ကတုန်ကရင် နဲ့ ကတုန်ကယင် ဘယ်ဟာက အမှန်လဲဗျ
ကတည်းက – သဗ္ / ဂဒဲဂါ့ / အစပြုရာ ကာလကို ညွှန်ပြသော စကားလုံး။ ...သည်မှစ၍။ “သွား ကတည်းက ဤမည်သော သူ၏လက်နှိုက် သက်န်းဘိုးကို အပ်ထားအံ့။” ကဓါ။ ၂၈။
ကတတ်ငန်း – န / ဂဒတ်ငန်း / စကားစိမ်းပင်တမျိုး။
ကတုတ် – န / ဂဒုတ် / ရန်သူကို ပစ်ခတ်ရာ၌ လည်းကောင်း၊ ရန်သူက ပစ်ခတ်သောအခါ၌ လည်းကောင်း အကွယ်အကာ ရရန်အတွက် တူးဖို. ထားသော မြေဘောင်ရိုး။
ကတုန်ကယင် – ကြိဝိ / ဂဒုန်ဂယင် / တုန်တုန်ရီရီ။
ကတုန်းကတိုက် – ကြိဝိ / ဂဒုန်းဂဒိုက် / ကုန်းတိုက်၍၊ ကုန်းချော၍ (ပြောသည်။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment