အစားအစာတိုင်းကို ‘စာ’ နဲ့ရေးရတာ မဟုတ်ပါ။
‘အစာ’ အသုံးကို အများအားဖြင့် အကောင်တွေကို ကျွေးစရာအဖြစ် သုံးပါတယ်။
ကြက်စာ
ငှက်စာ
ခိုစာ
ငါးစာ
ခွေးစာ
ကြောင်စာ စသည်။
အဆာ ဆိုတာလည်း ဆာတာကို မဆိုလို။
အဆာပလာ
အဆင်တန်းဆာ
အဆာကျယ်
အဆာသွတ်
အဆာခံ
ပူဆာ
အဆာ¹ – န /အဆာ/ အစာကို စားလို၍ ဝမ်းတွင်းက ပူဆာ တောင့်တခြင်း။ မွတ်သိပ်ခြင်း။
အဆာ² – န /အဆာ/ ၁။ အဝတ် အထည် စသည်တို့တွင် မရက်ဘဲ ချန်ထားသော ချည်မျှင်။ အစွန်းအမြှော့။ ၂။ မူလ အရောင်ခံဖြစ်သောအရာတွင် ပိုမိုကောင်းမွန်အောင် မွမ်းမံသည့်အနေဖြင့် ထပ်လောင်းရောနှောသောအရာ။ “လဘက်စိုကို ရှေးအထက်ကျော်ကာရီက နှမ်းဆီနှင့် စိမ်ထားပြီး....နှမ်းလှော် ပဲလှော်စသောအဆာများဖြင့်ရောယှက်၍။” ယဉ်ကျေးမှု၊ ၃၊ ၆၊ ၃၂။
အဆာကျယ် – ကြိ /အဆာကျယ်/ ကျေနပ်နိုင်ခဲ့သည်။ စိတ်ဆန္ဒထွေးထွေးများပြားသည်။ ချေးများသည်။ “ကာသိမင်း၏ သက်နှင်းတောင်ညာ သုဘဒ္ဒါဟု အဆာကျယ်လှ ရှင်ဘုရင်မကြီးက။” ပညဝတ်။ ၂၁။
အဆာခံ – ကြိ /အဆာခန်/ ၁။ ဆာလောင် မွတ်သိပ်နေပါလျက် အစာမစားဘဲ နေသည်။ “အကြင်ပုဂ္ဂိုလ်သည် ဆာလောင်မွတ်သိပ်ခြင်း ရှိလျက် အဆာခံတတ်၏။” သာဂရ။ ၂၂။ ၂။ ဆာလောင်မွတ်သိပ်ခြင်းကို ခံနိုင်စွမ်းရှိသည်။ “တနေကုန်အောင် သွားရမှတ၊ အဆာခံအောင် ကောက်ညှင်းပေါင်းစားထားကြပါ။”
အဆာသွတ် – ကြိ /အဆာသွတ်/ ပိုမိုကောင်းမွန်အောင် မွမ်းမံသည့်အနေဖြင့် မူလပင်ရင်းဖြစ်သော စားစရာတခုအတွင်းသို့ စားစရာတခုခုကို ဖြည့်သွင်းသည်။
သွတ် ကို သွပ် လို့ရေးတာလည်း မှားတယ်။
သွပ်
ရူးသွပ်
သွပ်ချောင်ချောင်
သွပ်ပြား
သွပ်သတ္တု
သွပ်ဓါတ်
သွတ်
သွတ်ကယ်သွတ်ကယ်
သွတ္တပတ်ပင်
သွတ်သွင်း
သွတ် သွပ် https://burmese-spelling.blogspot.com/2025/02/blog-post_821.html
အဆာသွတ် https://burmese-spelling.blogspot.com/2025/07/blog-post_340.html
အဆာသွတ်လို့ ရေးရတယ် https://burmese-spelling.blogspot.com/2022/09/blog-post_115.html
စာ နဲ့ ဆာ https://burmese-spelling.blogspot.com/2024/05/blog-post_391.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment