Skip to main content

ရွှေပြည်တော် အရေး အဖွဲ့ အဆိုများ

ရွှေပြည်တော် အရေး အဖွဲ့ အဆိုများ
(တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား)
(၁)
ရွှေပြည်တော် မျှော်တိုင်းဝေးစာအုပ်ကို ဗန်းမော်တင်အောင်ကရေးပါတယ်။ ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလမှာ ပထမအကြိမ် ထုတ်တယ်။
မိမိ၏ လမ်းအတိုင်း တလှမ်းချင်း ပင်ပန်းလေးလံစွာ လျှောက်လိုက်လာရစဉ် ဂန့်ဂေါ်မြိုင်ဘက်ဆီမှ ဂျိုးကူသံကို ကြားမြဲကြားနေရ၏။ အေးချမ်း ဆိတ်ငြိမ်လျက်ရှိသော တောရတခွင် ပတ်ဝန်းကျင်တွင် အထီးကျန်ဖြစ်သော ဂျိုးကူသံသည်သာ ပြန့်လွင့်လျက်ရှိပါ၏။
ပြန်ထုတ်တွေမှာတော့ သတ်ပုံတွေပြင်ထားတယ်။
(၂)
ရွှေပြည်တော်ရမ်းရော်မိသည်... ဘယ်ဝယ်မြောက်တောင်.. မှန်း ရွှေတိမ်တောင် နီး နီးခဲ့ပြီ..
ဆို စောင်း သိန်းဖေ။
(၃)
ဤစာသားသည် မြန်မာ့ဂန္ထဝင်စာပေ၊ အထူးသဖြင့် တောင်ငူခေတ် ရတုကဗျာများတွင် တွေ့ရလေ့ရှိသော ရွှေပြည်တော်ကို လွမ်းဆွင်တမ်းတသည့်အဖွဲ့အနွဲ့ဖြစ်သည်။
အဓိပ္ပါယ် - "ရွှေပြည်တော်ကို လွမ်းဆွတ်တမ်းတမိလိုက်တာ၊ ဘယ်အရပ်မှာရှိမှန်းမသိဘဲ ရွှေတိမ်တောင်တွေကို မျှော်လင့်ရင်းနဲ့ ရွှေပြည်တော် (အိမ်ပြန်လမ်း/မျှော်မှန်းရာ) နားကို ရောက်လာခဲ့ပြီ" ဟု အဓိပ္ပါယ်ရသည်။
စကားလုံးအဓိပ္ပါယ် -
ရွှေပြည်တော် - မင်းနေပြည်တော် (သို့မဟုတ်) တမ်းတရသူရှိရာအရပ်။
ရမ်းရော် - လွမ်းဆွတ်တမ်းတသည်။
ဘယ်ဝယ်မြောက်တောင် - အရပ်မျက်နှာကို ဝေခွဲမရအောင် ရှာဖွေခြင်း။
ရွှေတိမ်တောင် နီးနီးခဲ့ပြီ - အိပ်မက်လို လှပသောနေရာ (သို့မဟုတ်) ရည်မှန်းချက်နားသို့ နီးကပ်လာပြီ။
ဤသည်မှာ လွမ်းဆွတ်မှု၊ မျှော်လင့်ချက်နှင့် ခရီးတခုကို တင်စားထားသော ကဗျာဆန်သည့် စာသားဖြစ်သည် Win Metta။ 
(၄)
တောင်ငူမင်းဆို ရတုစာတော်
(ရှင်ဥက္ကံသမာလာ အဖြေ)
(တသောင်းရှစ်ပြန်၊ လေးထောင်လွန်သား)
(၅)
ပြင်သိင်္ဂါပတ်ပျိုးကလေး ရွှေပြည်တော်သည်
ရေး -   မြဝတီမင်းကြီးဦးစ
ဆို - ဂီတလုလင် မောင်ကိုကို  
မြန်မာတေးပေါင်းစုံ အဖွဲ့မှ
(၆)
မြသန်းတင့်၏ "ရွှေပြည်တော်မျှော်တိုင်းဝေး" ဝတ္ထုကြီးမှာ အိန္ဒိယပြည်ကို နောက်ခံထား၍ ရေးသားသည့်ဝတ္ထုကြီးဖြစ်၍ ဇာတ်ဆောင်များမှာ အင်္ဂလိပ်စစ်ဗိုလ်ကလေး အက်ရှ်နှင့် အိန္ဒိယ မဟာရာဇာတဦး၏ ကပြားသွေးစပ်သော သမီးတော်တဦး
(၇)
ရွှေပြည်တော် အလွမ်း - တေးရေး - ကိုဇော် ( ကံပေါ်သား) ဆို _ မေသူ
(၈)
ရွှေပြည်တော် မျှော်တိုင်းဝေးသီချင်းကို အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇောကရေးပြီး ခင်ညွန့်ရည်ကဆိုပါတယ်။ ဂီတမှုးက စန္ဒရားတင်ဝင်းလှိုင်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

တ - စသတ်စရာမလိုတဲ့ တအသုံးများ

စသတ်စရာမလိုတဲ့ တ အသုံး ၃၉၈ လုံးရှိတယ် 1. ငတရော် (ရေစကြိုမြို့နယ်) 2. ငါ့တရော် (စစ်ကိုင်း မြို့နယ်) 3. တကတဲ 4. တကျွန်းကျ 5. တကယ်တမ်း 6. တကယ်အမှန် 7. တကွ (အတူတကွ) 8. တကွနက် = တပြိုင်နက် 9. တကွဲတပြား 10. တကာ = တတွေ = အများတကာ 11. တကားကား 12. တကုပ်ကုပ်လုပ်နေသည် 13. တကိုယ်တည်း 14. တကိုယ်ကောင်း 15. တကိုယ်ရေတကာယ 16. တကူးတက 17. တကူးတကန့် 18. တကဲ့အဟုတ် 19. တကျက်ကျက် ရန်ဖြစ်နေကြသည် 20. တကျည်ကျည် ငိုနေသည် 21. တကျိတ်တည်း တဉာဏ်တည်း 22. တကျူကျူငို 23. တခဏချင်း 24. တခဏပန်း 25. တခန်းရပ် 26. တချွင်ချွင်မြည်နေသည် 27. တချွတ်ချွတ်မြည်သံ 28. တခမ်းတနား 29. တခွင်တပြင် 30. တခါတည်း 31. တခါတရံ 32. တခါတခေါက် 33. တခါတလေ 34. တခိခိ တချိချိ ရယ်သည် 35. တခုခုစားပါ 36. တခုတလေ 37. တခုလပ် 38. တခို 39. တခဲနက် = တလုံးတစည်းတည်း 40. တခဲထွေ = တပေါင်းတစည်းတည်း 41. တချက်တည်း 42. တချက်လွှတ်အမိန့် 43. တချာ = ပေါင်း = တဝေး = တစုတရုံးတည်း 44. တချိုးတည်းလစ်ပြီ 45. တချို့တဝက် 46. တချို့တလေ 47. တငမ်းငမ်း 48. တငိုငိုတရီရီ 49. တစံ့ = အနည်းငယ်မျှ 50. တစုံ (သင်္ကန်း) 51. တစုံတခု 52. တစုံတရာ 53. တစုံတဦး 54. တစုံတယောက် 55. တစစီ (တခုချင်း၊ အ...

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ