ပြန်စာ
တချို့အရာတွေကို ဘယ်တုန်းစပြီး ပျက်စီးသလဲ ပြန်လည်ဆန်းစစ်ရာ မလွယ်ကူလှပါ။
မိုးမလုံတဲ့ခေါင်မိုးကိုတော့ သိနိုင်ကြတယ်။
မျက်စိအောက်မှာ အဆောက်အအုံတခု ယိုယွင်းလာတာကိုလည်း မြင်နိုင်ကြပါတယ်။
တိုင်းပြည်တခုရဲ့စီးပွားရေးကို GDP နဲ့ သုံးငွေတန်ဖိုးနဲ့ ယေဘုယျ သိနိုင်တယ်။
ကျန်းမာရေးကို ရောဂါဖြစ်နှုန်း၊ သေဆုံးနှုန်းတွေအရ ဆန်းစစ်လို့တယ်။
ပညာရေး ဘယ်တုန်းက စကျလာသလဲ အခက်ဆုံး။
မြန်မာစာ ပိုပြီးခက်တယ်။
ဒီနှစ်ခုကို ယေဘုယျပြောနိုင်တာတော့ ရှိပါတယ်။
ပညာရေးကျဆင်းမှုက ၁၉၆၂-၆၄ ကက စတင်ခဲ့ပါတယ်။
မြန်မာစာသတ်ပုံတွေပြင်တာကတော့ ပဌမအကြိမ် စစ်အာဏာသိမ်းခြင်း (၁၉၆၂-၁၉၈၈) ကာလရဲ့ နောက်ဆုံးနှစ်တွေကနေ စခဲ့တယ်။
လက်တွေ့ အမိန့်အာဏာနဲ့ ခိုင်းသလို မရေးမနေရ၊ မသင်မနေရ၊ ထုတ်ဝေရေးလုပ်ရကို ၁၉၈၈ နောက်ပိုင်းကနေသာ စခဲ့ပါတယ်။
ဒါကတော့ ခုနှစ်နဲ့ အချက်အလက်သာဖြစ်ပါသေးတယ်။
တိုင်းပြည်တခု အောက်ကျနောက်ကျဖြစ်ခြင်းမှာ မြန်မာပြည်သာလျှင် အုပ်စုံ ကျဆင်း ပျက်ယွင်းပါတယ်။
စစ်အာဏာသိမ်းပေမဲ့ တိုင်းပြည်၊ ဘာသာစာ၊ ပညာရေး၊ စီးပွားရေး မပျက်တဲ့သာဓက ထိုင်းနိုင်ငံ။
ဒီမိုကရေစီ မစစ်ပေမဲ့ စီးပွားရေး၊ ပညာရေးကောင်းတာ စင်္ကာပူ။
ဒီမိုကရေစီ စစ်ပြီး ရူးပီတန်ဖိုးကျတာ အိန္ဒိယ။ ဒါပေမဲ့ ပညာရေးကောင်းတယ်။
ကမ္ဘာ့အောက်ဆုံးအဆင့်ကနေ မြန်မာပြည်ထက်အဆင့်တက်လာနိုင်တာ အီသီယိုးပီးယား။
စာရှည်သွားမယ်။ မြန်မာပြည်မှာ ပညာရေးနဲ့ မြန်မာစာကျဆင်းခြင်းဟာ စစ်အားဏာသိမ်းခြင်းတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပြီး အချိုးကျကျ ကျဆင်းပါတယ်။
စာက နိုင်ငံရေးအကြောင်းစာတော့ မဟုတ်ပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment