Skip to main content

"တပတ်ရစ်"


တစုံတယောက်က အသုံးပြုပြီးသား ပစ္စည်း (သို့မဟုတ်) ပိုင်ရှင်တဦးလက်မှ နောက်တဦးလက်သို့ ကူးပြောင်းလာသော ပစ္စည်းကို ဆိုလိုခြင်း ဖြစ်ပါသည်။ 

အင်္ဂလိပ်ဘာသာဖြင့် "Second-hand" ဟူသော စကားလုံးနှင့် တိုက်ရိုက်အဓိပ္ပါယ် တူညီပါသည်။

Used သုံးပြီးသား။

Good second hand နဲ့လည်း ဆင်တယ်။

တပတ်ရစ်ကား။ တခါသုံးထားပြီးသား။

သက်မဲ့တွေကိုသာမက လူကိုလည်း သုံးနိုင်တယ်။

တပတ်နွမ်းနဲ့လည်း တူတယ်။ ဒါပေမဲ့ လူကိုရည်ညွှန်ပြီး သုံးလေ့ရှိပါတယ်။ 

"တပတ်နွမ်း" ဆိုတဲ့ အသုံးကို ပိုသုံးလေ့ရှိပါတယ်။ ၎င်းဟာ အသုံးပြုထားလို့ ဟောင်းနွမ်းသွားတယ်ဆိုတဲ့ အဓိပ္ပာယ်ထက် ဘဝအတွေ့အကြုံတခု ဖြတ်သန်းပြီးသား သို့မဟုတ် အိမ်ထောင်ရေးတခု ဖြတ်သန်းပြီးသားသူကို ပိုပြီး ရည်ညွှန်းလေ့ ရှိပါတယ်။

တခုလပ်: အိမ်ထောင်ရေးတခု ပျက်ပြားသွားသူကို သုံးနှုန်းတဲ့ စကားလုံး ဖြစ်ပါတယ်။ "တပတ်ရစ်" သို့မဟုတ် "တပတ်နွမ်း" ဆိုတာက အဲဒီသဘောတရားနဲ့ ဆင်တူယိုးမှား ရှိပေမယ့် "တခုလပ်" ကတော့ ပိုပြီး တိကျတဲ့ လူမှုရေး အသုံးအနှုန်း ဖြစ်ပါတယ်။

စာအုပ်ကိုတော့ တပတ်ရစ်လို့ သုံးလေ့မရှိဘဲ၊ စာအုပ်ဟောင်းလို့သုံးကြတာများတယ်။

အခုခေတ်မှာ တပတ်ရစ် ကို မှန်အောင်ရေးတတ်သူ ရှားတယ်။

မြန်မာစာအစစ်ကို စာအုပ်ဟောင်းတွေထဲမှာသာ ရှာလို့ရပါတော့တယ်။

နွမ်းနေပြီ။ ခြစားနေပြီ။ ပိုးထိုးနေပြီ။

ဒေါက်တာတင့်ဆွေ

Comments