Skip to main content

မန္တလေးသားတွေ

ကွန်မင့်တခု = မန္တလေးသားတွေက မန်းလေးလို့ပြောကြတာ နှုတ်ကျိုးနေတာပါ်ဆရာ၊

ပြန်စာ

အဲလို ခြုံပြီးကောက်ချက်ချတာတွေက မမှန်ပါ။

ဝါးလုံးသိမ်းကောက်ချက်လို့ခေါ်တယ်။

- ရန်ကုန်သားတွေ

- အညာသားတွေ

- တောသားတွေ

- တိုင်းရင်းသားတွေ

- ယောက်ျားတွေ

- မိန်းမတွေ

- ခေတ်လူတွေ

- ရှေးလူကြီးတွေ

စသဖြင့် အားလုံးကိုခြုံပြီး အကောင်း အဆိုး မပြောသင့်ပါ။ ဖြစ်နိုင်ခြေရာခိုင်နှုန်းကို လေ့လာမှုသုတေသနပြုမှသာ အမှန်နဲ့ အနီးစပ်ဆုံးဖြစ်တယ်။

နောက်တချက်

စာအရေးအသားနဲ့ ပြောစကားသံ ထပ်တူမကျတတ်ပါ။

ဥပမာ

'ရန်ကုန်' လို့ရေးရပြီး 'ယန်ဂုံ' သံထွက်လေ့ရှိတယ်။ စာနဲ့ရေးရင် 'ရန်ကုန်' လို့သာရေးရတယ်။

'မန္တလေး' ကို စကားပီးသသူ၊ မပီသသူ၊ စာမတတ်သူတွေက ဘယ်လို့အသံထွက်ထွက် စာနဲ့ရေးရင် 'မန္တလေး' လို့သာ ရေးရတယ်။

ကျွန်တော်က မန္တလေးမှာ ဆေးပညာသင်ခဲ့သူဖြစ်လို့မန္တလေးသားတွေအများကြီးကိုသိတယ်။ သူငယ်ချင်းတွေက စကားလည်းပီတယ်။ စာလည်း မှန်အောင်ရေးကြတယ်။

“ဝါးလုံးသိမ်းကောက်ချက်” အဓိပ္ပာယ်

အင်္ဂလိပ်လို "Overgeneralization" သို့မဟုတ် "Sweeping generalization" နဲ့ သဘောသဘာဝချင်း တူညီတယ်။ ဝါးပင်တွေကို ခုတ်ယူရာမှာ အကောင်း၊ အဆိုး၊ အဖြောင့်၊ အကောက်၊ အနု၊ အရင့်လို့ အမျိုးမျိုးရှိနိုင်တယ်။ အဲဒီဝါးလုံးအားလုံးကို တခုချင်းစီ သေချာမရွေးချယ်တော့ဘဲ၊ ဝါးလုံးအားလုံးကို တပြိုင်တည်း သိမ်းကျုံးပွေ့ကောက်လိုက်တဲ့ သဘောကနေ ဆင်းသက်လာခြင်း ဖြစ်ပါတယ်။

ဖြစ်ရပ်တခုချင်းစီရဲ့ သီးခြားအခြေအနေ သို့မဟုတ် အချက်အလက်အမှန်ကို အသေးစိတ်မလေ့လာဘဲ “အားလုံးဟာ ဒီလိုချည်းပဲ” လို့ သိမ်းကျုံးပြောဆိုခြင်းကို တင်စားသုံးနှုန်းခြင်း ဖြစ်ပါတယ်။

ကောက်ချက်ချမှု၏ အားနည်းချက်

တဦးချင်းစီ၏ ထူးခြားချက်၊ သီးခြားဖြစ်ရပ်တခုချင်းစီ၏ အကြောင်းရင်းခံများကို လျစ်လျူရှုမိစေသဖြင့် ဆုံးဖြတ်ချက်များ မှားယွင်းတတ်ပါတယ်။

အကောင်း၊ အဆိုးကို ခွဲခြားမမြင်နိုင်တော့ဘဲ ဘက်လိုက်မှုနှင့် အမုန်းပွားမှုများကို ဖြစ်ပေါ်စေနိုင်တယ်။

“ဝါးလုံးသိမ်းကောက်ချက်” https://burmese-spelling.blogspot.com/2026/06/blog-post_896.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ