Skip to main content

ခက်ခဲလှပါတယ် မောပါလှတယ်

ကွန်မင့်တခု = ခက်ခဲလှပါတယ် ဆိုတဲ့ စကားစုမှာ လှ ဆိုတဲ့ အသုံးက အရင်ကမရှိဘူးနော်။

ပြန်စာ

- ကျွန်တော်တို့ရှင်သန်ရတဲ့လူ့ဘဝကို ရဖို့ခက်ခဲလှပါတယ်လို့ အမြဲကြားဖူးနေကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီး ကြားဖူးမှာပါ။ လူ့ဘဝက ရဖို့ခက်ခဲလှသလို ကုန်ဆုံးဖို့ကတော့ လွယ်ပါတယ်။

- ခက်ခဲလှပါတယ်ဆိုတဲ့အခြေအနေနဲ့ ကိုယ်ခွဲစိတ်ပေးခဲ့တဲ့ လူနာက ကိုယ့်ရှေ့မှာ အကောင်းအတိုင်းခဏခဏဖြတ်သွားတာကို မြင်ရတဲ့အခါ ကြက်သီးထအောင် ကြည်နူးရတယ်

- ဖြေဆိုရန်ခက်ခဲလှသည် စိတ်ဓာတ်ကျနေတဲ့အခန်းထဲလမ်းလျှောက်နေစဉ် မျှော်လင့်ခြင်း တံခါးမကြီးကပေါက်ပြဲနေတယ်။

- ခက်ခဲလှတဲ့ ဘဝကြီးမှာ သေရဲမှ သတ္တိရှိတာ မဟုတ်ဘူး။

- ခက်ခဲလှတဲ့ မိခင်ဘွယ် ဒါရိုက်တာဂီတရဲ့ စွန့်စားခန်း ‍ ‍ ခက်ခဲရပါတယ်

- ခက်ခဲလှတဲ့ ဘဝတွေက လှအောင်ဆိုသွားတဲ့ အမ..

- ခက်ခဲလှတဲ့ ဘဝကြီးမှာ သေရဲမှ သတ္တိရှိတာ မဟုတ်ဘူး။

- ခက်ခဲလှတဲ့ နေ့ရက်တွေကို

- ခက်ခဲလှတဲ့လူ့ဘဝ တခါတ​လေမှာ​တော့လည်း

လှ (နဝိ)

၁။ ရှုချင်စဖွယ် တင့်တယ်သောအဆင်း။

၂။ ကောင်းမွန်ချောမောသာ။

လှ (စည်း)

၂။ ကြိယာ၏သဘောကို လေးနက်အောင် အလွန်အမင်းဟူသောအနက်ဖြင့် ဖြည့်ဆက်သောစကားလုံး။

ငတ်မွတ်ရှားပါးလိက ခိုးသားထားပြလူပြောလှ၏။

၂။ ကြိယာ၏သဘောကို လေးနက်အောင် အကြိမ်ကြိမ်အထပ်ထပ်ဟူသော အနက်ဖြင့် ဖြည့်ဆက်သောစကားလုံး။

ရှေး၌လည်း ပြဆိုခဲ့လှပြီ။

ကိုယ်ပြန်လာပြီ

"တေလေငှက်"

ရေး - မောင်ဆွေတင့်

ဆို - ဝင်းဦး

-

အိပ်မပျော် တယ်

မောင့်ဆီပြန်လို့ အမြန်လာပါကွယ်

မျှော်ရသူလဲ အတွေးပင်လယ်ကြောဝယ်

မောပါလှတယ်

https://www.youtube.com/watch?v=HNAHEQ-UkM8

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ