၁။ တိုဟူး နဲ့ တို့ဟူး - မြန်မာ - ကုလားပဲ၊ ပဲပုပ်
၂။ တို့ဖူး - တရုပ် - ပဲနို့၊ ပဲပိစပ်နို့
၃။ တိုဟူးနွေး - ရှမ်းရိုးရာ - ပဲစိမ်းမှုန့် (သို့မဟုတ်) ကုလားပဲမှုန့်
ပဲကနေလုပ်တဲ့ တို့ဟူးကို မြန်မာပြည်မှာ အသုံးများပြီး၊ နို့ကနေလုပ်တာကို အိန္ဒိယနဲ့ တရုပ်ပြည်မှာ ပိုပြီး စားသုံးကြပါတယ်။
အသံထွက်တူနေလို့ မြန်မာပြည်မှာ စားသုံးကြတဲ့ တို့ဟူး နဲ့ ရောနေကြတယ်။ ပဲကနေလုပ်တဲ့ တို့ဟူးနဲ့ နို့ကနေလုပ်တာ မတူပါ။
တိုဟူးနဲ့ တို့ဟူးလို့ရေးနေကြတယ်။ မှားတော့ မမှားပါ။
Tofu ဆိုတာ ပဲကနေလုပ်တာ။ အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ တို့ဟူး။
Tofu (bean curd) = ပဲနို့ (ပဲပိစပ်နို့) ကနေလုပ်တယ်။ နို့ခဲ၊ နွားနို့ခဲ၊ ဒိန်ခဲ ဖြစ်ပါတယ်။ တို့ဖူး သံထွက်နိုင်တယ်။
တို့ဟူး (မြန်မာအဘိဓာန် အကျဉ်းချုပ် ၁၉၇၉) = ကြိတ်၍ စစ်ထားသော ပဲရည်ကို ကျိုပြီး ခဲထားသည့် စားဖွယ် အခဲအပျစ်။
တရုပ်ပြည်က Mapo doufu လို့လည်းခေါ်တယ်။ Mapo tofu လို့လည်းခေါ်တယ်။
မန္တလေးမှာ တိုဟူးပျော့လို့ခေါ်ရာကနေ တိုဟူးနွေးဖြစ်သွားတာလို့သတိထားမိပါတယ်။
tofu ဆိုတာတော့ ပဲပြား bean curd လို့ပဲခေါ်ခဲ့ကြတယ်၊ ဆယ်ဝင်ပုံးနဲ့သိပ်ထားတဲ့ဆီတိုဟူး fermented bean curd (stinky tofu, chou doufu) အတုံးလေးတွေကလည်းသူနဲ့လုပ်ထားတာ။
doufu ကို ထိုဟူး၊ ဒိုဖူးသံ ထွက်မလား မပြောတတ်။
“Doufu” သည် တိုဖူး (tofu) ကို ခေါ်သော တရုပ်ဘာသာစကား စကားလုံးဖြစ်ပါတတ်။ ပဲနို့ (soybean milk) ကို ခဲစေပြီး ထိုခဲထွက်လာသော အစိတ်အပိုင်းကို ဖိနှိပ်ကာ တုံးပုံသဏ္ဌာန်အဖြစ် ပြုလုပ်ထားသည့် အစားအစာဖြစ်ပါသည်။ အချို့ကိုတော့ မဖိနှိပ်ဘဲ ပျော့ပျောင်း၍ ပူတင်းပုံစံလို ဖြစ်နေသော douhua ဟု ခေါ်သော ပုံစံအဖြစ်လည်း ပြုလုပ်ကြပါတတ်။
တိုဖူး နဲ့ တို့ဟူး မတူပါ။
ဆိုင်တခုက ဆိုင်းဘုတ်မှာ ရေးထားသလို ထိုဟူးနွေးလို့တော့ မကြားဖူးပါ။
တရုပ်ပြည်ကလာတဲ့ Mapo doufu လို့လည်းခေါ်တယ်။ Mapo tofu လို့လည်းခေါ်တယ်။
Tofu တိုဖူး အမာခဲ 122 grams ကနေ ရနိုင်တဲ့ အာဟာရဓါတ်တွေ
177 calories ကယ်လိုရီ
5.36 g of carbohydrate ကာဘွန်ဟိုက်ဒရိတ်
12.19 g of fat အဆီ
15.57 g of protein ပရိုတင်း
421 mg of calcium ကယ်လ်စီယမ်
65 of magnesium မက်ဂနီဆီယမ်
3.35 mg of iron သံဓါတ်
282 mg of phosphorus ဖေ့စ်ဖါးရပ်စ်။
တင်ပြထားတာထဲမှာ ပြင်စရာတွေ့လာရင် ပြင်ပါမယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment