မိုးကရွာ ရေကမြုတ် ငလျင်ကလှုပ်နဲ့ ဒုက္ခက အမျှင်မပြတ်သေးဘူးနော။
မြုတ်က မှန်သလားဆရာ။ မြန်မာစာ ဆရာတဦးရေးထားတာ
- မမှန်ပါ။
မြေပဲခင်း ရေမြုတ်သောအခါ ရုပ်သံ
- မမှန်ပါ။
အခင်းတွေ ရေမြုတ်ပြီ ရုပ်သံ Khat ...
- မမှန်ပါ။
ရေးစုတ်မော်တာ(ရေမြုတ်)ပြုပြင်နည်း
- မမှန်ပါ။
လှုပ်လေမြုတ်လေ - song and lyrics by K၀ Shaki
- မမှန်ပါ။
အရှေ့ဒဂုံ နောင်ရိုးချောင်းအရှေ့ ၁၃ ရပ်ကွက်ရေမြုတ် နေအိမ်များသို့
- မမှန်ပါ။
ငါးငပိ ချက်နှင့် အတူ မြုတ်တဲ့ ပဲ နှစ်ပါး ညစာအချိန် ဖျော်ဖြေမှုပြတင်းပေါက်
- မမှန်ပါ
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၉)
မြုပ်
၁။ မြေ၊ ရေစသော တစုံတရာအတွင်း၌ ကျနစ်တည်ရှိသည်။
၂။ အတွင်းသို့ နစ်ဝင်သည်။
၃။ မမြင်မထင်သာ၊ အတန်ကြာ ပျောက်ကွယ်နေသည်။
မြှုပ်
၁။ မြေ၊ ရေစသော အထုတစုံတရာအတွင်း၌ အလုံးစုံး နစ်ဝင်အောင်ပြုသည်။
၂။ (ဥပစာ) လုပ်ငန်းတစုံတရာ၌ ရင်းနှီးထားသည်။
၃။ မဖော်ပြပဲ ခြွင်းလှပ် ဖယ်ချန်ထားသည်။ နစ်ပျောက်စေည်။
၄။ မသိ မမြင်အောင် သိုဝှက်ဖုံးကွယ်ထားသည်။
မြှုပ်ကွက်
မြှုပ်နှံ
အထက်စာလုံးတွေက ကြိယာဖြစ်တယ်။ အ ထည့်တော့ နာမ်ဖြစ်တယ်။ အတို့အမြှုပ်က မှန်ပါမယ်။
မှတ်ရန် - မဖော်ပြပဲလို့သာရေးပါတယ်။ ဘဲ မဟုတ်ပါ။
အခြားသတ်ပုံကျမ်းများ
မြှုပ်၍မြုပ်သည်
မြုပ်အောင်မြှုပ်ပါ
မြှုတ် မတွေ့ပါ။
ရေမြှုပ်
မြှုပ်နှံ
"အောင်" မြန်မာထမင်းဆိုင်ရဲ့အတို့အမြုတ် - မမှန်ပါ။
လတ်ဆတ်တဲ့အရွက်စုံတွေနဲ့ အတို့အမြို့စားမယ် - မမှန်ပါ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment