Skip to main content

ဆောင်းရတုပွဲ



(ကိုရင်ဂျမ်း / တင်မိုး)

“ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး” ခြင်းသည် မိုးရာသီ၏ မရဏာသန္န ဇောကျခြင်းပင် ဖြစ်တော့သည်။ သို့နှင့်အမျှ ဟေမန္တဆောင်းနယ်သို့ ဝိညာဉ်တွယ်လေပြီဟု ဆိုနိုင်ပေသည်။ မိုးအနှောင်း ဆောင်းအဝင် ရာသီသင်သည် လောကဇာတ်ခုံပေါ်တွင် တင်ဆက် ကပြခဲ့ချေပြီ။

“နှင်းဆိုင်းတလိုက် မိုးတပြိုက်” နှင့် မိုက်မလင်းနိုင်ရှာသော ရှုခင်းကို ဦးစွာ မြင်တွေ့ရသည်။ ရွက်ကော့ရွက်ဝန်း၊ ရွက်ချွန်း ရွက်သေးများအပေါ်တွင် နှင်းပွင့်ကလေးများသည် တင့်တယ်စွာ စံမြန်းလျက်ရှိကြသည်။ ပုလဲရတနာ၊ ရွဲတလုံးပမာ ရတနာမျက်စိ ခင်းကျင်းထားကြသည်။ ဆောင်းဟေမန်၏ ဘဏ္ဍာတော်များဟု ဆိုသော် ငြင်းပယ်မမြင်ပါချေ။

တိမ်ခိုးဆွတ်ချွေ၊ ဆီးနှင်းဝေခဲ့ပြီ။ မြောက်လေပက်ဖျန်း မိုးသာလည်းဆန်းခဲ့ပြီ။ သြကာသလောကသည် မတည်မငြိမ် ဣန္ဒြေမရ ရှိလေစွ...။ မိုးအခါတွင် ‘နယ်ရှစ်ခွင်ပြာညို့၊ ရွာမသို့လျှပ်ခြည်နှင့် ရပ်ထည်ရာမရခဲ့။ နွေဂိမှာန်သာရတုတွင်လည်း ‘ရုစ်တိုင်းဘုံ၊ ရစ်ဝိုင်းအုံ  မြူတွေထန်’ ခဲ့ပြန်သည်။ 

ကျွန်ုပ်သည်လျှင် “အိုဘဲ့ မိုးသောင်းကင်... အသင်သည် မြဲတခါ ပြုတလှည့်နှင့် ဆာတကျယ် ပွေလီလွန်းပေစွ...၊ တနေ့ရွှေ၊ တနေ့ငွေ ဖန်ဆင်းနိုင်ပေစွ” ဟု အပြစ်တင်ချင် သယောင်ယောင် ရှိတော့သည်။

 (စာမျက်နှာ ၃၅)

ယခုလည်း မိုးကောင်းကင်သည် ပလီဆန်းကျယ် ပန်းမောဖွယ် ဖန်ပြန်လေပြီ။ ဆီးနှင်းပုလဲပွင့်တို့ကလည်း ဝန်းကျင်တခုလုံး မှိုင်းမှုန်စေသည်။ မြေတလင်းထက်သို့ပင် ငွေနှင်းဆက်တို့ ကြွေဝင်းသက်ခဲ့ကြသည်။ ဆီးနှင်းမှုန်မှုန်ဝိုင်းအုံ နေသဖြင့် တောရိပ် တောင်ရိပ်မျှ မမြင်သာပါချေ။

သို့ဖြစ်၍၊ ဦးယာက ဆောင်းဘုံ အချင်းတပုဒ်တွင် ဤသို့ သရုပ်ဖော်ခဲ့ခြင်း ဖြစ်ပေသည်။

“ဆီးနှင်းငယ်မှုန်မှုန်၊ တောင်ခိုးရေငွေ့၊ 

လေချိုငယ်ဝေံလို့၊ မွေ့မွေ့ငယ်သုန်သည် ရဂုံရိပ်က တမှိုင်းမှိုး...”

ရံခါတွင် နှင်းငွေပွင့်ကလေးတို့မှာ ကချေသည်များသဖွယ် မူရာတော်နွဲ့နှောင်းနှင့် ပျောင်းပျောင်းညက်ညက် ကကွက်ဆင်းကြသည်။ ထိုအခါတွင် သဘာဝကို မြတ်နိုးသော သူတို့သည် ကြည်နူးဝမ်းသာကြသည်။ ဆောင်းသတင်၏ ကချေသည်များကို အပြိုင်ပန်းနှင့် လက်ကမ်း ကြိုဆိုကြသည်။

“နေလည်းချမ်းမြ၊ လလည်းနှင်းရီ၊ ပိပိမထွန်း” နိုင်သော ဆောင်းဟေမန်သည် မှိုင်းပျမလင်းသော ရှုခင်းကို ပြသပြန်သည်။ လူသားအားလုံး စိတ်နှလုံးနွမ်းနယ်ကြရသည်။ ဟေမန္တ ကဝေ၏ ပြုစားချက်ကို ခံယူကြရသည်။ အပြုစားခံသူတို့တွင် ကောင်းတုံ မင်းကြီးကတော် ခင်ဆုံလည်း ပါခဲ့ရှာသည်။

“ကြာခြည်လေပြည်သွဲ့တော့၊ 

ကြွေမည်မဲ့ပုံသွင်၊ 

ခင်ခင်လေး မြရင်မှာ၊ 

စတင်ကာ စိမ့်အေး။   ။ 

တိမ်လွှာညွှန့်ရထည်း၊ ခြုံတယ်၊ 

သည်ပုု့နေးွဘို့အဝေး။   ၊၊”

(စာမျက်နှာ ၃၆)

ဟေမန်၏ညှဉ်းဆဲကလူမှုကိုမခံသာ၊ ညည်းရရှာပါပေတော့သည်။ “ဖူးစာရှင့် ခင်မေ့မောင်ကို၊ ရင်ငွေ့ရောင် လှုံစမ်းချင်” ကြောင်း တမ်းတရရှာပါပေတော့သည်။ မချမ်းဘယ်သူ နေတတ်သကဲ့သို့၊ မတမ်းဘယ်သူ နေတတ်ပါတော့အံ့နည်း။

ဤမျှနှိပ်စက်ကလူပြုမူရာချေလောဟု ရံခါတွင် ဒေါမနဿပွားမိ၏။ ဆောင်း၏ဒဏ်ကို အံ့ကြိတ်၍ ခံမိ၏။ သို့သော်လည်း၊ အချည်းနှီးသာတည်း၊ ကျွန်ုပ်သည်ဟေမန်ကို သွေလှန်နိုင်သော စွမ်းအား မရှိပါချေတကား...။

“ခန်းဆောင်ရွှေ ရစေတွင်းမှာလ၊ 

ချမ်းပေါင်းလေ တဖေတင်းသော်လဲ၊ 

ဖြေယင်းရယ်တဲ့ ခိုက်ခိုက်တုန်” ဟု အချုပ်တန်းဆရာဖေ ဟည်းချသကဲ့သို့သာ ကြုံရတော့သည်။ တကိုယ်လုံး အအေးဒဏ်တို့က ကိုက်ခဲလျက်သာရှိသဖြင့်၊ မျက်တောင်တခတ် လျှပ်တပြက်မျှ အိပ်စက်၍မပျော်ပါနိုင်။ “ချမ်းပုံမှာ ကမ်းကုန်ရစ်တိုမို့၊ မုန်းတုန်အော င်လမ်းဆုံးကသာ ဟစ်လိုက်ချင်” တော့သည်။

“ကတ္တီပါပုံနှိပ်၊ ခြုံစောင်းတော် ရွှေမြိတ်နှင့်” မိတ်ဖွဲနိုင်သူတို့မှာကား မတောင်းတာလှ၊ သူဆင်းရဲတို့မှာမူ ဆောင်း၏ဒဏ်ကို အလူးအလဲမျှ ခံစားကြရရှာ၏။ မီးလင်းဖို နှံဘေးတွင် ကွေး၍ အိပ်ကြရရှာသည်။ ခေါက်ချိုးစောင်းကလေး၊ လှာချင်းစောင်းကလေးများနှင့် တင်းတိမ်တို့ကိုလည်း တတ်နိုင်သမျှ အအေးဒဏ်မှ ကာကွယ်ပေးကြပါရန် စစ်ကူခေါ်ရသေး၏။

“မပူပေါင် နောက်ဆီကချမ်းရေးတင့်၊ 

အဖြူစောင် ခေါက်ထည်ကြမ်းကိုလ၊ 

လွှမ်းတယ်လို့ လွှားကာခြုံ” ကြရရှာသည်။

(စာမျက်နှာ ၃၇)

ဆောင်းသည် သူဆင်းရဲတို့အဖို့၊ သွေးစုတ် ဖုတ်ကောင်ထက်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။

စိတ်ကူးယဉ်နိုင်သူတို့မှာမူ၊ ဆောင်းသည် အဖော်ကောင်း ဖြစ်ပြန်သည်။ လေပြန်အလောင်း ဟေမန်းဆောင်းမှာ အုံးသဉ္စာထက်တွင် ပြုံးရွှင်စွာစက်ရမည့်အရေး တွေးနိုင်ပေးသေးသည်။ “ပူသူများ ပူစရာ့မယ်လေလေ့ ...မေ့ရက်ကယ် နေနိုင်တယ်” ဟုလည်း ညည်းတွားနိုင်ပေးသေးသည်။ ချစ်ခွင့်မကြုံ လှမ်းမဆုံနိုင်သေးသူတို့ကို ဆောင်းသည် အလွမ်းပေါ်တွင် အမျှစ်ဆောင့်စေခဲ့ပေးသည်။

“ပန်းရင်ဝတ်စ၊ အသာမလို့၊ 

ညခြုံလွှာကို၊ ထည်တရာ မယ်ထပ်လို့၊ 

လုံတတ်နိုင်ဘူး” ဟူ၍လည်း ဗျာပါကြီး၍ ပူမီးတောက်စေနိုင်သော ဆောင်းလပင်ဖြစ်ပေသည်။

ဟေမန္တနန်းတော်တခွင်ဝယ် ပန်းသော်မော် သဘင်လည်း ဆင်ယင်ကြပေးသေးသည်။ ဆောင်း၏ အလှပန်းချီကားဟုပင် ဆိုနိုင်ပေသည်။ တန်ဆောင်မုန်းလအဝင်တွင် ခဲပန်းတို့သည် ဆောင်းအဖူးပွင့် ပန်းအဖြစ် ပွင့်လန်းခဲ့ကြသည်။

“နေရောင်မခံ၊ ပန်းပျံပင်ဆင့်၊ 

မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ၊ 

မိုးမခ” (ဦးတိုး) သော ပန်းများသခင်၊ တော်ဝင်ရွှေနန်း၊ ပန်းတော်ပန်းဖြစ်သည့် ရွှေသဇင်သည် ဆောင်းစက်ရိပ်ခို၍ ပွင့်ရသော ပန်းပင်ဖြစ်ပေသည်။

“ဖြူထွားဝတ်ဆံ၊ ဖူးခွံနီလာ၊ ထုတ်ထုတ်ပြသား၊ မြညှာနွယ်ပန်း၊ ပွင့်ထူးဆန်း” (သျှင်အုန်းညို) ဖြစ်သော ခွါညိုပန်းမှာ

(စာမျက်နှာ ၃၈)

လည်း ဆောင်းပန်းမာလာအဖြစ် ပါဝင်၍ အလှပြခဲ့ပြန်သည်။ ငါးစီးရှင်ကလည်း “နွယ်ပန်း-ပန်းခွါညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်” ဟု သူ၏ ကာချင်းတွင် ထောက်ခံဖော်ပြခဲ့ပေးသေးသည်။

ဆောင်းသည် ရှုခင်းဆန်းကြယ်ပါဘိ၏။ နှင်းပုလဲက တဖုံဆန်း၊ ရဂုံတန်းကတန်းမျိုးမှုန်၏၊ ပန်းသတင်က အဆင်ဆန်း၊ ဘဝင်ချမ်းနိုင်သည့်ရာသီပါပေ...။

ဆောင်း၏နောက်ခံပန်းချီကားများသည် အရောင်အမျိုးမျိုး ပြောင်းလဲခဲ့၏။ “ဖုံးတုန်းလုံးတုန်း” ရှိသော စပါးကောက်ပင်တို့ စိမ်းလန်းရှင်ရာမှ ရွှေရောင်ဝင်းအိ ရင့်မှည့်သော အသွင်ဆောင်ခဲ့၏။ ထို့နောက် “မှုန်ပြာငယ်ရီ၍ ကုံရာသီ” ရောက်သောအခါတွင်မူ ရိုးပြတ် လယ်တောကြီးသာလျှင် အဆင်တန်းဆာ ဖြစ်တော့မည်။

“လ-လနတ်တော်၊ မုံ့ဆန်းလှော်” ကလေးသူငယ်များ ဆိုသကဲ့သို့၊ မုံ့ဆန်းလုပ်၍လည်း တပျော်တပါး ဝိုင်းဖွဲ့၍ စားသောက်ခဲ့ကြသည်။

ဆောင်းရာသီတွင် ပွဲလမ်းသတင်ကလည်း တခြိမ့်ခြိမ့်ပင်တည်း။ အထူးသဖြင့် ကထိန်ပွဲတော်ကား စည်းကားသိုက်မြိုက်လှသည်။ ကောက်ပဲသီးနှံ ရိတ်သိမ်းချိန်ဖြစ်၍ ငွေစသပြာ လှိုင်လှိုင်ကြီး ပေါ်ကြသည်။ သို့ဖြစ်၍၊ ဆောင်းရာသီသည် အေးမှုကို အပြစ်ဆိုကြလင့်ကစား အပြစ်မဟူသာ။

သာယာမှုတွင် တုနှိုင်းမမြင် ဖြစ်ချေသည်။ မသာယာဘဲ ရှိပါအံ့နည်း။

“ကမ္ဘာတွင် ဗြဟ္မာတို့ပြုခဲ့တယ် 

ဆောင်းရတုပွဲ မဟုတ်တုံလော။   ၊၊”

(စာမျက်နှာ ၃၉)

ဤအစမ်းစာကိုမှီ၍ –

မိုးနှောင်းဆောင်းဝင်

ဆီးနှင်းပြိုက်ကျ....ချမ်းဆောင်း

လေပြန်လောင်းသည့် ဟေမန္တဆောင်း

ငွေနှင်းမှုန်မှုန်

မှိုင်းမှုန်ပြာဝေ, လွမ်းမိုးခွေ

စသည်....စသည်....ရေးနိုင်သည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ