Skip to main content

ထားဝယ်မှိုင်း (Rangoon Creeper)

Quisqualis indica လို့ခေါ်ခဲ့ပြီး ယခုအခါ Combretum indicum ဟု တရားဝင် ခွဲခြားထားသော အပင်တက်လှည့် သီးနှံတမျိုး ဖြစ်ပါတယ်။

အင်္ဂလိပ်လို Rangoon creeper လို့ခေါ်ကြပြီး အခြားအမည်များအဖြစ် Chinese honeysuckle၊ drunken sailor တွေလည်း ရှိသေးတယ်။

အထူးလက္ခဏာများ

(၁) ပန်းအလှ (Appearance)

ပန်းများသည် အစုလိုက် လဲလျောင်းလျက် ပွင့်သည်

ညနေပိုင်းတွင် အဖြူရောင်ဖြင့် ပွင့်ပြီး

ဒုတိယနေ့တွင် ပန်းရောင်သို့ ပြောင်းပြီး

တတိယနေ့တွင် အနီရောင်သို့ ပြောင်းလဲတယ်။

➡ အပင်တပင်တည်းတွင် အရောင်စုံ ဖြစ်ပေါ်နိုင်တယ်။

➡ အနံ့မွှေးပြင်းတယ်။

(၂) ကြီးထွားပုံ (Growth)

မြန်မြန်ကြီးထွားသော လှည့်တက်အပင်

အမြင့် ၂၅ ပေ (၈ မီတာခန့်) အထိ ကြီးထွားနိုင်

ခြံတံတိုင်း၊ pergola၊ trellis များတွင် တက်လှည့်ရန် သင့်တော်

(၃) အသုံးပြုမှု (Usage)

အနံ့မွှေးနှင့် အရောင်လှပမှုကြောင့် အလှပင်အဖြစ် စိုက်ပျိုးကြတယ်။

ရိုးရာဆေးဝါးတွင် အူပိုးများကို ဖယ်ရှားရန် (anthelmintic) အသုံးပြုခဲ့ကြပါတယ်။

(၄) အဆိပ်ပါဝင်မှု (Toxicity)

ဆေးဝါးအဖြစ် အသုံးပြုနိုင်ပေမဲ့ အစေ့ကို စားသုံးရင်တော့ မူးဝေခြင်း၊ အန်ခြင်း ဖြစ်နိုင်တယ်။

➡ အများအပြား စားသုံးပါက အဆိပ်သက်နိုင်တယ်။

(၅) အမည်ပြောင်းလဲမှု (Synonymy)

Combretum indicum ဟု တရားဝင် ခေါ်ဆိုထားတယ်။

Quisqualis indica အမည်ကိုလည်း စိုက်ပျိုးရေးတွင် ဆက်လက် အသုံးပြုနေကြပါသေးတယ်။

သုံးစွဲပုံများ

(၁) အလှပင်အဖြစ်

ခြံဝန်း၊ တံတိုင်း၊ တံခါးဝ၊ pergola၊ trellis တွေမှာ တက်လှည့်အပင်အဖြစ် စိုက်ပျိုးကြတယ်။

ပန်း၏ အရောင်ပြောင်းသဘာဝ (အဖြူ၊ အနီ) နှင့် အနံ့မွှေးပြင်းမှုကြောင့် အလှအပအတွက်သင့်တော်တယ်။

(၂) အနံ့မွှေးအတွက်

ညနေပိုင်းတွင် ပန်းနံ့ မွှေးပြင်းလာလို့ အိမ်ရှေ့၊ အိမ်ဝန်း၊ လေဝင်လေထွက်ကောင်းသောနေရာများမှာ စိုက်ကြတယ်။

(၃) ရိုးရာဆေးဝါးအဖြစ် (Traditional Use)

သတိထားအသုံးပြုရန် လိုအပ်ပါတယ်။

အစေ့ကို အူပိုးများ ဖယ်ရှားရန် (anthelmintic) အသုံးပြုခဲ့ကြတယ်။ အချို့ဒေသတွေမှာတော့ အရွက်၊ အမြစ်တို့ကိုလည်း ဆေးဖက်အသုံးပြုကြတယ်။

အချိုးအစား မမှန်ရင် မူးဝေခြင်း အန်ခြင်း ဖြစ်နိုင်လို့ ဆရာဝန်ညွှန်ကြားမှုမရှိဘဲ မသုံးသင့်ပါ။

(၄) သဘာဝပတ်ဝန်းကျင်အတွက်

ပျား၊ ပိုးမွှားအချို့ကို ဆွဲဆောင်နိုင်သော ပန်းဖြစ်လို့

pollinator များကို ထောက်ပံ့ပေးတယ်။

ခြံဝန်းကို အရောင်နှင့် အနံ့ဖြင့် လှပစေတယ်။

(၅) ခြံစည်းရိုး / ဖုံးကွယ်ရေးအတွက်

မြန်မြန်ကြီးထွားလို့ ခြံစည်းရိုးဖုံးအပင် (screen plant) အဖြစ် အသုံးပြုနိုင်တယ်။

အိမ်အလှနှင့် ကိုယ်ပိုင်နေရာဖုံးကွယ်မှု (privacy) အတွက် အထောက်အကူပြုတယ်။

မြန်မာနိုင်ငံ အညာဒေသမှာ အရွက်ကို ဆန်မှုန့်နဲ့ ကြော်ပြီး စားသုံးကြပါတယ်။

ထားဝယ်မှိုင်းအရွက်နုလေးတွေကို ပြုတ်ပြီးသုပ်စားကြတယ်။

ထားဝယ်မှိုင်းအရွက်ကြော်ပြုလုပ်ပုံ (အကျဉ်း)

အရွက်နုများကို ရွေးယူ၍ ဆေးကြောသန့်ရှင်း

ဆန်မှုန့်နှင့် ရော၍ ဆီတွင် ကြော်ကာ စားသုံးကြတယ်။

အချို့နေရာများတွင် ငရုတ်သီးမှုန့်၊ ဆား စသည်ဖြင့် အရသာထည့်သုံးကြတယ်။

အရွက်ကြော်သည် သွားရည်စာအဖြစ် စားသုံးကြတယ်။

အရွက်ကို များလွန်းစွာ မစားသင့်

အစေ့များကို မစားသုံးသင့်

ကလေးများအတွက် အထူးသတိထားရန် လိုအပ်။

Rangoon crab, Rangoon creeper စတဲ့ Rangoon ရန်ကုန် အသုံးစာလုံးကို Yangon လို့ ပြင်တာ သူများတိုင်းပြည်တွေမှာတော့ မရှိပါ။ မြန်မာပြည်မှာကတော့ အစဉ်အလာသုံးတွေကို ထင်သလိုပြင်ကြတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ