AI
မြန်မာစာတွင် ကော်မာ (၊) အသုံးပြုပုံ
ပုဒ်ဖြတ် ပုဒ်ရပ်အဖြစ် အသုံးပြုခြင်း – မြန်မာစာ ပုဒ်ထုံးတွင် ကော်မာ (၊) ကို "ပုဒ်ဖြတ်" ဟု ခေါ်ဆိုပြီး ဝါကျတစ်ခုအတွင်း စကားစုများ၊ ကိန်းဂဏန်းများ သို့မဟုတ် အကြောင်းအရာများကို အနည်းငယ် ပိုင်းခြား၍ စာဖတ်သူ အနားယူ ဖတ်ရှုနိုင်ရန်အတွက် အသုံးပြုပါသည်။
အင်္ဂလိပ် ပုဒ်ဖြတ်ပုဒ်ရပ် စိစစ်စနစ် လွှမ်းမိုးမှု – ခေတ်သစ် မြန်မာစာ ရေးထုံးများတွင် အင်္ဂလိပ် စာရေးဟန်နှင့် အစီရင်ခံစာများ၊ ပညာရပ်ဆိုင်ရာ စာတမ်းများ၊ အဘိဓာန်များနှင့် စာရင်းဇယားများတွင် သင်္ကေတ ကော်မာ ( , ) ကိုလည်း ကိန်းဂဏန်း ပိုင်းခြားခြင်း (ဥပမာ- ၁,၀၀၀) သို့မဟုတ် စာရင်းတွဲများ ရေးသားရာတွင် ထည့်သွင်း အသုံးပြုလေ့ ရှိကြပါသည်။
သို့သော် ပုံမှန် စာပေ ရေးသားမှုတွင် မြန်မာ ပုဒ်ဖြတ် သင်္ကေတဖြစ်သော "၊" (ပုဒ်ဖြတ်) ကို သုံးစွဲခြင်းက မြန်မာစာ ရေးထုံးအရ ပိုမို စံညီပြီး သဘာဝ ကျပါသည်။
ကျွန်တော့အမြင်
ယတိဘေဒစာတွေကို မကြာခဏ တင်ပြထားပါတယ်။
ယတိဘေဒကို "လယ်တီကေလာသ" က ပြုစုထားတယ်။
ကောင်းပါတယ်။ အပြည့်အစုံတော့ မပါ။
အင်္ဂလိပ်စာ "ပန်ကျူယေးရှင်း" နဲ့ အလားတူတယ်။ ဒါပေမဲ့ ထပ်တူမကျပါ။
မြန်မာစာရေးနည်းထဲမှာ မပါပေမဲ့ ခေတ်သဘောအရ မသုံးမဖြစ်တာတွေ သုံးကြရတယ်။
တချို့ ခိုင်ခိုင်မာမာရေးထားတဲ့ ကျမ်းစာအုပ်တွေမှာ နိဒါန်းနေရာမှာ အသုံးပြုနည်း သင်္ကေတတွေကို ရှင်းလင်းချက်နဲ့ ရေးထားလေ့ရှိတယ်။ ကောင်းတယ်။
နည်းပညာသစ်တွေ ပေါ်လာပြန်တယ်။ သင်္ကေတတွေ လွဲကုန်တယ်။ ဆိုရှယ်မီဒီယာမှာ အရုပ်စာတွေ ဝင်လာပြန်တယ်။ မျက်စိနောက်တယ်။
သီချင်းစာသာရေးကြတာက ပိုပြီးမျက်စိနောက်တယ်။
ပုဒ်ထီး၊ ပုဒ်မအစား , ကော်မာ မသုံးသင့်ပါ။
( - ) သုံးသင့်တယ်။
' - ' နဲ့ " - " အသားကျလာပြီ။ ပြောစကားကို အထူးပြုတယ်။
[ - ] ကိုလည်း ( - ) နဲ့ မရတဲ့အခါ သုံးရတယ်။
? နဲ့ ! မသုံးသင့်လို့ ထင်ပါတယ်။
ဒါပေမဲ့ လူကြီးမင်းတို့သဘော။
လူအများစုက အမိန့်အာဏာနဲ့ မှသာ နာခံချင်ကြတယ်။
ယတိ ယတိဘေဒ https://burmese-spelling.blogspot.com/2026/07/blog-post_4472.html
ယတိဘေဒ ခေါ် မြန်မာစာရေးနည်း (၂) https://burmese-spelling.blogspot.com/2025/03/blog-post.html
စာရိုက်နည်း သံခိပ် https://burmese-spelling.blogspot.com/2025/10/blog-post_12.html
ယတိဘေဒ မေးခွန်း https://burmese-spelling.blogspot.com/2025/04/blog-post_448.html
ယတိဘေဒ အဆက် https://burmese-spelling.blogspot.com/2024/12/blog-post_632.html
Space ခေါ် ခြာရေးတာ ဘယ်ဘာသာစကားမှာမဆို ရှိတယ် https://burmese-spelling.blogspot.com/2026/01/space.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment