မင့်တခု = က ပီးမှ ပြားချင်လား၊ ကာ ပီးမှ ပြားချင်တာလား ဆရာ။ မမ ၀၀ ထထ က အက ပထမ (ကဗျာ) က (တီခုန်ဖော်ဖြေခြင်းမှာ အဓိကရည်ရွယ်တယ် ကာ (ဟိုဘက်နဲ့ ဒီဘက်ကြားမှာ ကြာခံအနေနဲ့သုံးတယ်) ကား (...) ကားပြားတာက အမှန်ပါဆရာ (ဆရာစက္ကပါလ)
မေးခွန်းတခု = ကာပြား၊ ကပြား၊ (ဘယ်ဘာအမှန်လဲဆိုတာာမသိလို့ပါ)နဲ့ပြောပြောနေကြတယ်။ ကာပြား- ကပြား ဆိုတာ မျိုး မစစ် တာကို ဆိုလိုတာလားဗျ
(၁)
ကပြား = လူမျိုးချင်း မတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။
(မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈)၊ စာမျက်နှာ ၅။
(၂)
ကပြား (ဝစ်ရှင်နရီ)
လူမျိုးချင်းမတူသော မိဘနှစ်ပါးမှ ပေါက်ဖွားသူ။ ဗန္ဓတ်။
မြန်မာပြည်တဝှန်းလုံးအတွက် အင်္ဂလိပ်ကပြားမင်းတိုင်ပင်တဦးသာ။ သရာဇ။ ၂၄၁။
(၃)
ကပ်ပါး မှ စကားရွေ့လျှော၍ ယခုအခါ ကပြား ဟုခေါ်သည်။ (ကပြားပြဿနာ - မောင်ပုလေး ၁၃၀၁)၊ နိဒါန်း။
https://burmastudiesgroup.com/wp-content/uploads/2022/06/half-cast-problem.pdf
(၄)
လူမျိုးစု မတူသူတွေ အတူနေရာကနေ သွေးနှောကပြားတွေ တကမ္ဘာလုံးမှာ ရှိပါသည်။ လွန်ဆန်လို့ မရပါ။
ဘာသာရေးတွေမှာပါ အရောတွေ တကယ်ပင်ရှိပါသည်။
ကပြားဆိုတာ လူမျိုးမတူတာကို ရောထားတာသာ မဟုတ်ပါ။ အမျိုးမတူတာတွေကို ရောတာတိုင်းကိုလည်း ကပြားလို့ သုံးနိုင်ပါတယ်။
အလားတူ အဝတ်အစား အထက်ကမြန်မာလို အောက်က ဘိုလို။
အခုခေတ်မှာ စာရေးတာ စကားပြောတာ ကပြားတွေ များလာတယ်။
မြန်မာစကားလုံးတွေထဲမှာ တခြားဘာသာစကား စာလုံးတွေ များများလာနေသည်။ နည်းပညာဝေါဟာရတွေ မထည့်မဖြစ်သုံးကြရပါမည်။
ယဉ်ကျေးမှုတွေလည်း ရောနှောလာသည်။ အဝတ်အစား၊ အစားအသောက်တွေလည်း ရောနှောလာကြသည်။
"Good night ပါ" တဲ့။ ကပြား။
"Good night par" တဲ့။ ကပြား နောက်တယောက်။
"မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့" (ဆရာ ဦးအောင်သင်း)
၁) လွတ်လပ်ခါစကာလ
လွတ်လပ်ရေးရခါစ ကာလကနေ ၁၉၆၄ ခု လောက်ထိ ရန်ကုန်တက္ကသိုလ်ဟာ အရှေ့တောင်အာရှမှာ အကောင်းဆုံး ဖြစ်ခဲ့တယ်။ အိမ်နီးချင်းနိုင်ငံက ပညာသင်တွေ လာသင်ကြတယ်။ မလေးရှား၊ စင်ကာပိုမှာ ရန်ကုန် တက္ကသိုလ်ထွက်တွေ ရဲ့ သားသမီး၊ မြေးတွေတွေ့ခဲ့ရတယ်။ မလေးရှားဝန် ကြီးချုပ် ဒေါက်တာမဟာသယာနဲ့ ခဏလေးတွေ့တဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ကို ရောက်ဖူးကြောင်း၊ အလွန်ကောင်းကြောင်း ပြောသွားသေးတယ်။ ပို့ချရာမှာ အင်္ဂလိပ်ဘာသာသုံးတယ်။ မျက်နှာဖြူဆရာတွေ ကုလားဆရာတွေ၊ ကပြား ဆရာတွေလည်း အများသား။ ၁၉၆၄ မှာတော့ တရုပ်တွေ ကုလားတွေကို ပြည်နှင်ဒဏ်ပေး၊ ပညာရေးစံနစ်သစ် ကျင့်သုံးလာကြတယ်။ ။
ကိုယ်ပိုင်အတွေ့အကြုံ
၁၉၆၄-၆၅ မှာ စနစ်သစ်ပညာရေးလို့ပြောင်းတော့ အစဉ်အဆက်အင်္ဂလိပ်လိုသာသင်လာခဲ့ရာကနေ မြန်မာလိုပါ သင်တယ်။ ဆေးကျောင်း မဌမနှစ် စာမေးပွဲမှာ မြန်မာစာလိုရော အင်္ဂလိပ်လိုပါ ဖြေလို့ရတယ်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment