၁။ ကြက်ဟင်းခါသီးရယ် ကင်းမုံသီးရယ်ကို ပုစွန်လေးတွေနဲ့ ဆီမပါ ပဲ အရည်စပ်စပ်လေးနဲ့ ရခိုင်ချက်
ကြက်ဟင်းခါးသီးလို့ ရေးရ။ ကင်းပုံသီးလို့ ရေးရပါသည်။
၂။ Texas မှာ ကင်းမွန်သီး ကြော်စားရသော အခွင့်အရေး
ကင်းပုံသီးလို့ ရေးရ။
၃။ ဒီနှစ် ခုမှ စသီး တဲ့ ကင်းဗုံ
ကင်းပုံသီးလို့ ရေးရ။
၄။ ကင်းမုန်သီး + မျှစ် + ခရမ်းကဆော့သီး
ကင်းပုံသီးလို့ ရေးရ။ ကစော့သီး (ကဆော့သီး) မူကွဲရှိ။
၅။ ကင်းမှုံချဉ် (စင်ကာပူမှ မြန်မာ အစားအစာများ Singapore Myanmar Foods & Dishes)
ကင်းပုံသီးလို့ ရေးရ။
၆။ ကင်းမုန်သီးတောချက်
ကင်းပုံသီးလို့ ရေးရ။
Cuttlefish ကင်းမွန်နဲ့ မတူပါ။
Tindora ကင်းပုံသီးအချို နဲ့ အခါး ၂ မျိုးရှိတယ်။ အခါးက ပိုကောင်းတယ်။ အရွက်လည်း စားကောင်းတယ်။
မြန်မာအဘိဓာန် အကျဉ်းချုပ် (၁၉၇၈) အရ
ကင်းပုံ လို့ရေးပြီး ကင်းဗုန် / ကင့်ဗုန် လို့ အသံထွက်ရသည်။
ကင့်ပုံ လို့လည်း မူကွဲရေးနိုင်သည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment