Skip to main content

တရုပ် ကုလား

(ကန်တော့)

ကွန်မင့်တခု = ခွေးအရုပ်လေးရောင်းနေတာ လိုချင်တာကတရုပ်ထဲ ဈေးမမေးရဲဘူးရောင်းသူကတရုပ်မလေး ခွေးတရုပ်ဘယ်လောက်လဲ သွားမမေးနဲ့

(၁)

ဖလင်စတား ဇွန်လ လ ၁၉၆၀ မှ

ဟာသကမ္ဘာ၊ ဉာဏ်စမ်းကမ္ဘာ

ခွေးတရုပ်

ဘုရားပွဲတခုသို့ရောက်သွားရာ အပ်ရောင်းသောနေရာတခုတွင် ဈေးသည်တဦးနှင့် တရုပ်တယောက် ဒေါသထွက်နေကြပုံကိုတွေ့ရတော့သည်။

ဈေးသည်။ ။ “ခွေးတရုပ် ငါးမူး၊ တရုပ်သည် ဒေါသထွက်သည်ထက် ဒေါသထွက်ရမှ။”

တရုပ်။ ။ “ဟေ့ကောင် မင်းလူပါးမဝနဲ့ သည်တော့မှ ဈေးသည်က။”

ဈေးသည်။ ။ “စိတ်မရှိပါနဲ့ မိတ်ဆွေ ကျွန်တော်က ခွေးချစ်တရုပ်ကို ငါးမူးလို့ အော်တာပါ၊ ခွေးတရုပ်ငါးမူး။”

ဘုရားပွဲတခု

အရုပ်ရောင်းသောနေရာတခု

ဈေးသည်တဦး

တရုပ်တယောက်

ခွေးတရုပ်

ခွေးရုပ်တရုပ်

ခွေးတရုပ်ငါးမူး (ငါးမူးဆိုတာ ပြား ၅၀။ ပြား ၁၀၀ = ၁ ကျပ်)

အဲလိုအဖြစ်မျိုးတွေကြောင့် တရုပ် ကို တရုတ် လို့ ပြောင်းလာတာလား ယူဆရတယ်။

၁၉၆၀ တရုပ်-မြန်မာနယ်နိမိတ် စာချုပ်မှာတော့ တရုပ် လို့ရေးတယ်။

တရုပ်ပြည်ကို မျက်နှာလုပ်ချင်ရာကနေ တရုတ်ဖြစ်လာတယ်။ 

ဥက္ကဌ(ဥက္ကဋ္ဌ)ကြီးကို မျက်နှာလုပ်ချင်ရာကနေ တခု၊ တကောင်၊ တယောက်ကို စသတ်လာကြတယ်။

(၂)

တခါက ဒေါ်မြမြအေး ထိုင်းနိုင်ငံ မြို့တမြို့မှာ ဆေးကုလားမ ရှာပါတယ်။ လိုက်ပို့သူကို အမေးခိုင်းတယ်။ 

ကူညီတဲ့ အမျိုးသမီးက အမည်ထပ်မေးပါတယ် ဆေးကုလားမ ဟုတ်ရဲ့လားအန်တီတဲ့။ 

ဆိုင်ရှင်က မြန်မာပြည်သူ မကုလားမ ဖြစ်နေတာကိုး။

(၃)

မှတ်ချက်

တရုပ်ကိုတော့ တရုတ်လုပ်ထားကြပြီ။ 

ဆေးကုလားမကတော့ နာမည်ပြောင်းကြဦးမလား မသိ။ 

ဆေးကုလားမ ထုတ်လုပ်နိုင်တဲ့ လျှော်ဖြူပင်တွေကို တရုပ်စီးပွားရေးသမားတွေက အညာမှာ မြေနှစ်ရှည်အငှားနဲ့ စိုက်နေကြပြီ။ မြေဆီတွေပျက်ပြီ။

ဆေးတရုတ်မ ဖြစ်တော့မလား။

လူအများစုလည်း မှန်မမှန်၊ ဟုတ်မဟုတ် စိစစ်မနေဘဲ ခိုင်းတာလိုက်နာကြသည်။ မြန်မာပြည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ