တင်ထားတဲ့စာ = ဝါကျ ၄ ကြောင်းမှာ ၄ လုံးသာ မှားပါသည်
ကွန်မင့်များ
၁။ အညာမြစ်ရိုးမှာတော့ လှေဝမ်းထဲက ရေကို ခပ် ပက်တဲ့ခွက်ကို ပက်ခွက် လို့ခေါ်ကြတာပါပဲ။
၂။ ပက်ခွက် ကိုပြောတာပါရေပက်ဆေးဖို့လို့ ပုခက်မဟုတ်ပါ
၃။ ပခပ် က ဒေသိယမြည်သံစွဲအသုံးပါဆရာ လှေထဲကနေ ရေခပ်ထုတ်ရသော ခွက်တမျိုးပါ ပုခက်မဟုတ်ပါဆရာ
ကျေးဇူး။
ကျွန်တော်လည်း ပက်ခွက်တမျိုး သုံးခဲ့ဘူးတယ်။ သောင်ရင်းမြစ်ထဲမှာ။
ကြာပြီ။ မာနယ်ပလော မကျမီ ၁၉၉၅ မတိုင်ခင်က။
အရင်ကရတဲ့ ကွန်မင့်တခု = ဆရာ ဒါဆို လှေကို ရေခပ်ထုတ်နေတာဆရာပေါ့။
ဟုတ်။
မြန်မာ့ဒီမိုကရေစီရေးမှာ လှေကောင်း မစီးနိုင်ခဲ့ပါ။
ဒီမိုကရေစီရေးဆိုတာ ၁၉၈၈-၁၉၉၀ ကနေစပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအထိ ကြာမြင့်တာရှည်ခဲ့ပါတယ်။
ကျွန်တော်တို့တုန်းက အခုဆောင်ရွက်နေသူလို နေထိုင်စားသောက် သုံးစွဲနိုင်ခြင်း မရှိပါလို့ ပြောလိုတာ မဟုတ်ပါ။
လူ့ဘဝ၊ တော်လှန်ရေးဘဝတွေဆိုတာ အဲလိုဘဲ။
၁၉၈၈ မတိုင်ခင်ကလည်း သိပ်မကွာခြားလှပါ။
တောထဲတောင်ထဲ၊ ထောင်ထဲ နေရလိုက် ဟော်တယ်မှာ စည်းဝေးရလိုက်။
ခေတ်ကလည်း ပြောင်းပြီ။
ဆစ်ကနယ်။ ဇူးမ်။
တချို့လည်း ဗုံးခိုကျင်း။
၁၉၉၄- ၁၉၉၅ လောက်ကဖြစ်ပါတယ်။ ပုံအတွက် NLD/LA ကျေးဇူး။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment