Skip to main content

သောက်ဆမ်းလို့ ရေးရ

စမ်း နဲ့ ဆမ်း မှားရေးသူတွေ များများ များများလာတယ် 

- အကြော်စုံနဲ့စားလဲကောင်း စားတော်ပဲပြုတ်ဆီစမ်းနဲ့လည်းကောင်း 

စမ်း နဲ့  ဆမ်း မှားနေသည်။ ပုံအတွက် ကျေးဇူး။

- ရခိုင်သောက်စမ်းဟင်းချက်ရင် မပါမဖြစ် အာပူရွက် ရပြီနော်

စမ်း နဲ့  ဆမ်း မှားနေသည်။ 

- အရမ်းစားကောင်းတဲ့ ကြက်သောက်စမ်း (ဆမ်း) ရှယ်ချက်နည်းလေး (အမီလို့ ရေးရ။ စမ်း နဲ့ ဆမ်း မတူပါ။) 

- ကြက်သားသောက်စမ်းဟင်း (ကြက်သားသောက်ဆမ်းဟင်းကို ကြိုက်သလောက် သောက်စမ်းပါ။)

- ကြက်သောက်စမ်း (ရှယ်ချက်) - စမ်း နဲ့ ဆမ်း မှားနေတယ်။ ဟင်းရည်ဆမ်းပြီး အဝအပြဲ စားစမ်း။

- ငါးသလောက် အာပူ သောက်စမ်းဟင်း (သောက်ဆမ်းဟင်း)

- ဆင်ခရမ်းသီးနဲ့ကြက်ခြေထောက်သောက်စမ်း (သောက်ဆမ်း)

- ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။ ဆီးစပ်က ခဏခဏကိုက်လိုက် ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။ (ထူးဆန်းလို့ ရေးရတယ်။)

- ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။ ဆီးစပ်က ခဏခဏကိုက်လိုက် ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။ (ထူးဆန်းလို့ ရေးရတယ်။)

- ဆရာရှင့် ကျွန်မအသက် ၅၁ပါ။ ရာသီလမမှန်တော့ပါဘူး။ ဆီးစပ်ကခဏခဏကိုက်လိုက်ပျောက်သွားလိုက်နဲ့ ဗိုက်ထဲကလည်း နာလိုက်ပျောက်သွားလိုက်နဲ့ ထူးစမ်းနေပါတယ်။ (ထူးဆန်းလို့ ရေးရတယ်။)

- ထမင်းဆီစမ်း ကြက်ပေါင်ကြော် ချဉ်ပေါင်ကြော် ငရုတ်သီးကြော် (ဆီဆမ်းလို့ ရေးရတယ်။) 

- ဒညင်းသီး(တညင်းသီး) အုန်းနို့စမ်း (အုန်းနို့ဆမ်း)

- ဓညင်းသီး(တညင်းသီး)အုန်းနို့စမ်း တပွဲ ၁၅၀၀ နဲ့ တကယ့်ရှယ်ပါ စားလို့ကောင်းလိုက်တာ (တပွဲရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။ ဒါပေမဲ့ - တညင်းသီးလို့ ရေးရတယ်။ အုးန်းနို့ဆမ်းလို့ ရေးရတယ်။)

- မနက်ခင်း စားသောက်ဖွယ်ရာ ထမင်းဆီစမ်းနဲ့ ရှမ်းလဲ ရတယ်တဲ့ဗျား။ (ထမင်းဆီဆမ်းလို့ ရေးရ။)

- မနက်စာတော့ ပဲပြုတ်ထမင်းဆီစမ်း အကြော်နဲ့စားလိုက်တယ်။ (ပဲပြုတ်ထမင်းဆီဆမ်း)

- မိုးရာသီအတွက် ကြက်သောက်စမ်း ပူပူစပ်စပ်မွှေးမွှေးလေး (သောက်ဆမ်း လို့ ရေးရတယ်။ ထမင်းကို သောက်ဆမ်းဟင်းနဲ့ ကြိုက်သလောက်စားစမ်းလို့ ရေးရတယ်။) 

- အိမ်လုပ် အမဲခြောက် ဖုတ်ပြီးဆီစမ်းထားတာ ရှယ်ပဲ လုပ်ရောင်းရင်ကောင်းမလားပဲ (ဆီဆမ်းလို့ ရေးရတယ်။ အဲလိုမှားရေးသူတွေ များတယ်။ လုပ်ရောင်းရင် ဝယ်မယ်။ တံဆပ်ကပ်ရင်တော့ မမှားစေနဲ့။)

ဟင်းရည်ကြိုက်သလို 'ဆမ်း'ပြီး ကြိုက်သလောက်သောက်'စမ်း'ပါ။

မသောက်ခင်မှာ သိပ်ပူ မပူလည်း 'စမ်း'ကြည့်ပါ။

ထမင်းကို ဆီး'ဆမ်း'ပါသလား။

ဟင်းကို 'မစန်းစန်း' ချက်ပါသည်။

ဆမ်း နှင့် စမ်း https://burmese-spelling.blogspot.com/2025/01/blog-post_95.html

စမ်း နဲ့ ဆမ်း မှားရေးသူတွေ များများ များများလာတယ် https://burmese-spelling.blogspot.com/2022/10/blog-post_937.html

ပျောက်သောလမ်းမှာစမ်းတဝါး https://burmese-spelling.blogspot.com/2024/11/blog-post_85.html

“မြို့သူဆမ်းတော့ ဇွန်းဖျားလောက်၊ တောသူဆမ်းတော့ အိုးလုံးမှောက်” https://burmese-spelling.blogspot.com/2023/02/blog-post_985.html

ဒေါက်တာတင့်ဆွေ

“မြို့သူဆမ်းတော့ ဇွန်းဖျားလောက်၊ တောသူဆမ်းတော့ အိုးလုံးမှောက်” 

မြို့ပြမှာ နေထိုင်သူတို့ရဲ့ သဘာဝက အရာရာကို တွက်ချက်စိစစ်ပြီး အတိုင်းအတာနဲ့ လုပ်ကိုင်တတ်ကြပါတယ်။ ဧည့်ဝတ်ပြုတဲ့အခါ၊ ပေးကမ်းတဲ့အခါမှာ စေတနာမရှိလို့ မဟုတ်ဘဲ နည်းစနစ်တကျ၊ တော်ရုံတန်ရုံပဲ ဇွန်းဖျားလောက် ခြိုးခြံချွေတာပြီး ပေးကမ်းဧည့်ခံတတ်တဲ့ သဘောကို ဆိုလိုတာပါ။

တောရွာ ဓလေ့ကတော့ ရိုးသားပွင့်လင်းပြီး ရှိသမျှကို ပုံအောပြီး ပေးကမ်းလိုတဲ့ စေတနာ အရင်းခံ ရှိကြပါတယ်။ မိမိအိမ်ကို ဧည့်သည်လာရင် ဖြစ်စေ၊ အလှူအတန်း လုပ်ရင်ဖြစ်စေ တွက်ကပ်မနေဘဲ ဟင်းအိုးထဲက ရှိသမျှကို အိုးလုံးမှောက်ပြီး ရက်ရက်ရောရော၊ အဝအပြဲ ကျွေးမွေးဧည့်ခံတတ်တဲ့ သဘာဝကို ပုံဆောင်ထားတာ ဖြစ်ပါတယ်။

ဆမ်း နဲ့ ဆန်း မတူပုံကိုလည်း ထောက်ပြချက်တခု ဖြစ်ပါသေးတယ်။

၁။ “ဆမ်း” 

“ဆမ်း” ဆိုတာ “အရည်ပူပူ သို့မဟုတ် ဆီ၊ အနှစ် စသည်တို့ကို အပေါ်မှ လောင်းထည့်သည်၊ ဖြန်းဆွတ်သည်” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်တယ်။

ဟင်းအိုးထဲက ဟင်းရည်ကို ခပ်ပြီး ဆွမ်းဟင်းအဖြစ် လောင်းလှူတာ၊ သို့မဟုတ် ထမင်းပန်းကန်ထဲ လောင်းထည့်တာကို “ဟင်းဆမ်းသည်” လို့ သုံးတာ ဖြစ်တယ်။

“မြို့သူဆမ်းတော့ ဇွန်းဖျားလောက်၊ တောသူဆမ်းတော့ အိုးလုံးမှောက်” ဆိုရာမှာ ဟင်းရည်ကို ခပ်ပြီး လောင်းထည့်ပေးပုံကို ဆိုလိုခြင်း ဖြစ်လို့ “မအသတ် - ဆမ်း” နဲ့သာ ရေးရမှာ မှန်ကန်ပါတယ်။

၂။ “ဆန်း” 

ထူးခြားဆန်းပြားခြင်း (ဥပမာ - အဆန်းထွင်သည်၊ ဆန်းကြယ်သည်)။

စစ်ဆေးတွက်ချက်ခြင်း၊ အကဲခတ်ခြင်း (ဥပမာ - အဆန်းကြည့်သည်၊ စမ်းသပ်ဆန်းစစ်သည်)။

လဆန်း

ပြုသမျှဆန်း

ဆန်းကြယ်

ဆန်းစစ်

ဆန်းပြား

ဆန်းအလင်္ကာ

ဆီဆမ်း

ဟင်းရည်ကြိုက်သလို 'ဆမ်း'ပြီး ကြိုက်သလောက်သောက်'စမ်း'ပါ။

မသောက်ခင်မှာ သိပ် ပူ မပူလည်း 'စမ်း'ကြည့်ပါ။

ထမင်းကို ဆီး'ဆမ်း'ပါသလား။

ဟင်းကို 'မစန်းစန်း' ချက်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ