ဘယ်သူလဲ သိအောင် ရေးတဲ့သူ အကောင့်ကို ရှာတော့ ထိပ်ဆုံးမှာ “ကမ္ဘာတစ်ပတ်” တဲ့။
ကျွန်တော်နဲ့တော့ “ကီး” မကိုက်လောက်ပါ။ အဆင်မချောလောက်ပါ။
ဂီတမှာ Key “ကီး” ဆိုတာ သီချင်းတပုဒ်ရဲ့ သံစဉ်နိမ့်မြင့် Pitch ကို ဆိုလိုပါတယ်။
တီးသူ ကီးနဲ့ ဆိုသူအသံစဉ် မညီဘဲ လွဲချော်နေတာကို "ကီး မကိုက်ဘူး" လို့ သုံးစွဲပါတယ်။
လူစကားပြောဆိုမှု၊ စေတနာ/စိတ်ထားနှင့် စိတ္တဇသဘာဝမှာလည်း ခိုင်းနှိုင်း သုံးစွဲလာကြပါတယ်။
အကြောင်းအရာတခုအပေါ် ဆွေးနွေးရာမှာ အမြင်ချင်း၊ သဘောထားချင်း မတိုက်ဆိုင်ဘဲ စကားပြောရ အဆင်မပြေတာကိုပါ "ကီး မကိုက်ဘူး" လို့ ပြောလေ့ရှိကြတယ်။
ကျွန်တော်က မြန်မာစာအတွက်
- စကားစစ်ထိုးပွဲမှာ မပါ။
- ကျဘမ်းစကားပြောပွဲလည်း မပါ။
- မဲပုံးလည်း မထောင်ပါ။
- လူကြီးမင်းတို့သဘောသာ။
နိုင်ငံရေးလုပ်ခဲ့စဉ်ကတော့ ဆွေးနွေးခန်းတွေမှာ ပါရတယ်။ သဘာမတူသူတွေနဲ့လည်း ထိုင်ပြောခဲ့ရတယ်။
“ဒီဘိတ်” ဆိုမှာလည်း ပါခဲ့ရတယ်။
မြန်မာစာ “ဒီဘိတ်” အတွက် ဒိုင်ခံသူနဲ့ ဒိုင်လူကြီး မမွေးကြသေးပါ။
အနိုင်အရှုံးကတော့ သိနေပြီ။ ဆိုရှယ်မီဒီယာမှာ စာကို မှန်အောင်ရေးသားသူ ၅-၁၀% သာရှိတယ်။
ဇာတ်ဆိုတာ သဘောတူသူတွေနဲ့သာ ကပြအသုံးတော်ခံရတယ်။
ကျွန်တော့်အဆင့်
- တောပွဲ။
- ကြည့်ချင်ပွဲ။
- လူမပြည့်လည်း အရှုံးမရှိ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment