း၊ ဘာသာရေး (ဗုဒ္ဓ၊ ဟိန္ဒူ၊ အစ္စလာမ်) နှင့် စီးပွားရေး ဆက်ဆံရေးကြောင့် အကျိုးသက်ရောက်မှု ရှိလာခြင်းဖြစ်သည်။
Aloo from Hindi အာလူး 
Aloo Puri အာလူးပူရီ 
Aloo Samosa (Potato Samosa) အာလူး စမူဆာ
Belacan Sauce ဘာလချောင် ပီနန်ကလာတဲ့စကားလုံးဖြစ်ပါတယ်။
Biryani ဒန်ပေါက်
Chana Masala / ချနာမစာလာ ဂျွန်းပဲဟင်း – “ပဲမုန့်” အဖြစ် သုံးတတ်ကြသည်။
Chapati from Hindi ချာပါတီ
Chapati ချပါတီ (ဆီမပါ)
Chicken Keema Samosa ကြက်သား ကီးမာ စမူဆာ
Chicken Madras Samosa ကြက်သား မဒရပ်စ် စမူဆာ
Cocktail Samosa အစုံပါ စမူဆာ
Crispy Onion Pakoda ကြက်သွန်ကြော်၊
Cutlet from Hindi ကတ်တလက် (ကတ်တလိပ်)
Dahi ဒိန်ချဉ်
Dum Biryani / Danpauk ဒန်ပေါက်၊ ဒမ်ပေါက်၊ ဒံပေါက်။
Dum pukht from Persia ဒန်ပေါက် 
Falafel ဖလာဖယ် – ပဲလုံးကြော်အမျိုးအစား၊ ရန်ကုန်၊ မန္တလေးရှိ အာရပ်ဆိုင်များတွင် တွေ့ရသည်။
Faloodeh from Persia ဖာလူဒါ 
Gobhee from Hindi ဂေါ်ဖီထုပ် 
Halva from Middle East ဟာလဝါ 
Halwa ဟာလွါ – ဟာလဝါ။
Indian naan နံပြား (ဆီမပါ)
Jalebi from Hindi ဂျလေဘီ 
Kebab ကက်ဘက် – ခဘတ် (ခါးဘတ်) “ကြက်/အမဲ” အနေနှင့် အသုံးများ။
Keema / mince curry – အမဲသားကီးမား၊ ဆိတ်သားကီးမား၊ ကြက်သားကီးမား၊ ကီးမားပလာတာ။
Kulfi from Tamil ကူလ်ဖီး 
Lassi လက်ဆီ – နို့ဆား၊ နို့ချိုနဲ့ သစ်သီးပေါင်းစပ်ထားသည်။
Malai from Bengali မလိုင် 
Mandi Rice / Arabic Biryani မန်ဒီ – အာရပ်အလွှာနှင့် အဆင့်မြင့်စားသုံးဆိုင်များတွင် ခေတ်စားလာသည်။
Masala Dosa မဆလာ ဒိုဆာ
Masala from Hindi မဆလာ 
Mutton Keema Samosa ဆိတ်သား ကီးမား စမူဆာ။
Naan & Curry နန်ပေါ်ရည်
Naan from Persia နံပြား 
Nankatai from Urdu နံကထိုင် 
Onion Pakoda ကြက်သွန်ကြော်၊
Onion Samosa ကြက်သွန်နီ စမူဆာ
Paratha / Paratha ပရာတာ / ပလာတာ
Paratha from Hindi ပလာတာ 
Paratha ဆိုတာ parat နဲ့ atta တွဲထားတဲ့စာလုံး။ atta ဂျုံနဲ့လုပ်ရတာ။
Paratha ပရာထား (ပရာသား)
Paratha ပလာတာ (ထပ်တရာ) ဆီပါ။
parauntha, prontha, parontay, paronthi (Punjabi), paratha, palata, porotha (အာသန် အခေါ်), forota (ဆေးရှဲလ် အခေါ်), farata (မောရိရှပ် နဲ့ မောလ်ဒိဗ် အခေါ်), roti canai, prata (တောင်အာရှ အခေါ်), paratha, buss-up shut, oil roti (ကရစ်ဘီယံ အခေါ်)။
Prata ပရာထာ
Punjabi Samosa ပန်ဂျပ် စမိုဆာ၊
Puri from Hindi ပူရီ 
Puri ပူရီ (ဆီပါ)
Roti (ရိုတီး), Chapati (ချပါတီ) လို့လည်း ခေါ်တယ်။ အင်္ဂလိပ်လို Indian Bread တဲ့။ Indian Roti ရိုတီးနဲ့ Chapati ချပါတီအသုံးကလည်း များတယ်။
Roti ရိုတီး
Samos from Persia စမူဆာ 
Samosa စမူဆာအမျိုးမျိုး 
Shawarma ရှာဝါမား 
South Indian Pakoda တောင်ပိုင်း အင်ဒီးယန်း ပကိုဒါး၊
Turkey Samosa ကြက်ဆင်သား စမူဆာ
Vada from Hindi ဘယာကြော် 
Vegetable Pakora မြန်မာလို အကြော်စုံ၊
ပြည်တွင်းမှာ ပလာတာခေါ်တာကို ဒေလီမှာ Indian paratha (ပရာထား) ခေါ်တယ်။ ထပ်တရာခေါ်တာက အိန္ဒိယမှာ ရှားတယ်။ နံပြားတော့ရှိတယ်၊ အတော်ကြီးတယ်။ ပဲနဲ့မစား၊ ဟင်းအမျိုးမျိုးနဲ့သာစားတယ်။ ဟော်တယ်တွေ စားသောက်ဆိုင်တွေမှာ Indian naan (နန်) ခေါ်တာကို ထောပတ် သုတ်ထားတယ်။ ဆီမပါပဲ အိုးကင်းပူတိုက်တာကို Indian roti (ရိုတီး) လို့ ခေါ်တယ်။
Samosa စမူစာနဲ့ သုံးဒေါင့်ချင်းတူတာ ဒေလီမှာ Pakora (ပဂိုးဒါး) ခေါ်တာ အာလူးသာပါပြီး၊ အရွယ်ကြီးတယ်။ ကျွန်တော်က မကြိုက်ပါ။ အိန္ဒိယတောင်ပိုင်းက (မဒရပ်စ်) ခေါ် (ချနိုင်း) မှာက ကျွန်တော်တို့စမူစာနဲ့ တထေရာတည်း။
စမူဆာကို စမူဆေးခေါ်တာ။ ပဂိုဒါက အသီးအရွက်ကို ပဲမှုန့်နှစ်နဲ့ ကြော်တာရယ် ပေါင်မုန့်ကို အာလူးညှပ်ပြီး ပဲမှုန့်နှစ် လူးပြီးကြော်တာကိုခေါ်တယ်။
Paratha ပရာထား ပရာသား ပလာတာ ထပ်တရာ စမူစာ စမူဆာ စမိုဆာ https://burmese-spelling.blogspot.com/2024/11/paratha.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ