ဟုတ်ရဲ့လားလို့ လိုက်ရှာရတယ်။ ဦးအောင်သင်းအမည်သုံးပြီး တင်ထားတာတွေ အတော်များများ သတ်ပုံမှားနေတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် = လင်ဗန်း
လက်ရှိမြန်မာစာအဖွဲ့ထုတ် မြန်မာ
အဘိဓာန် = လင်ပန်းကဝိဓဇသတ်ပုံကျမ်းမှာ မပါ။
ဦးသာမြတ်သတ်ပုံထဲမှာလည်း မပါ။
လင်နေသားမွေး – န /လင်နေသူမွေး/ မိန်းမအိမ်ထောင်သည်၊၊ “ဤဇရပ်၌ လင်နေသားမွေးများ ညဉ့်အိပ်ညဉ့်နေ မနေရ၊၊”
လင်နောက်လိုက် – ကြိ /လင်နောက်လိုက်/ မိဘ အုပ်ထိန်းသူ မသိစေပဲ မိန်းကလေးက မိမိချစ်သူနှင့် ပေါင်းသင်းနေထိုင်ရန် လိုက်ပါသွားသည်။၊
လင်ပါ – နဝိ /လင်ဗာ/ ယခင်မယားနှင့်ရသော၊၊— န /လင်ဗာ/ ယခင်မယားနှင့်ရသော (အများအားဖြင့် ဖခင် နောက်အိမ်ထောင်ပြုရာ အတူလိုက်၍ နေထိုင်သော) သားသမီး၊၊
လင်ပြောသားပြော – န /လင်ဗျောသားဗျော/ မိမိလင်သားကဲ့သို့ ပိုင်စိုးပိုင်နင်း ပြောဆိုခြင်း၊၊
လင်ဗန်း – န /လင်ဗန်း/ အနားပတ်ပါသော၊ အများအားဖြင့် ဝိုင်းသောသတ္တုပြား၊၊ (ကြေးလင်ဗန်း၊ ရွှေလင်ဗန်း၊ ကြွေရည်သုတ်လင်ဗန်းစသည် ရှိသည်။)
လင်နေသားမွေး – န /လင်နေသူမွေး/ မိန်းမအိမ်ထောင်သည်၊၊ “ဤဇရပ်၌ လင်နေသားမွေးများ ညဉ့်အိပ်ညဉ့်နေ မနေရ၊၊”
လင်နောက်လိုက် – ကြိ /လင်နောက်လိုက်/ မိဘ အုပ်ထိန်းသူ မသိစေပဲ မိန်းကလေးက မိမိချစ်သူနှင့် ပေါင်းသင်းနေထိုင်ရန် လိုက်ပါသွားသည်။၊
လင်ပါ – နဝိ /လင်ဗာ/ ယခင်မယားနှင့်ရသော၊၊
— န /လင်ဗာ/ ယခင်မယားနှင့်ရသော (အများအားဖြင့် ဖခင် နောက်အိမ်ထောင်ပြုရာ အတူလိုက်၍ နေထိုင်သော) သားသမီး၊၊
လင်ပြောသားပြော – န /လင်ဗျောသားဗျော/ မိမိလင်သားကဲ့သို့ ပိုင်စိုးပိုင်နင်း ပြောဆိုခြင်း၊၊
လင်ဗန်း – န /လင်ဗန်း/ အနားပတ်ပါသော၊ အများအားဖြင့် ဝိုင်းသောသတ္တုပြား၊၊ (ကြေးလင်ဗန်း၊ ရွှေလင်ဗန်း၊ ကြွေရည်သုတ်လင်ဗန်းစသည် ရှိသည်။)
ဗန်း
ဗန်း¹ – န /ဗန်း/ နှီး၊ ထန်းခေါက် စသည်ဖြင့် ရက်လုပ်ထားသော အနားစောက်တိမ်သည့် ထည့်စရာ။ အနားစောက်ပါ၍ ပြန့်သော ထည့်စရာ။
ဗန်း² – န /ဗန်း/ အပေါ်ယံအမြင်။ အလွယ်အားဖြင့် အကဲဖြတ်နိုင်သည့် မြင်ကွင်း။ (အပြင်ဗန်း၊ ရောင်းဗန်း၊ မျက်နှာဗန်း စသည်ဖြင့် တွဲစပ်သုံးသည်။)
ဗန်း³ – န /ဗန်း/ ဘန်းစကား – န၊ ရှု။
ဗန်းကုပ် – န /ဗန်းဂုတ်/ ဗန်းခုံ – န၊ နှင့်အတူတူ။ “သည်နွေပူ ဘိက္ခုလုပ်မယ်၊ ဗန်းကုပ်နဲ့လေး” သီချင်းပဒေသာ၊ ပ။ ၃၅။
ဗန်းခုံ – န /ဗန်းဂုန်း/ အလယ်တွင် ရှုံ့ခွက်နေသော ဗန်း။
ဗန်းစကား – န /ဗန်းဇဂါး/ ဘန်းစကား – န၊ ရှု။
ဗန်းတင် – ကြိ /ဗန်းတင်/ [ဥပမာ] အမြတ်တနိုး မြှောက်စားသည်။ ချီးပင့်ဖော်ထုတ်သည်။
ဗန်းပြ – ကြိ /ဗန်းပျ/ [ဥပမာ] မြင်သာအောင် အရေးထား၍ ပြသည်။
ဗန်းမလှ – ကြိ /ဗန်းမလှ/ အပြင်ဗန်း မလှဘဲရှိသည်။ (ရောင်းဗန်းမလှ၊ မြင်ဗန်းမလှဟု သုံးလေ့ရှိသည်။)
ဗန်းရှုံး – ကြိ /ဗန်းယှုန်း/ တဗန်းရှုံး – ကြိ၊ နှင့် အတူတူ။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉) အရ
လင်ဗန်း ကသာ မှန်ပါမယ်။
သီလရှင်အလှူခံဗန်း
ဈေးဗန်း
ဒေါက်တာတင့်ဆွေ
ဒေါက်တာတင့်ဆွေ

Comments
Post a Comment