လှဲ နဲ့
လှည်း
ဒီလှည်းက
လှည်းဘီး။အမှိုက်လှည်း(ယာဉ်)ကိုပြောတာမလား။ အမှိုက်လှဲ ကအမှန်မဟုတ်ဘူးလား။
၁။ လှဲ
(ဟထိုး၊ လဆွဲ၊ နောက်ပစ်)
ဤစကားလုံးသည်
ကြိယာ ဖြစ်ပြီး အောက်ပါ အခြေအနေများတွင် သုံးနှုန်းပါသည်။
လဲလျောင်းသည်။
(အိပ်စက်ရန် သို့မဟုတ် နားနေရန် ကိုယ်ခန္ဓာကို အလျားလိုက် ပြုလုပ်သည်)
ဥပမာ -
"ခေတ္တခဏ လှဲနားလိုက်ပါဦး။" / "အိပ်ရာပေါ်မှာ လှဲနေသည်။"
ခုတ်လှဲသည်။
(မတ်တတ်ရှိနေသော အရာကို လဲကျသွားအောင် ပြုလုပ်သည်)
ဥပမာ -
"သစ်ပင်ကြီးကို ပုဆိန်နှင့် ခုတ်လှဲလိုက်သည်။"
၂။ လှည်း
(ဟထိုး၊ လဆွဲ၊ နောက်ပစ်၊ ဇကွဲဆွဲ - ညသတ်)
ဤစကားလုံးသည်
နာမ် ဖြစ်ပြီး သွားလာသယ်ယူပို့ဆောင်ရေးတွင် သုံးသော ယာဉ် ကို ဆိုလိုပါသည်။
နွားလှည်း၊
မြင်းလှည်း။ (ရှေးကတည်းက သုံးစွဲလာသော ဘီးနှစ်ဘီးပါသည့် ရိုးရာယာဉ်)
ဥပမာ -
"စပါးအိတ်များကို လှည်းပေါ်သို့ တင်သည်။" / "လှည်းယဉ်ကျော်"
ကြိယာအဖြစ်
သုံးနှုန်းပုံ (လှည်းကျင်းသည်)။ (တံမြက်စည်းဖြင့် သန့်ရှင်းရေးလုပ်သည်)
ဥပမာ -
"အိမ်ရှေ့ဝန်းကျင်ကို တံမြက်စည်းနှင့် လှည်းကျင်းပါ။"
မေးခွန်းတခု
= ဆရာ တံမြက်စည်းလှည်း၊ တံမြက်စည်းလဲ အမှန်မသိလို့ပါ။ ကျောင်းကဆရာမက
တံမြက်စည်းလှည်း အမှန်ပေးပါတယ်။ လှည်း၊ လဲ၊ လှဲ ပြောပြပေးပါ ဆရာ။
မေးခွန်းတခု
= (စ)တုံးလုံးလှဲ သည် (မြန်မာစာအဘိဓာန် ၂၀၁ဂ)
တုံးလုံးလဲ
သည် (စာလုံးပေါင်းသတ်ပုံကျမ်း ၁၉၈၆)
တုံးရရုံးလဲ
သည် (မှန်နန်းမဟာရာဇဝင်တော်ကြီး)
တံမြက်လှည်း(မြန်မာစာအဘိဓာန်)
သဘာဝယုတ္တိအရ ဘယ်ဟာကသင့်ပါလဲဆရာ။ (ဆုံး)
- တံမြက်လှည်းသည်
- လှဲ၍လဲသွားသည်
- တုံးလုံးလဲနေအောင်
နာမကျန်းဖြစ်နေသည်
- တုံးလုံးလဲနေသည်
- တံမြက်လှည်းသည် လှဲ၍လဲသွားသည်
မြန်မာအဘိဓာန်
အကျဉ်းချုပ် (၁၉၈၀)
လှဲ
၁။ တိုင်
သစ်ပင်စသော ထောင်မတ်သည့် အရာကို အခင်း သို့မဟုတ် မြေပြင်ပေါ်သို့ လဲကျအောင်ပြုသည်။
၂။
အခင်းပြင်ပေါ်သို့ ကိုယ်ကို အလျားလိုက် ကျထိစေ၍ လျောင်းအိပ်သည်။
၃။
မတည်မတံ့ ရွှေ့ပြောင်းသည်။ (ဖောက်လှဲ၊ ကြမ္မာလှဲ စသည်ဖြင့် သုံးသည်။
လှည်း =
အမှိုက်သရိုက် စသည် သန့်စင်အောင် တံမြက်စည်း စသည်ဖြင့် အခင်းပြင်ကို ကပ်၍
ပွတ်တိုက် သိမ်းဖယ်သည်။
လှည်းကျင်း
= အမှိုက်သရိုက် စသည်ကို စင်ကြယ် သန့်ရှင်းအောင်ပြုသည်။
လဲ =
အမေးသဘောသက်ရောက်သော ဝါကျအဆုံးစကားလုံး။ တိမ်းစောင်းကျသည်။
လည်း =
အတူတူဖြစ်ကြောင်း၊ ပါဝင်ကြောင်း။
၁။ လှည်း
အဓိပ္ပာယ်ဖွင့်ဆိုချက်:
ကြိယာ / အမှိုက်သရိုက်စသည် သန့်စင်အောင် တံမြက်စည်းစသည်ဖြင့် အခင်းအပြင်ကို ကပ်၍
ပွတ်တိုက် သိမ်းဖယ်သည်။
၂။
လှည်းကျိုးထမ်း
အဓိပ္ပာယ်ဖွင့်ဆိုချက်:
ကြိယာ / လှဲဂျိုးထန်း / [ဥပမာ] အခြား တဦးတယောက်နှင့် ကိုယ်ဝန်ရှိခဲ့သူ သို့မဟုတ်
နာမည်ပျက်ရှိခဲ့သူ အမျိုးသမီးကို အခြေအနေအရ အနစ်နာခံကာ လက်ထပ်ယူသည်။
၃။
လှည်းကျင်း
အဓိပ္ပာယ်ဖွင့်ဆိုချက်:
ကြိယာ / လှဲဂျင်း / အမှိုက်သရိုက် စသည်ကို စင်ကြယ် သန့်ရှင်းအောင် ပြုသည်။
ရှေးမူသတ်ပုံ
သတိပြုဖွယ်ရာများ
ဤစာမျက်နှာတွင်
စာလုံးပေါင်းသတ်ပုံများကို ရှေးရိုးအတိုင်း စနစ်တကျ သုံးစွဲထားသည်ကို တွေ့ရပါသည် -
တဦးတယောက်:
ခေတ်သစ် (တစ်ဦးတစ်ယောက်) ဟု မပြောင်းလဲမီက သုံးစွဲသည့် ဂန္ထဝင်မြောက်
"တ" သတ်ပုံကို သုံးထားပါသည်။
လှည်းဂျိုးထန်း
/ လှဲဂျင်း: ဘေးတွင် ကွင်းစကွင်းပိတ်ဖြင့် ပြထားသည်မှာ ထိုခေတ်က အဘိဓာန်များတွင်
အသံထွက်ဖတ်ပုံကို (စကားပြောအသံအတိုင်း) လမ်းညွှန်ပြသထားခြင်း ဖြစ်ပါသည်။
လှဲ
(ပထမအနက်)
အမျိုးအစား:
ကြိယာ
အသံထွက်:
/ လှဲ /
အဓိပ္ပာယ်ဖွင့်ဆိုချက်:
၁။ တိုင်
သစ်ပင်စသော ထောင်မတ်သည့်အရာကို အခင်း သို့မဟုတ် မြေပြင်ပေါ်သို့ လဲကျအောင် ပြုသည်။
၂။
အခင်းအပြင်ပေါ်သို့ ကိုယ်ကို အလျားလိုက် ကျထိစေ၍ လျောင်းအိပ်သည်။
လှဲ
(ဒုတိယအနက်)
အမျိုးအစား:
ကြိယာ
အသံထွက်:
/ လှဲ /
လဲ
ကောက်ကျစ်စဉ်းလဲ
ချော်လဲသည်
ပင်းတလဲမြို့
ပုလဲမြို့
ပုလဲရတနာ
ဖက်လဲတကင်း
ဘာကိုလွမ်းနေသလဲ
ဘာဖြစ်နေတာလဲ
လျှောက်လဲချက်
လှဲ၍လဲသွားသည်
လဲကျသည်
လဲချားမြို့
လဲခေါင်းအုံး
လဲမွေ့ရာ
လဲမှို့
လဲလျောင်းသည်
လဲလှယ်သည်
လဲလူရွက်
လဲဝါ
လဲအုံပင်
သစ်ပင်လဲပြိုသည်
အဖန်တလဲလဲ
အလူးအလဲခံနေရသည်
အဝတ်အစားလဲပါ
အဟောင်း
အသစ် လဲလှယ်သည်း
လည်း
ခြေသည်းလက်သည်း
ငလျင်တော်လည်း
စသည်
ငါတုံသော်လည်း
စသည်
စကားသော်လည်း
(လင်္ကာ)
စားလည်းစား
ပြောလည်းပြော
စီးသည်တလည်း
တလည်းပင်
စုလည်းကြက်တောင်
ဆည်းလည်းသံ
ဆိုသော်လည်း
စသည်
တိမ်းလည်းသည်
တုံးလုံးလည်းသည်
ထိုနည်းတူ
ဤနည်းလည်းကောင်း
ထုံးသည်စုလည်း
နားလည်းနား
နေရသည်ကိုလည်း
စသည်
ပြောရာတွင်လည်း
ပလလည်းဆင်
ပလလည်းတော
ပေါင်းလည်း
ဖိုးသူတော်လဲ
တောင်ဝှေးမထူနိုင်။
ဘယ်သူလည်း
စသည်
ဘုရားလည်းဖူးရင်း
လိပ်ဥလည်းတူးရင်း။
မိုးသည်းသည်
ရိုက်လည်းရိုက်
လည်းကောင်း
(၎င်း ထို ယင်း အနှီ ဤ နည်းတူ)
လည်းလျောင်း
(ယခင်သုံး)
လိပ်ခဲတည်းလည်း
လိပ်လည်းသည်
လူးလည်း၍ငိုသည်
လူမျိုးကသည်း
လူလည်းသည်
ဝဏ္ဏဗောဓနသတ်အင်း
ဝှန်သည်းသည်
သွားလည်းသွား
သိပ်သည်းသည်း
သူလဲလေ
လောကီသားပေမို့ ကြွားချင်ရှာပေလိမ့်မည်။
သော်လည်း
သော်လည်းကောင်း
အနာသည်းသည်
အပြုအမူသည်းသည်
အဦသည်းသည်
ဒါပေမဲ့
စကား၊ စကားပြောသလိုစာရေးနည်း၊ ကဗျာ၊ သီချင်း၊ သံချပ်၊ ဆောင်ပုဒ် စတာတွေမှာ
အရင်ခေတ်ကတည်းက အဆင်သင့်သလို ရေးကြတယ်။ ကဗျာ ၂ ပုဒ်ကို တင်ပြပါမယ်။ လဲ သုံးထားတယ်။
(၁)
ပိတောက်ပန်း (ဇော်ဂျီ)
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည်
ပြေပြေလိမ်းကာပါ့
ခပ်သိမ်း
နယ်စုံစုံသို့
ပွင့်ငုံကို
လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ
ဆာဝေဝေနဲ့
သူလဲလေ
လောကီသားလိုပါ့
ကြွားချင်လှ
ပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်
ရီပြာပြာက
ကြည်သာသာ
ပင့်လေအဖြူးတွင်ဖြင့်
တီတာတာ
ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ
ဘယ်ညာလူးလေတော့
သူတို့လို
ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ
ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ
ဘဝင်ချမ်းစေတဲ့
သာသနာ
ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့
သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ
အဝါခြယ်၍
မာလာအလယ်မှာ
နွဲချင်တဲ့နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်
အတာဝင်သို့
မာန်အင်ကို
ဉာဏ်ဆင်မွေးကာပါ့
အရေး
အခါသာမှ
ခမျာမှာ
တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
(ဇော်ဂျီ)
(၂)
သူလဲလေ လောကီသားပေမို့ (မင်းညိုဦး)
အပြင်ဘက်ဝယ်
မအက်မစွန်း
ဘော်ဖြူဝန်းမူ
ရွှန်းရွှန်းတောက်ပ
လှလျှက်လှသည်
ညသည်
နုပျိုကြော့နေဆဲ။
မတောက်တတောက်
ကြယ်ပြောက်ပြောက်လည်း
တည်ဆောက်မရပ်
မျက်တောင်ခတ်ပြီး။
လူ့ရပ်ပြည်ရွာ
ငုံ့ကြည်ရာတွင်
ပြုံးမှာလိုလို
မဲ့သတည့်။
ထိုရောကာလ
အရိပ်ကျသည့်
ပညောင်ပင်ထက်
အိုညငှက်တည့်
ချစ်ဘက်တုံ့လှယ်
နော့ကျီစယ်ဆဲ
ငှက်မယ်တခု
ဖြတ်သန်းပြုကို
ပျိုနုထွားထွား
ငှက်ယောက်ျားက
စူးဝါးစိုက်စိုက်
လိုက်၍ကြည့်လျှင်
သူ့ရင်ထဲမှ
ငှက်မယ်လွလည်း
ဒေါပွခံခက်
ရုတ်တရက်နှင့်
စိတ်စက်ကောက်မူ
ဟင့် ဟင့် ကျူသော်
ချစ်သူမယ့်ကြိုက်
အလိုလိုက်ပြီး
ပွေ့ပိုက်ချော့တော့
မယ်လည်းပျော့သည်
မော့ကာ
မွှေးမွှေးကြူပြီတကား။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment