Skip to main content

လျင် လျှင် လျဉ်

လျင်လျင် ဆိုတာ များများ ဆိုတဲ့အဓိပ္ပါယ်လား ဆရာ။

ပေါရာဏစကားများ ဖြစ်ကြသော ‘လျင်ခုပ်။ လျင်ဆော။ လျင်လျား’ တို့မှာလည်း ‘မြန်မြန်။ အမြန်’ ဟူသောအဓိပ္ပါယ်များ ရှိကြသည်။ ‘ယခင်လ။ ယခင်နှစ်’ စသည်တို့တွင် ပါသော ‘ယခင်’ အစား ‘အလျင်’ကို သုံးကြသည်လည်း ရှိသည်။ ‘ကောက်လျင်။ နှမ်းလျင်။ ပဲလျင်။ ပြောင်းလျင်’ စသည်တို့တွင် ‘လျင်’ သည် အဦးကျကြောင်း ဖော်ပြသည်။ ‘လျင်’ ပါသော အခြားဝေါဟာရများမှာ ‘ငလျင်လှုပ်သည်။ လွန်းလျင်သွား၊ (ယက်ကန်းကိရိယာ)။ သန်လျင်မြို့။ အလျင်စလို’ စသည်တို့ဖြစ်ကြ၏။ အထက်ဖော်ပြပါ စကားလုံးတို့တွင် ပါသော ‘လျင်’ ကို မည်သည့်အခါမျှ ဟထိုးမထည့်ပါလေနှင့်။ ဤစာလုံးကို အသံထုတ်ကြရာ၌ ဟထိုးသံပို၍ ထုတ်တတ်ကြသဖြင့် စာရေးသားရာတွင်လည်း ထည့်တတ်ကြသည်ကို သတိပြုပါလေ။

ShanYoma Knowledge Bank

https://shanyomaelibrary.wordpress.com

ဟထိုးမပါသော ‘လျင်’ ကို များသောအားဖြင့် ကြိယာအဖြစ် သုံးကြသည်။ ကြိယာအဖြစ် အသုံးပြုသောအခါ ‘မြန်သည်။ အဦးကျသည်’ စသောအနက်အဓိပ္ပါယ်များ ရှိသည်။ ပေါရာဏစကားများ ဖြစ်ကြသော ‘လျင်ခုပ်။ လျင်ဆော။ လျင်လျား’ တို့မှာလည်း ‘မြန်မြန်။ အမြန်’ ဟူသောအဓိပ္ပါယ်များ ရှိကြသည်။ ‘ယခင်လ။ ယခင်နှစ်’ စသည်တို့တွင် ပါသော ‘ယခင်’ အစား ‘အလျင်’ကို သုံးကြသည်လည်း ရှိသည်။ ‘ကောက်လျင်။ နှမ်းလျင်။ ပဲလျင်။ ပြောင်းလျင်’ စသည်တို့တွင် ‘လျင်’ သည် အဦးကျကြောင်း ဖော်ပြသည်။ ‘လျင်’ ပါသော အခြားဝေါဟာရများမှာ ‘ငလျင်လှုပ်သည်။ လွန်းလျင်သွား၊ (ယက်ကန်းကိရိယာ)။ သန်လျင်မြို့။ အလျင်စလို’ စသည်တို့ဖြစ်ကြ၏။ အထက်ဖော်ပြပါ စကားလုံးတို့တွင် ပါသော ‘လျင်’ ကို မည်သည့်အခါမျှ ဟထိုးမထည့်ပါလေနှင့်။ ဤစာလုံးကို အသံထုတ်ကြရာ၌ ဟထိုးသံပို၍ ထုတ်တတ်ကြသဖြင့် စာရေးသားရာတွင်လည်း ထည့်တတ်ကြသည်ကို သတိပြုပါလေ။

ဟထိုးပါသော ‘လျှင်’ ကို မြန်မာသဒ္ဒါတွင် ကြိယာပစ္စည်းအဖြစ် အသုံးများသည်။ ကြိယာပစ္စည်းဟူရာ၌ အမှီပုဒ်စုနှင့်အခြေခံပုဒ်စုတို့ကို စည်းကမ်းသတ်မှတ်ခြင်းအနက်၌ စပ်ဟပ်ပေးသော ပစ္စည်းမျိုးဖြစ်သည်။ ‘သူပေးလျှင် ငါစားမည်’ ဟူသောဝါကျ၌ သူပေးမှ ငါစားမည်။ သူမပေးက ငါမစားဟု အနက်အဓိပ္ပါယ် ရသဖြင့် စည်းကမ်းသတ်မှတ်သောသဘောသို့ သက်ရောက်သည်။

ထို့ပြင် ‘လျှင်’ကို လေးနက်သောပစ္စည်းအဖြစ်လည်း သုံးနိုင်သေးသည်။ ‘အိုးတလုံးလျှင် လေးကျပ်ပေးရသည်’ ဟူသောဝါကျ၌ ‘လျှင်’ သည် တန်ဖိုးဖြတ်သောအိုးတလုံးကို လေးနက်စေသည်။

မြန်မာစာ ရေးသားရာတွင် ဟထိုးမပါသော ‘လျင်’နှင့် ဟထိုးပါသော ‘လျှင်’ ကို မကြာခဏ လွဲမှားရေးတတ်ကြသည်။  လွဲမှားရေးသားကြရာတွင်လည်း ဟထိုးအပိုထည့်သောလွဲမှားမှုက များသည်။ ထို့ကြောင့် ရှေးစာဆိုတို့သည် ‘လျင်’ နှင့် ‘လျှင်’ ကို ခွဲခြားရေးသားတတ်စေလိုသော ဆန္ဒမွန်ဖြင့် ယိုးဒယားမိဖုရားဧချင်းတွင် ‘နင်းလေနတ်ခွင်၊ ခန္ဓာလျင်က၊ ဘွားလျှင်သားချင်း’ ဟူ၍လည်းကောင်း၊ သူဇာပျို့တွင် ‘ကျွန်မအလျင်၊ ရောက်ဦးလျှင်မူ၊ သေရှင်မညှာ’ ဟူ၍လည်းကောင်း ခွဲထားသဘောမျိုး ရေးသားစပ်ဆိုခဲ့ကြသည် ဖြစ်ပေမည်။

ကျမ်းညွှန်း

ဦးတင်လှ(မဟာဝိဇ္ဇာ)၊ ဘာသာနှင့်စာပေ၊ အောင်မြေစာပေ၊ ရန်ကုန်မြို့၊ ၁၉၆၆ ခု၊ နှာ-၅၄-၅၅။

လျင်မြန်

အလျင်စလို

အလျင်လို လမ်းအိုလိုက်

အလျင်နှစ်က

မြေငလျင်

သံလျင်မြို့

ငလျင်တော်လည်း

ပဲလျင်

ဆောလျင်စွာ

လျင်လျား

လျဉ်

အလျဉ်မပြတ်

ဆံလျဉ်ချတားသည်

လျည်

ရောလျဉ်ကြော

ရေလျည်စမ်း

လျင်လျား = အလျင်အမြန်။

ထဘီရင်ရှားဝတ်ထားသည်

ဒေါက်တာတင့်ဆွေ

Comments