ဆို - ပြည်လှဖေဆွတ်ခူးရန်ခက်ပါရဲ့ မျက်ပါရဲ့သက်လယ်.... အုံ့ပုန်းမောင် မျက်နှာငယ်မှာ ကွက်မလယ်နိုင်ဘဲ.... ရွှေငုံးမင်း အမြီးမြှော်သလို ခရီးတော်နီးရက်နဲ့ဝေး....။
ဘယ်သောအခါများ တူနှစ်ကိုယ်နီးရပါမယ် × မောင်ကြံရွယ် နတ်ပန်းထက်ပင်ခူးရန်ခက်သေးတယ် × × သြော်- ဝင်းဝင်းပပ လှတဲ့ ပျိုနွဲ့မရယ်.... မောင့်အသည်းမှာပင် အမြဲတမ်းဘဲ စွဲလမ်းမိတော့တယ် × တူမောင်မယ်နီးရဖို့ ခင်ပျိုနွဲ့မရယ် ခက်သေးတယ် × အမြင်မှာနီးရက်နဲ့ ခရီးကဝေးလှတယ်-မိဘမောင်ဘွား အကိုတွေကြားဝယ်-ယက္ခဂုမ္ဘဏ် ဝိုင်းရံပတ်လို့ရယ် စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်....။
မောင့်အသည်းမှာ အမြဲဘဲကွယ်.... ခင်နဲ့မောင်နီးဖို့ ခက်ပါတယ် × × ခင်ပျိုဖြူ သူဇာအလှရယ် × × မူယာကကြွယ် × × မြင်သူတိုင်းဘဲ ငေးလောက်ဖွယ် × မျှော်နေသူ ချူရန်ခက်လှတယ်....။
သဉ္ဇာလီဆောင်ခန်းအလယ်.... မောင် တမှေးစက်ရာဝယ် × × ခင့်မျက်နှာကလေး တရေးရေး မြင်မိတယ် › မှန်းဆကာအမြဲဘဲကွယ် × တမ်းတကာလွမ်းမိတယ် အိပ်မက်ထဲမှာဘဲတွေ့ရတော့တယ် လှတမျက်နှာ ယဉ်တကိုယ်လုံး.... သိမ်းကြုံးလို့ မောင်ပွေ့ထားချင်တယ် (ဘယ်ဆုကိုယူ ဘယ်ဆုတောင်းလို့ရယ်) ၂ × × မြင်မြင်သမျှ ဘဝင်ကြွေအောင် လှတဲ့ နှမပျိုရယ် × အချစ်ဖူးကလေးကို ခူးချင်ပါရဲ့ကွယ် ခူးရန် ခက်သေးတယ်.... မိဘမောင်ဘွား အကိုတွေကြားဝယ် × × ယက္ခဂုမ္ဘဏ် ဝိုင်းရံပတ်လို့ရယ် စောင့်ကြပ်တဲ့ နတ်ပန်း အာသာဝတီနွယ်....။
https://www.facebook.com/reel/1598573911942764
ဒေါက်တာတင့်ဆွေ

Comments
Post a Comment