Skip to main content

အချိုးကျကျ ကျဆင်းခြင်း

မေးခွန်းတခု = ကျွန်တော်မမွေးခင်ကတည်းက မြန်မာ့ပညာရေးပျက်စီးပြီမဟုတ်လားဆရာ ၁၉၇၃ ဖွားပါ

ပြန်စာ

တချို့အရာတွေကို ဘယ်တုန်းစပြီး ပျက်စီးသလဲ ပြန်လည်ဆန်းစစ်ရာ မလွယ်ကူလှပါ။

မိုးမလုံတဲ့ခေါင်မိုးကိုတော့ သိနိုင်ကြတယ်။

မျက်စိအောက်မှာ အဆောက်အအုံတခု ယိုယွင်းလာတာကိုလည်း မြင်နိုင်ကြပါတယ်။

တိုင်းပြည်တခုရဲ့စီးပွားရေးကို GDP နဲ့ သုံးငွေတန်ဖိုးနဲ့ ယေဘုယျ သိနိုင်တယ်။

ကျန်းမာရေးကို ရောဂါဖြစ်နှုန်း၊ သေဆုံးနှုန်းတွေအရ ဆန်းစစ်လို့တယ်။

ပညာရေး ဘယ်တုန်းက စကျလာသလဲ အခက်ဆုံး။

မြန်မာစာ ပိုပြီးခက်တယ်။

ဒီနှစ်ခုကို ယေဘုယျပြောနိုင်တာတော့ ရှိပါတယ်။

ပညာရေးကျဆင်းမှုက ၁၉၆၂-၆၄ ကက စတင်ခဲ့ပါတယ်။

မြန်မာစာသတ်ပုံတွေပြင်တာကတော့ ပဌမအကြိမ် စစ်အာဏာသိမ်းခြင်း (၁၉၆၂-၁၉၈၈) ကာလရဲ့ နောက်ဆုံးနှစ်တွေကနေ စခဲ့တယ်။

လက်တွေ့ အမိန့်အာဏာနဲ့ ခိုင်းသလို မရေးမနေရ၊ မသင်မနေရ၊ ထုတ်ဝေရေးလုပ်ရကို ၁၉၈၈ နောက်ပိုင်းကနေသာ စခဲ့ပါတယ်။

ဒါကတော့ ခုနှစ်နဲ့ အချက်အလက်သာဖြစ်ပါသေးတယ်။

တိုင်းပြည်တခု အောက်ကျနောက်ကျဖြစ်ခြင်းမှာ မြန်မာပြည်သာလျှင် အုပ်စုံ ကျဆင်း ပျက်ယွင်းပါတယ်။

စစ်အာဏာသိမ်းပေမဲ့ တိုင်းပြည်၊ ဘာသာစာ၊ ပညာရေး၊ စီးပွားရေး မပျက်တဲ့သာဓက ထိုင်းနိုင်ငံ။

ဒီမိုကရေစီ မစစ်ပေမဲ့ စီးပွားရေး၊ ပညာရေးကောင်းတာ စင်္ကာပူ။

ဒီမိုကရေစီ စစ်ပြီး ရူးပီတန်ဖိုးကျတာ အိန္ဒိယ။ ဒါပေမဲ့ ပညာရေးကောင်းတယ်။

ကမ္ဘာ့အောက်ဆုံးအဆင့်ကနေ မြန်မာပြည်ထက်အဆင့်တက်လာနိုင်တာ အီသီယိုးပီးယား။

စာရှည်သွားမယ်။ မြန်မာပြည်မှာ ပညာရေးနဲ့ မြန်မာစာကျဆင်းခြင်းဟာ စစ်အားဏာသိမ်းခြင်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး အချိုးကျကျ ကျဆင်းပါတယ်။

စာက နိုင်ငံရေးအကြောင်းစာတော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ