အမှတ်ပြီးစည်၊ ကျွန်ဟူသည်ကို၊ ကွေ့လည်ကောက်တု၊ မပြုနှင့်မောင်၊ နိုင်အောင်တည့်တည့်၊ နိင်ပြသည့်ချက်၊ ယှင်းကွက်သဖြင့်၊ သို့မသင့်ဟု၊ ဖွင့်၍ဖြဖြ၊ ဆုံးမမလည်း၊ မောင်လှအကြိုက်၊ စိုက်စိုက်လိုက်နာ၊ ကျင့်စသည်။ ။မြဲစွာသတိရှိ၏တည်း။
၂၄၃။ တတိုင်းဝေးလံ၊ တနိုင်ငံမှာ၊ လိုရာမရောက်၊ ကြံမမြောက်မူ၊ ကွေ့ကောက်မာယာ၊ ကျမ်းလာရှိတိုင်း၊ ပုခိုင်းနှီးနွှယ်၊ ရှယ်လေမောင်လှ၊ ထိုမှတကြောင်း၊ ကျွန်ကောင်းသခင်၊ လွန်ခဲ့အင်၏၊ အရှင်ကောင်းကျွန်၊ အမှန်လူဝယ်၊ ရလွယ်စတောင်း၊ ကျွန်ကောင်းအရှင်၊ ခံလိုလျှင်မူ၊ သွန်သင်ပြသ၊ ခါနီစုံလျှင်၊ ဆုံးမကွပ်ညှပ်၊ ကိုယ်တိုင်ကြပ်၍၊ ကျင့်သွပ်မဟူ၊ ငါ့နည်းယူဟု၊ တူစနှိုင်းမျှ၊ ခုကာလတွင်၊ ကျွန်လှသခင်၊ ဖြစ်ရထင်၏၊ လူတွင်အထွတ်၊ သမုတ်မညှာ၊ လူချမ်းသာကို၊ ရှာသသူကား၊ လားလားတွက်ချေ၊ မနေလေဘူး၊ ညှစ်ညူးလွန်ကဲ၊ ဆင်းရဲနိုးခြုံ၊ ခံရချေမြိ၊ မလွှဲနေကြ၊ သို့ကိုမူလည်း၊ လောကအများ၊ တို့စီးပွားကို၊ ကြိုးစားပူဆာ၊ ယူရှာချေက၁၊ ချမ်းမြေ့သာလွ၊ တို့နေရဟု၊ စိတ်ကကြည်ဖြူ၊ မယူသေးပဲ၊ မလွှဲရည်ချူ၊ ကြံမည်သူသည်။ ။ပင့်ကူမြှေးသို့ ငြိ၏တည်း။
၂၄၄။ ပင့်ကူခြည်မြှေး၊ သည့်အရေးလည်း၊ မြှောက်တွေးစေ့စေ့၊ လုံလုံစေ့လေ့၊ တတွေသည်ပ၊ ရမဝတီ၊ သီဟိုဠ်အောင်မျှို့၊ ရွှေမြို့ပတ်လည်၊ ဝေးရှည်အစော၊ ညှာကြောတောတောင်၊ စစ်ခေါင်ဝေးမြေ့၊ မနေအလှည့်၊ ရုံးပြင်ကန္တာ၊ များသည်မူရှည့်၊ အိပ်လှည့်အိပ်ပြန်၊ အမှန်မပျက်၊ ဝင်ထွက်ကြီးပမ်း၊ မူထမ်းရာထမ်း၊ နုကြမ်းရာလျော့၊ ကျွန်တော်မျိုးများ၊ အခြားခြားကို၊ ထံပါးဝေးနီး၊ ဆယ်ကြီးကင်းတိုင်၊ ရာဆိုင်တစော၊ စာရေးမှူးကြီး၊ တသီးသင်းကွဲ၊ စစ်ကဲနားခံ၊ စီးမံမြို့ဝန်၊ တတန်ကျေးရွာ၊ အရာမြှင့်ပြ၊ ဆောင်ရွက်စသည်၊ များလှပြေကျယ်၊ ရန်ထားဖွယ်လည်း၊ မောင်ငယ်
၁။ သူရှာချေ၍။
ကုမ္မာဘယပျို့
https://drive.google.com/.../17d7UHuQsQRJRcl0Bbeh.../view...
#ရှေးစာကဗျာများ
ကုမ္မာဘယပျို့သည် ညောင်ရမ်းခေတ် စာဆိုတော် ဝန်ကြီးပဒေသရာဇာ ရေးသားခဲ့သော နာမည်ကျော် လေးလုံးစပ် ကဗျာရှည် (ပျို့) တစောင် ဖြစ်ပါသည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment