ရှာဖွေ တင်ပြပါမယ်။
(၁)
အီစလံဝေ နိုင်ငံတော်
သရဝဏ်(ပြည်)
အီစလံဝေဆိုသော စကားကို လူတိုင်းသိကြ၏။ ထိမိခိုက်မိသဖြင့် နာကျင်သွားခြင်းကို ဆိုလိုဟန်ရှိပေ၏။ ခလုပ်တိုက်မိရာတွင်ဖြစ်စေ ၊ ခေါင်းနှင့် တန်း ထိခိုက်မိရာတွင်ဖြစ်စေ “ငါတော့ အီစလံဝေသွားတာပဲ“ ဟုပြောလေ့ရှိသည်။
သို့သော် အီစလံဝေဆိုသောစကားမှာ မြန်မာစကားမဟုတ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင်တွေ့နိုင်မည်မဟုတ်။ ပါဋ္ဌိစကားလဲမဟုတ်၊ ဟင်ဒီလည်းမဟုတ်။ သက္ကတလည်းမဟုတ်။
အင်္ဂလိပ်စကားပျက်ဖြစ်သည်။
It is a long way (It’s long way) ဆိုသော အင်္ဂလိပ်စကားမှလာသည်။ ဝေးသေးသည်။ သွားရမည့်ခရီးသည်မနီးလှ ဆိုသော ရင်းအဓိပါယ်မှ င်းသက်လာသည်။
ကိုလိုနီခေတ်က လွတ်လပ်ရေး တိုက်ပွဲခရီးကြမ်းကိုရည်စူး၍ အင်္ဂလိပ်စာတတ် ပညာတတ်များက လွတ်လပ်ရေးရဖို့ဆိုတာ တော်တော်နဲ့တော့မရဘူး၊ ခရီးရှည်ကြီးသွားရဦးမယ်၊ အစ်လောင်းဝေး (It’s long way) ဟုပြောကြရာမှ အစ်လောင်းဝေးမှသည် အီစလံဝေ ဖြစ်လာဟန်ရှိသည်။
အီစလံဝေကျတော့ နာသည့်အဓိပါယ်၊ ခံရသည့်အဓိပါယ် ဖြစ်လာသည်။
ဘာပဲဖြစ်ဖြစ် အီစလံဝေပဲဖြစ်ဖြစ်၊ အစ်စလောင်းဝေးပဲဖြစ်ဖြစ် သိပ်ကောင်းသည့်အနက်အဓိပါယ်တော့မဟုတ်တာသေချာသည်။ ကြာမည် (သို့ဟေုတ်) နာမည်ဟု အကြမ်းဖျင်းယူဆနိုင်သည်။
(၂)
"အီစလံဝေ" ဆိုသည်မှာ တေးသံရှင် ဝင်းသိန်း သီဆိုထားသော သီချင်းတပုဒ်ဖြစ်ပြီး နေမကောင်းချိန် သို့မဟုတ် မူးဝေအားနည်းနေမှုကိုလည်း တင်စားခေါ်ဝေါ်လေ့ရှိသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment