Skip to main content

တခါတခါ တခါတရံ တခါတလေ

 


၁။ တခါတုန်းတက္ကသိုလ်ဆိုမှာလားမှန်လားဆရာ

၂။ တစ်ခါနဲ့တခါနဲ့ အမှန်မသိလို့ပြောပါအုန်းဗျ စတာမဟုတ်ဘူးအတည်ပါ

၃။ ဆရာ အမှန်တကယ်ဆိုရင် ဆရာတစ်ဦး ကျောင်းသားတစ်ဦး လူတစ်ဦး ဒါတွေမှာလည်း တစ် လို့သုံးရမှာမဟုတ်လား ဆရာ

တကျွန်း – န / တကျွန်း / ၁။ ပင်လယ်ရပ်ခြား တိုင်းတပါး။ ၂။ တသက်တကျွန်း ထောင်ဒဏ်ခံရသူတို့ ကို ထားရာအရပ်။

တခဏချင်း – န / တခဏချင်း / အလွန်တိုတောင်းသောကာလအတွင်း။ “လူသည် လေကို မရှု၊ မရှိုက်ရလျှင် တခဏချင်းပင် သေလိမ့်မည်။” မောင်စွမ်း။ ၂။

တခါ – ကြိဝိ / တခါ / အကြိမ်အလှည့်အားဖြင့်။ “အကြွေစေ့ ဆိုတဲ့ ပြေသို့ တခါရုန်းရပြန်တော့။” မျောက်ပုတို။ ၇၈။

– န / တခါ / တခုသော အချိန်အခါ။ “သဘာဝဓမ္မပါရဂူ တယောက် တခါက ပြောဘူးလေသည်။” ၄က်။ ၂၅။

တခါတခါ – ကြိဝိ / တခါတခါ / အမြဲမဟုတ်။ အခန့်သင့်သည့်အခါ။ တခါတရံ။ တခါတလေ။ “တခါတခါရွှေထွက်သည်။” ကိပုံ။ ၇၂။

တခါတရံ – ကြိဝိ / တခါတယန် / တခါတခါ – ကြိဝိနှင့်အတူတူ။ “တခါတရံ လက်မ ၃၀၀ အထိ ရှည်ထွန်း လေသည်။” မြန်သွေး။ ၂၆။

တခါတလေ – ကြိဝိ / တခါတလေ / တခါတခါ – ကြိဝိ နှင့် အတူတူ။ “တခါတလေ ကွဲအက်စေ၏။” ဇီက။ ၁၁၅။

တခါတည်း – ကြိဝိ / တခါဒဲ / တခါဇီး / တချိန်တည်း။ တကြိမ်တည်း။ တချက်တည်း။ ချက်ချင်း။ “ဥပဒေ တရပ် အဖြစ် တခါတည်း ပြဋ္ဌာန်းလိုက်လေသည်။” လူချွန်။ ပ။ ၅၁။

တခိခိ – ကြိဝိ / တခိခိ / ရုတ်တရက် တိုးတိုးတိတ်တိတ် ရယ်သောအသံကို ပြုလျက်။ “ကိုယ့်အကြံ အောင်၍ တခိခိရယ်ခြင်း။” နိုင်ငြံ၊ ဒု။ ၁၅။

တခုလပ် – န / တခုလတ် / တလင်ကွာမိန်းမ။ “ကုမ္မာရီ နှင့် ဖတ်ဖတ်ယက်။ တခုလပ်သာထင်။” ထပ်။ ၇၁။

တခဲနက် – ကြိဝိ / တခဲနက် / အကြားအလပ်မရှိ တပြိုင်တည်းဖြစ်လျက်။ တစုတဝေးတည်း ဖြစ်လျက်။ “တခဲနက် သောတိမ်တိုက်မှ ထွက်သော လပြည့်ဝန်းကဲ့သို့။” ကိကုဏ်။ ၁၅။

တခေါ် – န / တခေါ် / လှမ်း၍ခေါ်သော် ကြားနိုင်လောက်

တခါတုန်းကတော့မဟေသီ

သက်သေခံ တင်ပြထားပြီး။ ထပ်ဖြေရန် မရှိ။ လူကြီးမင်းတို့သဘော။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ