အချို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်လိုစိတ် ပိုများလာကြတယ်၊
အချို့က တိတ်ဆိတ်ငြိမ်သက်သွားကြတယ်၊
အချို့ကတော့ ပိုမိုရင့်ကျက်ပညာရှိလာကြပါတယ်။
သို့သော်
သင့်ကို နာကျင်စေခဲ့သောအရာများကြောင့် သင်၏စိတ်နှလုံး မာကျောခက်ထန်သွားရန် မလိုပါ။
နာကျင်မှုများကို သင့်ဘဝ၏ သတ်မှတ်ချက်တခုအဖြစ် မသတ်မှတ်ပါစေနှင့်၊
သင့်ကို သင်ခန်းစာပေးသည့် ဆရာအဖြစ်သာ ယူပါလေ။
ထိုနာကျင်မှုများမှတဆင့် သင်၏ ကရုဏာတရားကို ပိုမိုနက်ရှိုင်းစေပါ၊
သင့်စည်းဘောင်များကို ပိုမိုခိုင်မာစေပါ၊
ထို့ပြင်
ငြိမ်းချမ်းမှုဆီသို့ လမ်းညွှန်ပေးပါစေ။ ။
မှတ်ချက်
ဗုဒ္ဓဘာသာဆိုင်ရာ နေရာတခုမှာ ဘုရားပုံတော်နဲ့ အင်္ဂလိပ်လိုတင်ထားပေမဲ့ ဘုရားဟောအစစ် ဟုတ်ချင်မှ ဟုတ်ပါမယ်။ ဘာသာတရားလိုက်စားသူတဦးရဲ့ အမြင်လည်း ဖြစ်နိုင်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment