ကွန်မင့်တခု = ခက်ခဲလှပါတယ် ဆိုတဲ့ စကားစုမှာ လှ ဆိုတဲ့ အသုံးက အရင်ကမရှိဘူးနော်။
ပြန်စာ
- ကျွန်တော်တို့ရှင်သန်ရတဲ့လူ့ဘဝကို ရဖို့ခက်ခဲလှပါတယ်လို့ အမြဲကြားဖူးနေကြမှာပါ။ ဗုဒ္ဓဘာသာဝင်တွေဆို ပိုပြီး ကြားဖူးမှာပါ။ လူ့ဘဝက ရဖို့ခက်ခဲလှသလို ကုန်ဆုံးဖို့ကတော့ လွယ်ပါတယ်။
- ခက်ခဲလှပါတယ်ဆိုတဲ့အခြေအနေနဲ့ ကိုယ်ခွဲစိတ်ပေးခဲ့တဲ့ လူနာက ကိုယ့်ရှေ့မှာ အကောင်းအတိုင်းခဏခဏဖြတ်သွားတာကို မြင်ရတဲ့အခါ ကြက်သီးထအောင် ကြည်နူးရတယ်
- ဖြေဆိုရန်ခက်ခဲလှသည် စိတ်ဓာတ်ကျနေတဲ့အခန်းထဲလမ်းလျှောက်နေစဉ် မျှော်လင့်ခြင်း တံခါးမကြီးကပေါက်ပြဲနေတယ်။
- ခက်ခဲလှတဲ့ ဘဝကြီးမှာ သေရဲမှ သတ္တိရှိတာ မဟုတ်ဘူး။
- ခက်ခဲလှတဲ့ မိခင်ဘွယ် ဒါရိုက်တာဂီတရဲ့ စွန့်စားခန်း ခက်ခဲရပါတယ်
- ခက်ခဲလှတဲ့ ဘဝတွေက လှအောင်ဆိုသွားတဲ့ အမ..
- ခက်ခဲလှတဲ့ ဘဝကြီးမှာ သေရဲမှ သတ္တိရှိတာ မဟုတ်ဘူး။
- ခက်ခဲလှတဲ့ နေ့ရက်တွေကို
- ခက်ခဲလှတဲ့လူ့ဘဝ တခါတလေမှာတော့လည်း
လှ (နဝိ)
၁။ ရှုချင်စဖွယ် တင့်တယ်သောအဆင်း။
၂။ ကောင်းမွန်ချောမောသာ။
လှ (စည်း)
၂။ ကြိယာ၏သဘောကို လေးနက်အောင် အလွန်အမင်းဟူသောအနက်ဖြင့် ဖြည့်ဆက်သောစကားလုံး။
ငတ်မွတ်ရှားပါးလိက ခိုးသားထားပြလူပြောလှ၏။
၂။ ကြိယာ၏သဘောကို လေးနက်အောင် အကြိမ်ကြိမ်အထပ်ထပ်ဟူသော အနက်ဖြင့် ဖြည့်ဆက်သောစကားလုံး။
ရှေး၌လည်း ပြဆိုခဲ့လှပြီ။
ကိုယ်ပြန်လာပြီ
"တေလေငှက်"
ရေး - မောင်ဆွေတင့်
ဆို - ဝင်းဦး
-
အိပ်မပျော် တယ်
မောင့်ဆီပြန်လို့ အမြန်လာပါကွယ်
မျှော်ရသူလဲ အတွေးပင်လယ်ကြောဝယ်
မောပါလှတယ်
https://www.youtube.com/watch?v=HNAHEQ-UkM8
ဒေါက်တာတင့်ဆွေ

Comments
Post a Comment