၁။ ဆရာ အားတဲ့အခါ ပြောပြပေးပါရှင့်။
၂။ ဆရာခင်ဗျား ကြေငြာချက် နဲ့ ကြေညာချက် ဘယ်ဟာက စာလုံးပေါင်းသတ်ပုံ အမှန်ပါလဲခင်ဗျ ကျေးဇူးပြု၍ ဖြေကြားပေးပါဦး
၃။ ဆရာရှင့် ကြေညာ နဲ့ ကြေငြာ ဘယ်ဟာမှန်လဲရှင့်
ပထမပုံ (စာမျက်နှာ ၇၀) ဝဏ္ဏဗောဓနသတ်အင်း
ကြော် ကြော
ကြော်လှော် ဆေးကြောသည်
ကြော်ညာ ၃၆ စစ်ကြောသည်
ကျွေးကြော် ၃၇ ကြက်
ဟတ်ကြော် (မန်း) ကြက်သီးထသည်
ကြော ပိတန်ကြက် ၄၀
မာကြော ၃၈ တင်းတင်းကြက်သည်
ကြောရိုး ၃၉ ကြက်ငှက်
အကြော ရေကြက်
ကြောရွာ ကြက်သွန် ၄၁
ကြမ်းကြောသည် ကြက်ဆူပင်
________________________________________
၃၆။ ကြော်ငြာ-ဟု အရေးများသည်။ မဃ * ၃၂၃ တွင် ကောင်းချီးကြွေးညာ၊ လှုံ့ကြော်ငြာလျက်-ဟု ခွဲ၍ စပ်သည်။
၃၇။ ကင်း၊ လင်္ကာ၊ ဂါထာတို့တွင် နှစ်လုံးစလုံး အကြောင်း ရှိသည်။ သို့သော်-ဟတ်ကျွေးသည်-ဟု အဆင့် ဇယား ပြခဲ့သည့်အတိုင်း-ကျွေး-ကို အဆင့်နှင့်ပင် ထားသင့်သည်။
၃၈။ မန်း၊ လင်္ကာတို့တွင် မပါ။ ဝေဂါ အဆင့်ပြသည်။
၃၉။ အများကမူ ယပင့်ဖြင့်-ကျော-ဟုရေးကြ၏။ မဃ * ၃၂ ၌- စူးစမ်းနှစ်နှော၊ ဝမ်းနှင့် ကျော သို့၊ စောကြော နောက်-ဟု ခွဲထားစပ်သည်။
၄၀။ ပိတန်ကြက်သည် (ကင်း)၊ ပြတန်ကြက် (လင်္ကာ)။
၄၁။ ကြက်သွန်ဖြူစသည် (ကင်း)။
________________________________________
ဒုတိယပုံ (ကဝိဓဇသတ်ပုံကျမ်း)
( ငြ - ညာ, ကဏ္ဍအစ ) ။
[ ငြာ - ညာ - ညာ ] ။
ငြာ ။ ။ ငြာသံပေးသည်။ ကြော်ငြာစာ။ ။
ညာ ။ ။ အကြောအညာ = (အောက်အရပ်-အထက်အရပ်) = [ပေါ] ။
ကျေညာ = (လူသိစေခြင်း) ။ ညီညာဖျဖျ။ ညီညွတ်။ ပယ်ညာ = ဗယ်ညာ။ တောင်ညာစံ။ လူညာ၊ ညာလက်။ အပျိုကညာ။ အထက်အညာ။ ချောင်းညာ။ ပညာ။ ။
ညာ ။ ။ ညာတိမိတ်ဆွေ။ ။
________________________________________
တတိယပုံ (မြန်မာအဘိဓာန် အကျဉ်းချုပ် ပထမတွဲ)
ကြေ - ကြိ / ကျေ / မုန့်မုန့်ညက်ညက် ဖြစ်သွားသည်။ အင်္ကျီကြေသကဲ့သို့ ပြန့်နေသောအရာ အခေါက်ခေါက် အတွန့်တွန့် ဖြစ်သွားသည်။
ကြေကွဲ - ကြိ / ကျေကွဲ / အသည်းနှလုံး ကွဲမတတ် ဝမ်းနည်းပူဆွေးသည်။
ကြေငြာ - ကြိ / ကျေညာ / ကြော်ငြာ - ကြိ၊ ၄၊ နှင့် အတူတူ။
ကြေညာ - န / ကျေညာ / အထက်အရပ်နှင့် အောက်အရပ်။ အရပ်ခပ်သိမ်း။ "ခပ်သိမ်း ကြေညာ ပွင့်လင်းသာ၍" ကိုး * ၄။
ကြေညက် - ကြိ / ကျေညက် / မုန့်မုန့်ညက်ညက် ဖြစ်သည်။
ကြေမွ - ကြိ / ကျေမွ / ကျေမော့ / ပျက်စီးပြုန်းတီးသည်။
ကြေမွ - ကြိ / ကျေမွ? / မုန့်မုန့်ညက်ညက် ဖြစ်သည်။
ဒေါက်တာတင့်ဆွေ



Comments
Post a Comment