• ကမ္ဘာပေါ်တွင် အကောင်းဆုံး
• ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး } ဝတ္ထုကြီး
• ကမ္ဘာပေါ်တွင် ရသအမြောက်ဆုံး
• ကမ္ဘာပေါ်တွင် အရှည်လျားဆုံး
• စစ်ကို ကြောက်ခမန်းလိလိဖြစ်အောင် ရေးသားမှုတွင် သရုပ်အပေါ်ဆုံးဟူ၍၎င်း-
• ငြိမ်းချမ်းရေးကို မြတ်နိုးစရာအကောင်းဆုံးဖြစ်အောင်ရေးသားမှုတွင် အထိရောက်ဆုံးဟူ၍၎င်း-
• ဤလိုဝတ္ထုမျိုး ယခင်ကမပေါ်ဘူးခဲ့၊ နောင်လည်းပေါ်ပေါက်လိမ့်မည်ဟူ၍မပြောနိုင်ဟု ကမ္ဘာကျော်စာရေးဆရာကြီး ဆမ္မားဆက်မွန်ကပင် ထုတ်ဖော်ချီးကျူးခဲ့ရသည့်-
စစ်နှင့်ငြိမ်းချမ်းရေး (WAR AND PEACE - LEO TOLSTOY)
ထိုအကောင်းဆုံးနှင့် အရှည်လျားဆုံး ဝတ္ထုကြီးကို ပုဂံစာအုပ်တိုက် က တလလျှင် တတွဲ (၃) ကျပ်၊ ၁၂-လ၊ ၁၂-တွဲ ခွဲ၍ထုတ်မည်။
လီယိုတော်လ်စတွိုင်း၏ ကမ္ဘာကျော်ဝတ္ထုကြီးကို မြသန်းတင့် မြန်မာဘာသာသို့ လုံးစေ့ပတ်စေ့ ပြန်ဆိုသည်။
• မြသန်းတင့်၏ ခန့်ထည်ညက်ညောသော မြန်မာပြန်ဆိုချက်။
• ပန်းချီဆရာပေါင်းစုံတို့၏ 'စစ်' သရုပ်နှင့် 'ငြိမ်းချမ်းရေး' သဘောကို သူတို့မြင်သော ရှုထောင့်မှနေ၍ တလလျှင် တမျိုး-မူမတူသော ကြည့်မြင် သုံးသပ်ချက် ပန်းချီကားချပ်များ။
• ပုဂံစာအုပ်တိုက်၏ ထွက်ပြီး စာအုပ်များအတိုင်း သပ်ရပ်၊ ခန့်ထည် လှပမည်။
မှတ်ရန်
ဆရာမြသန်းတင့် ဘာသာပြန်တဲ့ စစ်နှင့်ငြိမ်းချမ်းရး စာအုပ်ဟာ မထုတ်ခင်ကတည်းက သတ်ပုံမှန်တယ်။
တလ
တလတွဲ
တလလျှင်
တဦး
War and Peace မူရင်း ပြင်သစ်နဲ့ အင်္ဂလိပ်လိုစာအုပ်တွေကို အကြိမ်ပေါင်းများစွာ ပြန်ထုတ်တယ်။ သူတို့က ပြန်ထုတ်ရင်လည်း မူရင်း စပယ်လင် မပြင်ပါ။
မြန်မာပြည်မှာ ပြန်ထုတ်ရင်ပြင်တဲ့ ကူးစက်ရောဂါဖြစ်နေတာ ကြာပြီ။ ၁၉၈၆ ခုနှစ်က စပါတယ်။ အခုလည်း ရောဂါဆိုးက မပျောက်သေး။ ဆေးလည်း မကု။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment