Skip to main content

တို့ဗမာသခင်ဂုဏ်ရည်

မက်ဆေ့ချ်တခု = ​မြန်မာစာ/မြန်မာစကား စိတ်ပျက်စရာကောင်းလောက်အောင်ကို ပျက်စီးနေတာ။ ၉၉%သော ရန်ကုန်နေလူထုက အရှေ့အနောက်မသိ။

ပြန်စာ

အရှေ့အနောက်၊ တောင်မြောက် မသိသူ၊ စာကို မှန်အောင်မရေးတတ်သူ၊ အသံထွက်မှန်အောင်မထွက်တတ်သူတွေ …

နေပြည်တော်ကနေ စပါတယ်။

ပူတာအိုကနေ ကော့သောင်။ ကုလားတန်မြစ်ကနေ ရွှေတရိဂံ။

အလယ်ပိုင်းမှာ အထက်အညာ၊ အောက်အညာ၊ မြေလတ်။

အောက်ပိုင်းမှာ ဧရာဝတီ၊ ပဲခူး။

အနောက်ရိုးမ၊ အလယ်ရိုးမ၊ အရှေ့ရိုးမ။

ပြည်ပနိုင်ငံတွေ …

ဂျပန်ကနေ ဖော့ကလန်ကျွန်း။ အိုက်စလန်ကနေ တက်စ်မေးနီယားကျွန်း။ အရှေ့အလယ်ပိုင်း၊ တောင်နဲ့ မြောက် အမေရိက။ အာဖရိက၊ ဆိုက်ဘေးရီးယား။ အိမ်နီးချင်း ရှိရှိသမျှတိုင်းပြည်တွေမှာ

မြန်မာစကားပြောသူတွေ မနေတဲ့ တိုင်းပြည် မရှိ။

မြန်မာစာကို မှန်အောင်ရေးတတ်သူ၊ မှန်အောင်ရေးရဲသူနဲ့ မှန်အောင်ရေးခွင့်ရှိသူ အရေအတွက် စာရင်းကောက်ရင် စာမျက်နှာ ၂၀ ပါ ဗလာစာအုပ် တအုပ်စာလာက်သာ ရှိနိုင်တယ်။

သို့သော် …

မြန်မာစာ သေသွားမည်မဟုတ်။ အိုနာကျိုးကန်း။ (ကန်တော့)

မြန်မာစာ ပျောက်လည်းသွားမည်မဟုတ်။ ဆေးရုံမတက်ချင်၊ ကုန်ကျစရိတ်မတတ်နိုင်တဲ့ နာတာရှည်လူနာ။ (ကန်တော့)

သို့သော် …

ပန်းပန်လျက်။ သနပ်ခါးလူမပျက်။ မုန့်ဟင်းခါး စားလျက်။

ပုဆိုးနဲ့ တိုက်ပုံဝတ်ပြီး မောက်မာ၊ ဝါကြွားလျက်။

တို့ဗမာသခင်ဂုဏ်ရည် သီချင်း ဝိုင်အမ်ဘီ သခင်တင် ရေးသားဂုဏ်ပြု၍ ခင်ညွန့်ရည် ပြန်လည်သီဆိုသည်

https://soundcloud.com/dobamaasiayone/dobamathakhin?in=thein-aung-13/sets/tisyhfnduvfn

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ